၁ ရာ 1:5 - မြန်မာ့စံမီသမ္မာကျမ်း သူသည် ဟန္နကိုချစ်သောကြောင့် ဝေစုနှစ်ဆခွဲဝေပေး၏။ သို့သော် ထာဝရဘုရားသည် ဟန္နကိုသန္ဓေတည်ခွင့်ပေးတော်မမူ။ Common Language Bible ဟန္နကိုမူအထူးဝေစုပေး၏။ ထာဝရဘုရား သည်ဟန္နအားသားသမီးမွေးဖွားခွင့်ကိုပေး တော်မမူသော်လည်း ဧလကာနသည်ဟန္န အားလွန်စွာချစ်မြတ်နိုးလေသည်။- Garrad Bible သို့ ရာ တွင် ဟ န္န အား သား ရ ခွင့် ကို ထာ ဝ ရ ဘု ရား ပေး တော် မ မူ သော် လည်း ချစ် ခင် လှ သ တည်း။ Judson Bible ဟန္နကိုချစ်သောကြောင့် နှစ်ဆသောအဖို့ကို ပေး၏။ သို့ရာတွင် ထာဝရဘုရားသည် ဟန္နအား သားဖွားသောအခွင့်ကို ပေးတော်မမူ။ |
အာဗြံ၏မယားစာရဲသည် အာဗြံအတွက် သားသမီးမမွေးဖွားပေးနိုင်ချေ။ စာရဲတွင် ဟာဂရအမည်ရှိသော အီဂျစ်လူမျိုးကျွန်မတစ်ယောက်ရှိ၏။
အကြောင်းမှာ အာဗြဟံ၏မယားစာရာကြောင့် ထာဝရဘုရားသည် အဘိမလက်မင်းကြီး၏နန်းတွင်းသူအားလုံးတို့အား သန္ဓေတည်ခွင့်ကို အလျှင်းပေးတော်မမူသောကြောင့်ဖြစ်၏။
ရာခေလသည် ယာကုပ်အတွက် သားမဖွားနိုင်ကြောင်းသိမြင်လျှင် မိမိအစ်မကို မနာလိုဖြစ်လေ၏။ ရာခေလက “အကျွန်ုပ်အား သားသမီးပေးပါ။ သို့မဟုတ်လျှင် အကျွန်ုပ်သေမည်”ဟု ယာကုပ်အားဆို၏။
ယာကုပ်သည် ရာခေလကိုအမျက်ထွက်၍ “သင်၏ဝမ်းထဲ၌ သန္ဓေတည်ခွင့်ပေးတော်မမူသောဘုရားသခင်ကို ငါကိုယ်စားပြုနိုင်သလော”ဟု ဆို၏။
ယောသပ်သည် မိမိစားပွဲမှအစားအစာများကို ညီအစ်ကိုတို့ထံသို့ပေးလိုက်၏။ ဗင်္ယာမိန်ရသောအစားအစာသည် အစ်ကိုအသီးသီးတို့ထက် ငါးဆများ၏။ သူတို့သည် ယောသပ်နှင့်အတူ စားသောက်ပျော်ပါးကြ၏။
သူတို့အားလုံးကို လဲစရာအဝတ်တစ်စုံစီပေး၏။ ဗင်္ယာမိန်ကိုမူကား ငွေစသုံးရာနှင့် လဲစရာအဝတ်ငါးစုံပေး၏။
တစ်စုံတစ်ယောက်၌ မယားနှစ်ယောက်ရှိပြီး တစ်ယောက်ကိုချစ်၍ အခြားတစ်ယောက်ကိုမုန်း၏။ အချစ်ခံရသောမယားနှင့် အချစ်မခံရသောမယားတို့သည် သူ့အတွက် သားများကို မွေးဖွားသောအခါ အမုန်းခံရသောမယား၏သားသည် သားဦးဖြစ်လျှင်