ဘုရားသခင်သည် မိမိပုံသဏ္ဌာန်အတိုင်း လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ပုံသဏ္ဌာန်အတိုင်း လူကိုဖန်ဆင်းရာတွင် ယောက်ျားနှင့်မိန်းမအဖြစ် သူတို့ကိုဖန်ဆင်းတော်မူ၏။
၁ တိ 2:13 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား အာဒံကို ပထမဦးစွာဖန်ဆင်းတော်မူ၍ နောက်မှ ဧဝကို ဖန်ဆင်းတော်မူ၏။ Common Language Bible အာဒံကိုဦးစွာဖန်ဆင်းတော်မူပြီးမှဧဝ ကိုဖန်ဆင်းတော်မူပေသည်။- Garrad Bible ဖန် ဆင်း တော် မူ ခြင်း ကို ဦး စွာ အာ ဒံ၊ နောက် ဧ ဝ ခံ ရ ၏။ Judson Bible အကြောင်းမူကား၊ အာဒံကို ရှေ့ဦးစွာ ဖန်ဆင်းတော်မူ၍၊ နောက်မှ ဧဝကိုဖန်ဆင်းတော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် အာဒံကို ဦးစွာ ဖန်ဆင်းတော်မူပြီးမှ ဧဝကို ဖန်ဆင်းတော်မူသောကြောင့် ဖြစ်၏။ |
ဘုရားသခင်သည် မိမိပုံသဏ္ဌာန်အတိုင်း လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ပုံသဏ္ဌာန်အတိုင်း လူကိုဖန်ဆင်းရာတွင် ယောက်ျားနှင့်မိန်းမအဖြစ် သူတို့ကိုဖန်ဆင်းတော်မူ၏။
ထို့နောက် ထာဝရအရှင်ဘုရားသခင်က “လူသည် တစ်ယောက်တည်းမနေကောင်း။ သူနှင့်သင့်တော်သည့် ကူညီမစသူကို သူ့အတွက် ငါဖန်ဆင်းဦးမည်”ဟု မိန့်တော်မူ၏။
ထို့နောက် ထာဝရအရှင်ဘုရားသခင်သည် လူထဲမှထုတ်ယူသောနံရိုးဖြင့် မိန်းမကိုဖန်ဆင်း၍ လူထံသို့ ခေါ်ဆောင်လာခဲ့၏။
ထို့နောက် ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုပုံဖော်ဖန်ဆင်း၍ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်သွင်းတော်မူရာ လူသည် သက်ရှိသတ္တဝါဖြစ်လာ၏။
မိန်းမအားလည်း “သင်သန္ဓေတည်သောအခါ ငါသည် သင့်ကို ပင်ပန်းခက်ခဲမှု အများအပြားကြုံတွေ့စေမည်။ သင်သည် နာကျင်ခက်ခဲစွာသားဖွားရမည်။ သင်၏အလိုဆန္ဒသည် သင်၏ခင်ပွန်းအတွက်ဖြစ်လိမ့်မည်။ သူသည် သင့်ကိုအုပ်စိုးလိမ့်မည်”ဟု မိန့်တော်မူ၏။
လူသည် မိမိမယား၏အမည်ကို ဧဝ ဟုမှည့်ခေါ်လေ၏။ အကြောင်းမူကား သူသည် အသက်ရှင်သောသူအပေါင်းတို့၏မိခင်ဖြစ်၏။