“ကိုယ်တော်ပြုတော်မူသောအမှုတို့သည် အံ့ဩဖွယ်ကောင်းလှပါ၏။ ကိုယ်တော်၏အစွမ်းသတ္တိကြီးမားမှုကြောင့် ကိုယ်တော်၏ရန်သူတို့သည် ကိုယ်တော်၏ရှေ့၌ ခယဝပ်တွားကြပါလိမ့်မည်။
၁ ရာ 13:12 - မြန်မာ့စံမီသမ္မာကျမ်း ‘ထာဝရဘုရားရှေ့တော်၌ ငါမျက်နှာမရသေး။ ဖိလိတ္တိလူမျိုးတို့သည်လည်း ငါရှိရာ ဂိလဂါလမြို့ကို လာတိုက်တော့မည်’ဟု တွေးပြီး အရဲစွန့်၍ မီးရှို့ရာယဇ်ကိုပူဇော်မိခဲ့ပါပြီ”ဟု ဆိုလေ၏။ Common Language Bible သို့ဖြစ်၍သူတို့သည်အကျွန်ုပ်ရှိရာဂိလ ဂါလမြို့သို့ ချီတက်တိုက်ခိုက်ကြလိမ့်မည် ဟူ၍လည်းကောင်း၊ အကျွန်ုပ်သည်လည်းထာ ဝရဘုရား၏ထံတော်၌ အသနားမခံ ရသေးဟူ၍လည်းကောင်းအကျွန်ုပ်တွေးတော မိပါ၏။ ထို့ကြောင့်ယဇ်ကိုမပူဇော်လျှင် မဖြစ်တော့သဖြင့်ပူဇော်ရခြင်းဖြစ်ပါ သည်'' ဟုလျှောက်၏။ Garrad Bible အ ကျွန်ုပ် သည် ထာ ဝ ရ ဘု ရား မျက် မှောက် တော်၌ အ သ နား တော် မ ခံ ရ မီ ဖိ လိ တ္တိ တပ် ချီ လာ မည် ဟု စိုး ရိမ် သည့် အ တွက် ကိုယ် ကို တိုက် တွန်း၍ မီး ရှို့ ရာ သ က္ကာ ကို ပူ ဇော် ရ ပါ ပြီ ဟု ပြန် လျှောက် ရာ Judson Bible ဖိလိတ္တိလူတို့သည် ငါရှိရာ ဂိလဂါလမြို့သို့ စစ်ချီကြလိမ့်မည်။ ထာဝရဘုရားကို ငါမတောင်းပန်သေးဟု အကျွန်ုပ်အောက်မေ့သဖြင့်၊ ကိုယ်ကိုအနိုင်ပြု၍ မီးရှို့ရာယဇ်ကို ပူဇော်မိပြီဟု ပြန်ပြော၏။ |
“ကိုယ်တော်ပြုတော်မူသောအမှုတို့သည် အံ့ဩဖွယ်ကောင်းလှပါ၏။ ကိုယ်တော်၏အစွမ်းသတ္တိကြီးမားမှုကြောင့် ကိုယ်တော်၏ရန်သူတို့သည် ကိုယ်တော်၏ရှေ့၌ ခယဝပ်တွားကြပါလိမ့်မည်။
သင်တို့က “လဆန်းပွဲနေ့ မည်သည့်အချိန်ပြီးမည်နည်း၊ ငါတို့ စားနပ်ရိက္ခာရောင်းလိုလှပြီ။ ဥပုသ်နေ့ မည်သည့်အချိန်ပြီးမည်နည်း၊ ဂျုံစပါးဈေး ဖွင့်လိုလှပြီ။ ဧဖာတောင်းငယ်၊ ရှယ်ကယ်အလေးကြီးနှင့် ချိန်ခွင်လျှာကို ကိုယ့်ဘက်သာအောင် လုပ်ကြမည်။
လူတစ်ဦးစီသည် နှမြောသောစိတ်ဖြင့်မဟုတ်။ မလွှဲမရှောင်သာသောအားဖြင့်လည်းမဟုတ်ဘဲ မိမိ၏စိတ်ထဲ၌ ဆုံးဖြတ်ထားသည့်အတိုင်း ပေးလှူသင့်၏။ အကြောင်းမူကား ဘုရားသခင်သည် ကြည်ဖြူသောစိတ်ဖြင့်ပေးလှူသောသူကို နှစ်သက်တော်မူ၏။
ရှမွေလကလည်း သူ့အား “သင်မည်သို့ပြုဘိသနည်း”ဟု မေးလျှင် ရှောလုမင်းကြီးက “လူတို့သည် အကျွန်ုပ်ထံမှ ထွက်သွားကြပြီ။ အရှင်လည်း ချိန်းချက်ထားသောအချိန်တွင် ရောက်မလာ။ ဖိလိတ္တိလူမျိုးတို့သည်လည်း မိတ်မတ်မြို့၌စုဝေးနေကြသည်ကို မြင်တွေ့ရသောအခါ
ထိုအခါ ရှမွေလက ရှောလုမင်းကြီးအား “သင်၏ဘုရားသခင်ထာဝရဘုရား သင့်အားမိန့်မှာထားသောပညတ်တော်တို့ကို မစောင့်ထိန်းဘဲ မိုက်မဲစွာပြုမိလေပြီတကား။ စောင့်ထိန်းခဲ့လျှင် အစ္စရေးနိုင်ငံအား အစဉ်အုပ်စိုးရသောအခွင့်ကို သင့်အား ထာဝရဘုရားပေးတော်မူမည်သာဖြစ်၏။
ရှမွေလသည် နံနက်စောစောထ၍ ရှောလုမင်းကြီးကို သွားတွေ့၏။ သို့သော် တစ်စုံတစ်ယောက်က ရှမွေလအား “ရှောလုမင်းကြီးသည် ကရမေလမြို့သို့သွား၍ မိမိအဖို့ ဂုဏ်ပြုကျောက်တိုင်ကိုစိုက်ထူပြီး လှည့်လည်သွားလာကာ ဂိလဂါလမြို့ဘက်သို့ ဆင်းသွားပြီ”ဟု ကြားပြောလေ၏။
ရှမွေလကလည်း “ထာဝရဘုရား၏စကားတော်ကို နာခံခြင်းထက် မီးရှို့ရာယဇ်ပူဇော်ခြင်းကို ထာဝရဘုရား ပို၍နှစ်သက်တော်မူမည်လော။ ကြည့်ရှုလော့။ နာခံခြင်းသည် ယဇ်ပူဇော်ခြင်းထက် ပို၍ကောင်း၏။ အာရုံစိုက်နားထောင်ခြင်းသည် သိုးထီးအဆီထက် ပို၍ကောင်း၏။
ထိုနေ့၌ ရှောလု၏အစေအပါးတစ်ဦးသည် ထိုနေရာတွင်ရှိနေ၍ ထာဝရဘုရားရှေ့တော်၌ ထိန်းချုပ်ထားခြင်းခံနေရ၏။ ထိုသူမှာ ရှောလု၏သိုးထိန်းအုပ် ဧဒုံပြည်သား ဒေါဂဖြစ်၏။