အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၁ ပေ 2:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သင်​တို့​သည် ယခင်​က လူမျိုး​တော်​မ​ဟုတ်​ခဲ့​သော်လည်း ယခု​အခါ ဘုရားသခင်​၏​လူမျိုး​တော်​ဖြစ်​ကြ​ပြီ။ ယခင်​က ကရုဏာ​တော်​ကို​မ​ခံစား​ခဲ့​ရ​သော်လည်း ယခု​အခါ ကရုဏာ​တော်​ကို​ခံစား​ရ​ကြ​ပြီ။

အခန်းကိုကြည့်ပါ။

Common Language Bible

အ​ခါ​တစ်​ပါး​က​ဘု​ရား​သ​ခင်​၏​လူ​စု​တော် မ​ဟုတ်​သူ​သင်​တို့​သည်​ယ​ခု​အ​ခါ​ကိုယ်​တော် ၏​လူ​စု​တော်​ဖြစ်​ကြ​ပြီ။ အ​ခါ​တစ်​ပါး​က သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​က​ရု​ဏာ​တော် ကို​မ​သိ​ရ​ကြ။ ယ​ခု​မှာ​မူ​ကိုယ်​တော်​၏ က​ရု​ဏာ​တော်​ကို​ခံ​စား​ရ​ကြ​လေ​ပြီ။

အခန်းကိုကြည့်ပါ။

Garrad Bible

အ ထက် က လူ မျိုး တော် မ ဟုတ် သော် လည်း ယ ခု ဘု ရား သ ခင့် လူ မျိုး တော် ဖြစ် ကြ၏။ အ ထက် က က ရု ဏာ တော် မ ခံ ရ ဘူး သော် လည်း ယ ခု ခံ ရ ကြ ပြီ။

အခန်းကိုကြည့်ပါ။

Judson Bible

အ​ထက်​က အ​ပေါင်း​အ​သင်း​မ​ဟုတ်၊ ယ​ခု​တွင် ဘု​ရား​သ​ခင်၏ အ​ပေါင်း​အ​သင်း​ဖြစ်​ကြ၏။ က​ရု​ဏာ ကျေး​ဇူး​တော်​ကို အ​ထက်​က​မ​ခံ​ရ​သော်​လည်း ယ​ခု​တွင် ခံ​ရ​ကြ၏။

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

တစ်ချိန်​က သင်တို့​သည် ဘုရားသခင်​၏​လူမျိုး​မဟုတ်​သော်လည်း ယခု သင်တို့​သည် ဘုရားသခင်​၏​လူမျိုး​ဖြစ်ကြပြီ။ တစ်ချိန်​က သင်တို့​သည် ကရုဏာတော်​ကို မခံစားရ​သော်လည်း ယခု​တွင် ကရုဏာတော်​ကို ခံစားကြရပြီ။

အခန်းကိုကြည့်ပါ။



၁ ပေ 2:10
10 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​ကို ကိုယ်တော့်​အဖို့ ထာဝရ​ပိုင်ဆိုင်​ရာ​လူမျိုး​တော်​အဖြစ် တည်​စေ​တော်မူ​ပါ​ပြီ​။ အို ထာဝရဘုရား​၊ ကိုယ်တော်​သည် သူ​တို့​၏​ဘုရားသခင် ဖြစ်​တော်မူ​ပါ​ပြီ​။


သူ့​ကို မြေ​ပေါ်တွင် ကြဲ​မည်​။ ကရုဏာ​မ​ခံစား​ရ​သူ​ကို ကရုဏာ​ပြ​မည်​။ ငါ့​လူ​မ​ဟုတ်​သော​သူ​ကို ‘သင်​သည် ငါ့​လူ​ဖြစ်​သည်’​ဟု ပြော​မည်​။ သူ​က​လည်း ‘ကိုယ်တော်​သည် အကျွန်ုပ်​၏​သခင် ဖြစ်​သည်’​ဟူ၍ ဆို​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။


တစ်ဖန် ငါ​မေး​လို​သည်​မှာ အစ္စရေး​လူမျိုး​တို့​သည် မ​သိ​ကြ​သလော။ ပထမ​ဦးစွာ မောရှေ​က “ငါ​သည် မ​ပြောပလောက်​သော​လူမျိုး​အားဖြင့် သင်​တို့​၌ မနာလို​စိတ်​ဖြစ်ပေါ်​စေ​၍ အသိတရား​ကင်းမဲ့​သော​လူမျိုး​အားဖြင့် သင်​တို့​ကို မခံမရပ်နိုင်​ဖြစ်​စေ​မည်”​ဟု ဆို​၏။


သင်​တို့​သည် တစ်ချိန်က ဘုရားသခင်​ကို​မ​နာခံ​ခဲ့​ကြ​သော်လည်း ယခု​အခါ ထို​သူ​တို့​၏​မ​နာခံ​မှု​ကြောင့် ကရုဏာ​တော်​ကို​ခံစား​ရ​ကြ​သကဲ့သို့


အပျို​ကညာ​တို့​နှင့်​ပတ်သက်၍​မူကား သခင်​ဘုရား​၏​ပညတ်ချက်​ကို ငါ​မ​ရရှိ​ခဲ့​ချေ။ သို့သော် သခင်​ဘုရား​၏​ကရုဏာ​တော်​ကို​ခံစား​ရ​သည့် ယုံကြည်​ထိုက်​သူ​တစ်​ဦး​အနေဖြင့် ငါ​၏​ထင်မြင်​ချက်​ကို​ပေး​ရ​မည်​ဆိုလျှင်


ငါ​သည် ယခင်​က စော်ကား​ပြောဆို​သော​သူ၊ ညှဉ်းဆဲ​သော​သူ၊ မိုက်ရိုင်း​သော​သူ​ဖြစ်​ခဲ့​သော်လည်း ယုံကြည်​ခြင်း​မ​ရှိ​စဉ် မ​သိ​နား​မ​လည်​ဘဲ ထိုသို့​ပြု​ခဲ့​သည်​ဖြစ်၍ ကရုဏာ​တော်​ကို​ခံစား​ရ​၏။


ထို့ကြောင့် ငါ​တို့​သည် ကရုဏာ​တော်​နှင့်​ကျေးဇူး​တော်​တို့​ကို​ခံစား​ရ​လျက် သင့်လျော်​သော​အချိန်​၌ ကူညီမစ​မှု​ကို​ရရှိ​မည့်​အကြောင်း ယုံကြည်​စိတ်ချ​စွာ​ဖြင့် ကျေးဇူး​တော်​ပလ္လင်​သို့ တိုးဝင်​ချဉ်းကပ်​ကြ​ကုန်​စို့။