ထို့နောက် သူတို့သည် ခရီးပြုကြ၏။ ဘုရားသခင်ကိုကြောက်ရွံ့ထိတ်လန့်ခြင်းသည် သူတို့ပတ်လည်၌ရှိသောမြို့များအပေါ်သို့ ကျရောက်သဖြင့် ထိုမြို့သားတို့သည် ယာကုပ်၏သားတို့ကို မလိုက်ဝံ့ကြချေ။
၁ ရာ 11:7 - မြန်မာ့စံမီသမ္မာကျမ်း နွားတစ်ရှဉ်းကိုယူ၍ အပိုင်းပိုင်းခုတ်ဖြတ်ပြီးမှ ထိုတမန်တို့၏လက်ဖြင့်ပင် အစ္စရေးနယ်ပယ်တစ်လျှောက်လုံးသို့ ပေးပို့ကာ “ရှောလုနှင့် ရှမွေလနောက်သို့မလိုက်သောသူတို့၏နွားများကို ဤကဲ့သို့ပြုမည်”ဟု မှာလိုက်၏။ ထိုအခါ ထာဝရဘုရားကိုကြောက်ရွံ့စိတ်ဝင်ကြသဖြင့် လူတို့သည် တညီတညွတ်တည်း ထွက်လာကြ၏။ Common Language Bible နွားနှစ်ကောင်ကိုယူ၍အပိုင်းပိုင်းခုတ်ဖြတ် လျက် စေတမန်တို့အားဣသရေလပြည် တစ်လျှောက်လုံးသို့ယူဆောင်သွားစေပြီး လျှင်``စစ်ပွဲဝင်ရန်ရှောလုနှင့်ရှမွေလတို့ နောက်သို့မလိုက်သူမှန်သမျှ၏နွားများ သည် ဤနည်းအတိုင်းခုတ်ဖြတ်ခြင်းကို ခံရကြလိမ့်မည်'' ဟုသတိပေးစေ၏။ ဣသရေလအမျိုးသားတို့သည်ထာဝရ ဘုရားကိုကြောက်သဖြင့် တညီတညွတ် တည်းထွက်လာကြ၏။- Garrad Bible နွား တစ် ရှဉ်း ကို အ ပိုင်း ပိုင်း ဖြတ် ပြီး လျှင် ရှော လု နှင့် ရှ မွေ လ နောက်၌ မ လိုက် မ ချီ သူ တို့ နွား များ ကို ထို သို့ စီ ရင် မည် ဟု ကြော် ငြာ စေ သူ တ မန် တို့ လက် ဖြင့် ဣ သ ရေ လ တစ် နိုင် ငံ လုံး သို့ ပို့ လိုက် သည် နှင့် ထာ ဝ ရ ဘု ရား ထံ မှ ဖြစ် ပွား သော ထိတ် လန့် ခြင်း သည် ပြည် သူ ပြည် သား တို့ အ ပေါ် သို့ သက် ရောက် သည့် အ လျောက် တစ် သ ဘော တည်း လိုက် ချီ ကြ ရာ Judson Bible နွားတစ်ရှဉ်းကိုယူ၍ ခုတ်ဖြတ်ပြီးမှ၊ သံတမန်တို့လက်တွင် ဣသရေလပြည် တစ်လျှောက်လုံးသို့ ပေးလိုက်၍၊ ရှောလုနှင့် ရှမွေလနောက်သို့ ထွက်၍မလိုက်သောသူ၏နွားတို့ကို ဤကဲ့သို့ပြုမည်ဟုကြော်ငြာစေသဖြင့်၊ လူတို့သည် ထာဝရဘုရားကို ကြောက်၍ တညီတညွတ်တည်း ထွက်လာကြ၏။ |
ထို့နောက် သူတို့သည် ခရီးပြုကြ၏။ ဘုရားသခင်ကိုကြောက်ရွံ့ထိတ်လန့်ခြင်းသည် သူတို့ပတ်လည်၌ရှိသောမြို့များအပေါ်သို့ ကျရောက်သဖြင့် ထိုမြို့သားတို့သည် ယာကုပ်၏သားတို့ကို မလိုက်ဝံ့ကြချေ။
ဂေရာမြို့နှင့် အနီးဝန်းကျင်ရှိမြို့များမှ လူတို့သည် ထာဝရဘုရားကို အလွန်ကြောက်ရွံ့ကြသဖြင့် ယုဒလူမျိုးတို့သည် ထိုမြို့အားလုံးကို ဖျက်ဆီးနိုင်ခဲ့၏။ မြို့အားလုံးတို့ကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့၍ တိုက်ရာပါပစ္စည်းအမြောက်အမြားကိုလည်း သိမ်းယူနိုင်ခဲ့၏။
ယုဒပြည်ဝန်းကျင်ရှိတိုင်းနိုင်ငံရှိသမျှတို့သည် ထာဝရဘုရားကို ကြောက်ရွံ့ကြသောကြောင့် ယောရှဖတ်မင်းကြီးကို စစ်မတိုက်ဝံ့ကြချေ။
ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် မတရားမှုကိုမပြု၊ မျက်နှာလိုက်ခြင်းမရှိ၊ တံစိုးလက်ဆောင်မခံယူ။ ထို့ကြောင့် ထာဝရဘုရားကို ကြောက်ရွံ့ပြီး သတိနှင့်လုပ်ဆောင်ကြပါလော့”ဟု မှာကြား၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် သန့်ရှင်းသည်ဟု သိမှတ်ရမည်။ ကိုယ်တော်သည်သာ သင်တို့ကြောက်ရွံ့ရာ၊ သင်တို့ထိတ်လန့်ရာ ဖြစ်တော်မူ၏။
သူသည် အိမ်သို့ရောက်သောအခါ ဓားကိုယူ၍မယားငယ်ကိုကိုင်ကာ ကိုယ်အင်္ဂါအစိတ်အပိုင်းအလိုက် တစ်ဆယ့်နှစ်ပိုင်းပိုင်းပြီး အစ္စရေးနယ်မြေတစ်လျှောက်လုံးသို့ ပို့လိုက်လေ၏။
ဂိလဒ်ပြည်အပါအဝင် ဒန်မြို့မှ ဗေရရှေဘမြို့တိုင်အောင်နေထိုင်သော အစ္စရေးအမျိုးသားအပေါင်း လူအုပ်ကြီးတို့သည် မိဇပါမြို့သို့ရောက်လာ၍ ထာဝရဘုရားရှေ့တော်တွင် တစ်စိတ်တစ်သဘောတည်း စုရုံးကြ၏။