ဖခင်က ယာကုပ်အား ပေးသောကောင်းချီးမင်္ဂလာကြောင့် ဧသောသည် ယာကုပ်ကိုအငြိုးထား၏။ ဧသောက “ငါ့ဖခင်သေဆုံးမည့်နေ့ရက်နီးပြီ။ ထိုအခါ ငါသည် ငါ့ညီယာကုပ်ကိုသတ်မည်”ဟု မိမိစိတ်ထဲ၌ဆိုလေ၏။
၁ ယော 3:15 - မြန်မာ့စံမီသမ္မာကျမ်း မိမိညီအစ်ကိုကိုမုန်းသောသူတိုင်းသည် လူသတ်သမားဖြစ်၏။ မည်သည့်လူသတ်သမား၌မျှ ထာဝရအသက်မတည်ကြောင်းကိုလည်း သင်တို့သိကြ၏။ Common Language Bible မိမိ၏ညီအစ်ကိုကိုမုန်းသောသူသည်သူ သတ်သမားဖြစ်၏။ သူသတ်သမားသည် ထာဝရအသက်ကိုမရကြောင်းသင်တို့ သိကြ၏။- Garrad Bible ညီ အစ် ကို ချင်း မုန်း သူ သည် လူ သတ် ဖြစ်၏။ လူ သတ်၌ ထာ ဝ ရ အ သက် မ တည် သည် ကို သင် တို့ သိ ကြ၏။ Judson Bible မိမိညီအစ်ကိုကို မုန်းသောသူမည်သည်ကား၊ လူအသက်ကို သတ်သောသူဖြစ်၏။ လူအသက်ကို သတ်သောသူ တစ်စုံတစ်ယောက်၌မျှ ထာဝရအသက် မတည်သည်ကို သင်တို့သိကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း မိမိညီအစ်ကိုမောင်နှမကို မုန်းသောသူသည် လူသတ်သမားဖြစ်၏။ မည်သည့်လူသတ်သမားတွင်မျှ ထာဝရအသက်မရှိကြောင်း သင်တို့သိကြ၏။ |
ဖခင်က ယာကုပ်အား ပေးသောကောင်းချီးမင်္ဂလာကြောင့် ဧသောသည် ယာကုပ်ကိုအငြိုးထား၏။ ဧသောက “ငါ့ဖခင်သေဆုံးမည့်နေ့ရက်နီးပြီ။ ထိုအခါ ငါသည် ငါ့ညီယာကုပ်ကိုသတ်မည်”ဟု မိမိစိတ်ထဲ၌ဆိုလေ၏။
သို့သော် သင်တို့အား ငါဆိုသည်ကား အမျိုးသမီးတစ်ယောက်ကို ကိလေသာစိတ်နှင့်ကြည့်သောသူတိုင်းသည် သူ၏စိတ်နှလုံးထဲ၌ ထိုအမျိုးသမီးနှင့်ပြစ်မှားလေပြီ။
ငါပေးမည့်ရေကိုသောက်သောသူမူကား ကာလအစဉ်အဆက် မည်သည့်အခါမျှ ရေငတ်မည်မဟုတ်။ ထိုထက်မက ငါပေးမည့်ရေသည် ထိုသူ၌ ထာဝရအသက်တိုင်အောင် ရေပန်းထွက်ရာ စမ်းရေပေါက်ဖြစ်လိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
သင်တို့သည် သင်တို့၏အဖမာရ်နတ်နှင့်စပ်ဆိုင်ကြပြီး သင်တို့အဖ၏ဆန္ဒအတိုင်းပြုလိုကြ၏။ မာရ်နတ်သည် အစအဦးကပင် လူသတ်သမားဖြစ်၏။ သူ၌သမ္မာတရားမရှိသောကြောင့် သမ္မာတရား၌မရပ်တည်။ သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏အဖလည်းဖြစ်သောကြောင့် လိမ်လည်ပြောဆိုသောအခါ မိမိပင်ကိုစရိုက်အတိုင်းပြောဆို၏။
မိုးလင်းသောအခါ ဂျူးလူမျိုးတို့သည် ပူးပေါင်းကြံစည်လျက် ပေါလုကိုမသတ်ရမချင်း မည်သည့်အရာကိုမျှ မစားမသောက်ရန် ကျိန်ဆိုကြ၏။
သူတို့သည် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့်သက်ကြီးဝါကြီးများထံ ချဉ်းကပ်လျက် “အကျွန်ုပ်တို့သည် ပေါလုကိုမသတ်ရမချင်း မည်သည့်အစာကိုမျှ မမြည်းမစမ်းဟု အလေးအနက်ကျိန်ဆိုထားကြပါသည်။
တစ်စုံတစ်ယောက်သည် မိမိအိမ်နီးချင်းကို မုန်းသောကြောင့် သူ့ကိုချောင်းမြောင်းတိုက်ခိုက်၍ အသေသတ်ပြီး ထိုမြို့တစ်မြို့မြို့သို့ ထွက်ပြေးသွားသော်
ထိုအခါ တပ်မက်ခြင်းသည် သန္ဓေတည်၍ အပြစ်ကိုဖွားမြင်ပြီး အပြစ်သည် ကြီးပြင်းရင့်မာသောအခါ သေခြင်းကိုဖြစ်ပွားစေ၏။
သင်တို့သည် ယိုယွင်းပျက်စီးတတ်သောမျိုးစေ့အားဖြင့်မဟုတ်ဘဲ ယိုယွင်းပျက်စီးခြင်းနှင့်ကင်းသည့်မျိုးစေ့တည်းဟူသော အသက်ရှင်၍ အစဉ်တည်မြဲသည့် ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် အသစ်တစ်ဖန်မွေးဖွားစေခြင်းကိုခံရကြပြီ။
မိမိညီအစ်ကိုကိုမုန်းသောသူမူကား မှောင်မိုက်၌ရှိ၍ မှောင်မိုက်၌အသက်ရှင်လျှောက်လှမ်းနေ၏။ မှောင်မိုက်သည် သူ၏မျက်စိကိုကွယ်စေသဖြင့် သူသည် မိမိမည်သည့်အရပ်သို့သွားနေသည်ကို မသိ။
ငါသည် အလင်း၌ရှိ၏ဟုဆိုလျက် မိမိညီအစ်ကိုကိုမုန်းသောသူသည် ယခုတိုင်အောင် မှောင်မိုက်၌ရှိသေး၏။
သို့သော် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ ရွံရှာဖွယ်ကောင်းသူများ၊ လူသတ်သူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ ပြုစားသောသူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သောသူအပေါင်းတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲ၌ မိမိတို့အဖို့ကိုရကြလိမ့်မည်။ ဤသည်ကား ဒုတိယသေခြင်းဖြစ်၏”ဟု မိန့်တော်မူ၏။