အမျိုးသမီးသည် အရာရာ၌နာခံခြင်းရှိ၍ တိတ်ဆိတ်စွာသင်ယူပါစေ။
အမျိုးသမီးတို့သည်ကျိုးနွံစွာဆိတ်ဆိတ် သင်ယူကြစေ။-
မိန်း မ သည် အ နော် အ တာ ကို အ စုံ အ လင် ခံ လျက် ငြိမ် ဝပ် စွာ အ သင် အ ကြား ခံ နေ စေ။
မိန်းမသည် အုပ်စိုးခြင်းကို အစဉ်ဝန်ခံ၍ တိတ်ဆိတ်စွာသင်စေ။-
အမျိုးသမီးများသည် အပြည့်အဝနာခံလျက် တိတ်ဆိတ်စွာ သင်ယူသင့်၏။
မိန်းမအားလည်း “သင်သန္ဓေတည်သောအခါ ငါသည် သင့်ကို ပင်ပန်းခက်ခဲမှု အများအပြားကြုံတွေ့စေမည်။ သင်သည် နာကျင်ခက်ခဲစွာသားဖွားရမည်။ သင်၏အလိုဆန္ဒသည် သင်၏ခင်ပွန်းအတွက်ဖြစ်လိမ့်မည်။ သူသည် သင့်ကိုအုပ်စိုးလိမ့်မည်”ဟု မိန့်တော်မူ၏။
အရှင်မင်းကြီးချမှတ်သောအမိန့်ကို ကျယ်ပြောလှသောနိုင်ငံတစ်ဝန်းလုံးသို့ ကြေညာလျှင် အယုတ်အလတ်အမြတ်မရွေး မိန်းမအပေါင်းတို့သည် ကိုယ့်ယောက်ျားကို ကိုယ်ရိုသေနာခံကြလိမ့်မည်”ဟု လျှောက်တင်လေ၏။
သို့သော် သင်တို့အား ငါသိစေလိုသည်မှာ ယောက်ျားတိုင်း၏ဦးခေါင်းသည် ခရစ်တော်ဖြစ်၏။ မိန်းမ၏ဦးခေါင်းသည် ယောက်ျားဖြစ်၏။ ခရစ်တော်၏ဦးခေါင်းသည် ဘုရားသခင်ဖြစ်၏။
ဇနီးသည်တို့၊ သခင်ဘုရား၌ရှိသောသူနှင့်သင့်လျော်သည်နှင့်အညီ ခင်ပွန်းသည်ကို နာခံကြလော့။
ဘုရားသခင်အားကြည်ညိုလေးမြတ်ခြင်းရှိမည်ဟု ကတိပြုသောအမျိုးသမီးများနှင့်သင့်လျော်သည့်အရာတည်းဟူသော ကောင်းသောအမှုများဖြင့် မိမိကိုယ်ကိုဆင်ယင်ကြရန် ငါအလိုရှိ၏။
ဣန္ဒြေစောင့်သောသူ၊ ဖြူစင်သန့်ရှင်းသောသူ၊ အိမ်မှုကိစ္စကိုဆောင်ရွက်သောသူ၊ ကောင်းမွန်သောသူ၊ မိမိခင်ပွန်းသည်ကို နာခံသောသူဖြစ်ကြရန် သတိပေးဆုံးမနိုင်သဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်သည် စော်ကားပြောဆိုခံရခြင်းမှ ကင်းလွတ်လိမ့်မည်။
ထိုနည်းတူ ဇနီးသည်တို့၊ မိမိတို့၏ခင်ပွန်းသည်ကို နာခံကြလော့။ သို့ပြုလျှင် အချို့သောခင်ပွန်းသည်တို့သည် နှုတ်ကပတ်တရားကိုမယုံကြည်ကြလျှင်ပင် သင်တို့၏ကြောက်ရွံ့ရိုသေမှုနှင့် သန့်ရှင်းစင်ကြယ်သောအသက်ရှင်နေထိုင်မှုကိုမြင်လျက် ဇနီးသည်၏စကားအားဖြင့်မဟုတ်ဘဲ အသက်ရှင်နေထိုင်မှုအားဖြင့် ပြောင်းလဲလာကြလိမ့်မည်။