မိန်းမတို့သည် အသင်းတော်တွင် တိတ်ဆိတ်စွာနေကြရမည်။ အကြောင်းမူကား သူတို့၌ ဟောပြောရသောအခွင့်မရှိ။ ပညတ်တရား၌လည်းဆိုထားသည့်အတိုင်း သူတို့သည် နာခံမှုရှိကြရမည်။
၁ တိ 2:12 - မြန်မာ့စံမီသမ္မာကျမ်း အမျိုးသမီးသည် သွန်သင်ခြင်း၊ အမျိုးသားအပေါ် ဩဇာညောင်းခြင်းအခွင့်ကို ငါမပေး။ အမျိုးသမီးသည် တိတ်ဆိတ်စွာနေရမည်။ Common Language Bible သွန်သင်မှုကိုသော်လည်းကောင်း၊ အမျိုးသား တို့အပေါ်တွင်အာဏာပြမှုကိုသော်လည်း ကောင်း အမျိုးသမီးတို့အားငါခွင့်မပြု။ သူတို့သည်တိတ်ဆိတ်စွာနေရမည်။- Garrad Bible သင် ကြား ခြင်း ငှါ သော်လည်း ကောင်း၊ ယောက်ျား ကို အ စိုး တ ရ ပြု ခြင်း ငှါ သော် လည်း ကောင်း၊ ငါ အ ခွင့် မ ပြု။ ငြိမ် ဝပ် စွာ နေ စေ။ Judson Bible မိန်းမသည် ဆုံးမဩဝါဒပေးခြင်း၊ ယောက်ျားကို အစိုးတရပြုစေခြင်း အခွင့်ကိုငါမပေး။ သူသည် တိတ်ဆိတ်စွာ နေအပ်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အမျိုးသမီးများသည် သွန်သင်ခြင်း၊ အမျိုးသားများအပေါ် အုပ်စိုးခြင်းပြုသည်ကို ကျွန်ုပ်ခွင့်မပြု။ သူတို့သည် တိတ်ဆိတ်စွာ နေသင့်၏။ |
မိန်းမတို့သည် အသင်းတော်တွင် တိတ်ဆိတ်စွာနေကြရမည်။ အကြောင်းမူကား သူတို့၌ ဟောပြောရသောအခွင့်မရှိ။ ပညတ်တရား၌လည်းဆိုထားသည့်အတိုင်း သူတို့သည် နာခံမှုရှိကြရမည်။
ဣန္ဒြေစောင့်သောသူ၊ ဖြူစင်သန့်ရှင်းသောသူ၊ အိမ်မှုကိစ္စကိုဆောင်ရွက်သောသူ၊ ကောင်းမွန်သောသူ၊ မိမိခင်ပွန်းသည်ကို နာခံသောသူဖြစ်ကြရန် သတိပေးဆုံးမနိုင်သဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်သည် စော်ကားပြောဆိုခံရခြင်းမှ ကင်းလွတ်လိမ့်မည်။