သင်၏သားသမီးအပေါင်းတို့သည် ထာဝရဘုရား၏သွန်သင်တော်မူခြင်းကိုခံရမည်။ သူတို့၌ ငြိမ်သက်ခြင်းအတိရှိမည်။
၁ ရာ 10:12 - မြန်မာ့စံမီသမ္မာကျမ်း ထိုအရပ်သားတစ်ယောက်က “သူတို့၏ဖခင်ကား မည်သူများနည်း”ဟု ဆို၏။ ထိုအကြောင်းကြောင့် “ရှောလုသည်လည်း ပရောဖက်တို့အပါအဝင်ဖြစ်သလော”ဟူသော ဆိုရိုးဖြစ်ပေါ်လာခဲ့၏။ Common Language Bible ထိုအရပ်သားတစ်ဦးက``အခြားပရော ဖက်တို့၏ဖခင်များကားမည်သူတို့နည်း'' ဟုဆို၏။ ဤသို့လျှင်``ရှောလုသည်လည်း ပရောဖက်ဖြစ်လာလေပြီလော'' ဟူသော ဆိုရိုးစကားစတင်ပေါ်ပေါက်လာ သတည်း။- Garrad Bible ထို မြို့ သား တစ် ယောက် က ၎င်း တို့၏ ဘိုး ဘ ကား မည် သူ နည်း ဟု ပြန် လှန် မေး လေ၏။ ထို သို့ သော အ ခြင်း အ ရာ ကို အ စွဲ ပြု၍ ရှော လု လည်း ပ ရော ဖက် တို့ အ ပါ အ ဝင် ဖြစ် ပြီ လော ဟူ၍ ဆို ရိုး စ ကား ဖြစ် သ တည်း။ Judson Bible ထိုအရပ်သား တစ်ယောက်က၊ သူတို့အဘကား အဘယ်သူနည်းဟုဆို၍၊ ရှောလုသည်လည်း ပရောဖက်တို့၌ ပါသလောဟူသောစကားသည် ပုံစကားဖြစ်လေ၏။ |
သင်၏သားသမီးအပေါင်းတို့သည် ထာဝရဘုရား၏သွန်သင်တော်မူခြင်းကိုခံရမည်။ သူတို့၌ ငြိမ်သက်ခြင်းအတိရှိမည်။
ပရောဖက်ကျမ်းများတွင် ‘ထိုသူအပေါင်းတို့သည် ဘုရားသခင်၏သွန်သင်တော်မူခြင်းကို ခံရသောသူများဖြစ်ကြလိမ့်မည်’ဟု ရေးထားသည်ဖြစ်၍ ခမည်းတော်ထံ၌ ကြားနာပြီး နည်းခံသောသူတိုင်းသည် ငါ့ထံသို့လာကြ၏။
ယေရှုကလည်း“ငါ၏သွန်သင်ချက်သည် ငါကိုယ်တိုင်၏သွန်သင်ချက်မဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသောအရှင်၏သွန်သင်ချက်ဖြစ်၏။
ကောင်းမြတ်သောလက်ဆောင်ရှိသမျှနှင့် စုံလင်သောဆုကျေးဇူးရှိသမျှတို့သည် အထက်အရပ်မှလာ၍ အလင်းတို့၏အဖထံတော်မှဆင်းသက်၏။ ထိုအဖထံတော်၌ ပြောင်းလဲခြင်း၊ သို့မဟုတ် ရွေ့လျားတတ်သည့်အရိပ်ဟူ၍မရှိ။
ထို့ကြောင့် သူသည် ရာမမြို့၊ နာယုတ်အရပ်သို့သွား၏။ ဘုရားသခင်၏ဝိညာဉ်တော်သည် သူ့အပေါ်ရောက်လာသဖြင့် သူသည် ပရောဖက်ပြုလျက် ရာမမြို့၊ နာယုတ်အရပ်ရောက်သည်အထိ သွား၏။
သူသည် မင်းဝတ်တန်ဆာများကို ချွတ်၍ ရှမွေလရှေ့တွင် ပရောဖက်ပြုလေ၏။ ထိုနေ့တစ်နေ့လုံး၊ ထိုညတစ်ညလုံး သူသည် အဝတ်အချည်းစည်းဖြင့် လှဲနေ၏။ ထို့ကြောင့် “ရှောလုမင်းကြီးသည်လည်း ပရောဖက် တစ်ပါးပေလော”ဟု ဆိုစမှတ်ရှိလေ၏။