ထို့ကြောင့် မည်သူ၌မျှ အပြစ်တင်စရာမရှိစေရန် လူတို့အား ဤအရာများကိုညွှန်ကြားလော့။
မုဆိုးမများသည်သူတစ်ပါးတို့အပြစ်တင် ခြင်းနှင့်ကင်းလွတ်ကြစေရန် ဤညွှန်ကြားချက် များကိုသူတို့အားပေးလော့။-
အ ပြစ် တင် ခွင့် မဲ့ ကြ စေ ရန် ထို အ တိုင်း မိန့် မှာ လော့။
ထိုသူတို့ကို အပြစ်တင်ခွင့်နှင့် ကင်းလွတ်စေခြင်းငှာ ဤသို့ ပညတ်ထားလော့။-
ထို့ကြောင့် မည်သူ့ကိုမျှ အပြစ်တင်စရာမရှိစေရန် လူတို့အား ဤအရာများကို ညွှန်ကြားလော့။
ဤသည်ကား ကောက်ကျစ်၍ဖောက်ပြန်လမ်းလွဲသောမျိုးဆက်၏အလယ်တွင် သင်တို့သည် ရိုးသားဖြူစင်လျက် အပြစ်တင်စရာမရှိသောသူများ၊ အပြစ်အနာအဆာကင်းသော ဘုရားသခင်၏သားသမီးများဖြစ်ကြပြီး အသက်နှင့်ဆိုင်သောနှုတ်ကပတ်တော်ကိုစွဲကိုင်ထားလျက် ဤလောက၌ရှိသောအလင်းရောင်များကဲ့သို့ သူတို့အထဲတွင် ထွန်းလင်းကြမည့်အကြောင်းတည်း။
မာကေဒေါနိပြည်သို့သွားစဉ်က သင့်ကို ငါတိုက်တွန်းနှိုးဆော်ခဲ့သည့်အတိုင်း သင်သည် ဧဖက်မြို့၌နေရစ်၍ လူအချို့တို့အား ခြားနားသောဩဝါဒကို မသွန်သင်ကြရန်လည်းကောင်း၊
ဤအရာတို့ကို ညွှန်ကြားလျက် သွန်သင်လော့။
ဤလောက၌ ချမ်းသာသောသူတို့သည် စိတ်နေမြင့်ခြင်း၊ မမြဲသောစည်းစိမ်များအပေါ်၌ မျှော်လင့်အားထားခြင်းမရှိဘဲ ပျော်ရွှင်မှုအတွက် အလုံးစုံတို့ကို ငါတို့အား ကြွယ်ဝစွာပေးသနားတော်မူသော ဘုရားသခင်အပေါ်၌ မျှော်လင့်အားထားကြရန်လည်းကောင်း၊
ငါသည် ဘုရားသခင်၏ရှေ့တော်၌လည်းကောင်း၊ အသက်ရှင်သောသူတို့နှင့်သေသောသူတို့ကိုစီရင်တော်မူမည့် ခရစ်တော်ယေရှု၏ရှေ့တော်၌လည်းကောင်း ကိုယ်တော်၏ပေါ်ထွန်းတော်မူခြင်းနှင့် ကိုယ်တော်၏နိုင်ငံတော်ကိုအကြောင်းပြု၍ သင့်အား အလေးအနက်တိုက်တွန်းသည်ကား
ဤသက်သေခံချက်သည်မှန်ပေ၏။ ထို့ကြောင့် ဂျူးလူမျိုးတို့၏ဒဏ္ဍာရီများနှင့် သမ္မာတရားကိုစွန့်ပယ်သောသူတို့၏ပညတ်ချက်များအပေါ် အာရုံမစိုက်ဘဲ ယုံကြည်ခြင်းအရာ၌ မှန်ကန်ပြည့်စုံမှုရှိကြရန် သူတို့ကို ပြင်းထန်စွာဆိုဆုံးမလော့။
သင်သည် ဤအရာများကို အမိန့်အာဏာအပြည့်အဝဖြင့်ဟောပြောလျက် တိုက်တွန်းနှိုးဆော်ကာ အပြစ်ကိုဖော်ပြလော့။ မည်သူမျှ သင့်ကို မထီမဲ့မြင်မပြုစေနှင့်။