ထို့နောက် ရှမွေလသည် ထ၍ ဂိလဂါလမြို့မှ ဗင်္ယာမိန်နယ်၊ ဂိဗာမြို့သို့ တက်သွား၏။ ရှောလုမင်းကြီးသည် မိမိ၌ရှိသောလူတို့ကိုရေတွက်ကြည့်ရာ လူအယောက်ခြောက်ရာခန့်ရှိ၏။
ရှမွေလသည်ဂိလဂါလမြို့မှထွက်ခွာ၍ ဆက်လက်ခရီးပြုလေသည်။ ကျန်ရစ်သူတို့ သည်ရှောလုနှင့်အတူသူ၏စစ်သည်တော်များ ရှိရာသို့လိုက်သွားကြ၏။ သူတို့သည်ဂိလ ဂါလမြို့မှဗင်္ယာမိန်နယ်၊ ဂိဗာမြို့သို့သွား ကြ၏။ ရှောလုသည်မိမိ၏တပ်သားအရေ အတွက်ကိုစစ်ဆေးရာခြောက်ရာခန့်တွေ့ ရှိလေသည်။-
ဂိ လ ဂါ လ မြို့ မှ ဗင်္ယာ မိန် နယ်၊ ဂိ ဗာ မြို့ သို့ ထ သွား လေ ၏။ ရှော လု မင်း လည်း၊ ကျန် ရစ် သော ရဲ မက် ခြောက် ရာ ခန့် ကို ကြည့် ရှု စစ် ဆေး ပြီး လျှင်
ထ၍ ဂိလဂါလမြို့မှ ဗင်္ယာမိန်ခရိုင်၊ ဂိဗာမြို့သို့ သွား၏။ ရှောလုသည် မိမိ၌ရှိသောလူတို့ကိုရေတွက်၍ ခြောက်ရာခန့်မျှ ရှိ၏။
အစ္စရေးလူမျိုးထဲမှ လူအယောက်သုံးထောင်ကို ရွေးချယ်၏။ လူနှစ်ထောင်သည် ရှောလုမင်းကြီးနှင့်အတူ မိတ်မတ်မြို့နှင့် ဗေသလတောင်ပေါ်ဒေသတို့တွင် နေရပြီး ကျန်လူတစ်ထောင်သည် ယောနသန်နှင့်အတူ ဗင်္ယာမိန်နယ်၊ ဂိဗာမြို့တွင် နေရ၏။ ကျန်လူတို့ကိုမူကား မိမိတို့တဲသို့ အသီးသီးပြန်သွားစေ၏။
ရှောလုမင်းကြီးသည် ဂိဗာမြို့စွန်၊ မိဂရုန်အရပ်ရှိသလဲပင်အောက်တွင် စခန်းချနေ၏။ သူနှင့်အတူ စစ်သည်အယောက်ခြောက်ရာခန့်ရှိ၏။
ရှမွေလသည် နံနက်စောစောထ၍ ရှောလုမင်းကြီးကို သွားတွေ့၏။ သို့သော် တစ်စုံတစ်ယောက်က ရှမွေလအား “ရှောလုမင်းကြီးသည် ကရမေလမြို့သို့သွား၍ မိမိအဖို့ ဂုဏ်ပြုကျောက်တိုင်ကိုစိုက်ထူပြီး လှည့်လည်သွားလာကာ ဂိလဂါလမြို့ဘက်သို့ ဆင်းသွားပြီ”ဟု ကြားပြောလေ၏။