လူ၏စိတ်နှလုံးကိုဝမ်းမြောက်စေသော စပျစ်ဝိုင်ကိုလည်းကောင်း၊ မျက်နှာကိုဝင်းပြောင်စေသောဆီကိုလည်းကောင်း၊ လူ၏စိတ်နှလုံးကိုလန်းဆန်းစေသော အစားအစာကိုလည်းကောင်း ဖြစ်ပေါ်စေတော်မူ၏။
၁ တိ 5:23 - မြန်မာ့စံမီသမ္မာကျမ်း သင်၏အစာအိမ်နှင့် သင်၌မကြာခဏဖြစ်သော နာမကျန်းဖြစ်ခြင်းတို့အတွက် ရေကိုသာမသောက်တော့ဘဲ အနည်းငယ်သောစပျစ်ဝိုင်ကိုလည်း သုံးဆောင်လော့။ Common Language Bible သင်သည်မကြာခဏဖျားနာတတ်သည်ဖြစ်၍ ရေကိုသာလျှင်မသောက်ဘဲအစာကြေစေရန် စပျစ်ရည်အနည်းငယ်ကိုသုံးဆောင်လော့။ Garrad Bible နောက် နောင် ရေ ကို သာ မ သောက် ဘဲ သင့် အ စာ အိမ် မှ စ၍ အ ကြိမ် ကြိမ် မ ကျန်း မ မာ ရှိ ရ ခြင်း အ တွက် စ ပျစ် ရည် အ နည်း ငယ် သုံး ဆောင် လော့။ Judson Bible သင်၏ရင်ထဲ၌ အကျိုးဖြစ်စေခြင်းငှာလည်းကောင်း၊ မကြာမကြာခံရသော ရောဂါကြောင့်လည်းကောင်း၊ ယခုမှစ၍ ရေကိုသာ မသောက်ဘဲ၊ စပျစ်ရည်အနည်းငယ်ကို သုံးလော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင့်ကို မကြာခဏ မကျန်းမမာဖြစ်စေသည့် သင်၏အစာအိမ်ရောဂါကြောင့် ရေကိုသာ မသောက်ဘဲ စပျစ်ဝိုင်အနည်းငယ်ကိုလည်း သောက်လော့။ |
လူ၏စိတ်နှလုံးကိုဝမ်းမြောက်စေသော စပျစ်ဝိုင်ကိုလည်းကောင်း၊ မျက်နှာကိုဝင်းပြောင်စေသောဆီကိုလည်းကောင်း၊ လူ၏စိတ်နှလုံးကိုလန်းဆန်းစေသော အစားအစာကိုလည်းကောင်း ဖြစ်ပေါ်စေတော်မူ၏။
သိလနှင့်တိမောသေတို့သည် မာကေဒေါနိပြည်မှ ဆင်းလာကြသောအခါ ပေါလုသည် နှုတ်ကပတ်တော်ဟောပြောခြင်းအမှုကိုသာ ဆောင်ရွက်လျက် ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း ဂျူးလူမျိုးတို့အား သက်သေခံလေ၏။
အပျော်ကြူးခြင်းကိုဖြစ်စေသည့် စပျစ်ဝိုင်ယစ်မူးခြင်းမရှိဘဲ ဝိညာဉ်တော်နှင့်ပြည့်ဝကြလော့။
သူသည် သေသောက်ကြူးသောသူ၊ ကြမ်းကြုတ်သောသူမဟုတ်ဘဲ ညင်သာသောသူ၊ ရန်မတွေ့တတ်သောသူ၊ ငွေကိုမတပ်မက်သောသူ၊
ထိုနည်းတူ သင်းထောက်တို့သည်လည်း တည်ကြည်လေးနက်သောသူများဖြစ်ရမည်။ လျှာနှစ်ခွရှိသောသူ၊ စပျစ်ဝိုင်သောက်ကြူးသောသူ၊ မစင်ကြယ်သောအကျိုးစီးပွားကိုတပ်မက်သောသူများမဟုတ်ဘဲ
အမှန်စင်စစ် ဘုရားသခင်ဖန်ဆင်းတော်မူသောအရာရှိသမျှသည် ကောင်းသည်ဖြစ်၍ ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့်ခံယူလျှင် ပစ်ပယ်ရမည့်အရာတစ်စုံတစ်ခုမျှမရှိ။
အကြောင်းမူကား ကြီးကြပ်သူသည် ဘုရားသခင်၏ဘဏ္ဍာစိုးဖြစ်သည်နှင့်အညီ အပြစ်တင်စရာမရှိသောသူဖြစ်ရမည်။ သူသည် ထင်ရာစိုင်းတတ်သောသူ၊ စိတ်တိုသောသူ၊ သေသောက်ကြူးသောသူ၊ ကြမ်းကြုတ်သောသူ၊ မစင်ကြယ်သောအကျိုးစီးပွားကိုတပ်မက်သောသူမဟုတ်ဘဲ
ထိုနည်းတူ အသက်ကြီးသောအမျိုးသမီးတို့အား ဓမ္မဝတ်နှင့်ထိုက်တန်သောသူများကဲ့သို့ပြုမူလျက် ကုန်းချောတတ်သောသူ၊ စပျစ်ဝိုင်၏ကျေးကျွန်ဖြစ်သောသူမဟုတ်ဘဲ ကောင်းမြတ်သောအရာကိုသင်ပေးသောသူများဖြစ်ကြရန် ဟောပြောလော့။