မယားသည်လည်း မိမိ၏ခင်ပွန်းနှင့်ကွာရှင်း၍ အခြားယောက်ျားနှင့်ထိမ်းမြားစုံဖက်လျှင် အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်၏”ဟု မိန့်တော်မူ၏။
၁ ကော 7:13 - မြန်မာ့စံမီသမ္မာကျမ်း ထိုနည်းတူ အမျိုးသမီးတစ်စုံတစ်ဦးတွင် ယုံကြည်သူမဟုတ်သောလင်ယောက်ျားရှိ၍ ထိုယောက်ျားသည် သူနှင့်နေထိုင်လိုလျှင် သူ့ကို ထိုယောက်ျားနှင့်မကွာစေနှင့်။ Common Language Bible ထိုနည်းတူယုံကြည်သူအမျိုးသမီးတစ်ယောက် သည် မယုံကြည်သူလင်ရှိ၍ ထိုအမျိုးသားက ဆက်လက်ပေါင်းသင်းနေလိုပါလျှင်သူ့အား မကွာမရှင်းရ။- Garrad Bible မိန်း မ တစ် ဦး၌ လည်း မ ယုံ ကြည် သော လင် ရှိ ရာ ထို ယောက်ျား သည် အ တူ နေ ထိုင် ရန် သ ဘော ရှိ လျှင် မ ကွာ စေ နှင့်။ Judson Bible ထိုနည်းတူ မိန်းမသည်လည်း၊ မယုံကြည်သော ခင်ပွန်းရှိ၍၊ ထိုခင်ပွန်းသည် မိမိမယားနှင့်နေခြင်းငှာ အလိုရှိလျှင် မကွာစေနှင့်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနည်းတူ ယုံကြည်သောအမျိုးသမီးတစ်ဦးတွင် မယုံကြည်သောခင်ပွန်း ရှိပြီး ထိုခင်ပွန်းသည် သူနှင့်အတူ ဆက်၍ ပေါင်းသင်းနေထိုင်လိုပါက သူသည် ထိုခင်ပွန်းကို မကွာရှင်းရ။ |
မယားသည်လည်း မိမိ၏ခင်ပွန်းနှင့်ကွာရှင်း၍ အခြားယောက်ျားနှင့်ထိမ်းမြားစုံဖက်လျှင် အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်၏”ဟု မိန့်တော်မူ၏။
အခြားသောသူတို့အား သခင်ဘုရားကမဟုတ်ဘဲ ငါကိုယ်တိုင်ပြောဆိုသည်မှာ ညီအစ်ကိုတစ်စုံတစ်ဦးတွင် ယုံကြည်သူမဟုတ်သောမယားရှိ၍ ထိုမိန်းမသည် သူနှင့်နေထိုင်လိုလျှင် သူ့ကို ထိုမိန်းမနှင့်မကွာစေနှင့်။
အကြောင်းမူကား ယုံကြည်သူမဟုတ်သောလင်ယောက်ျားသည် မိမိမယားအားဖြင့် သန့်ရှင်းစေခြင်းခံရ၏။ ယုံကြည်သူမဟုတ်သောမယားသည်လည်း မိမိလင်ယောက်ျားအားဖြင့် သန့်ရှင်းစေခြင်းခံရ၏။ သို့မဟုတ်လျှင် သင်တို့၏သားသမီးတို့သည် ညစ်ညူးကြလိမ့်မည်။ သို့သော် ယခု သူတို့သည် သန့်ရှင်းကြ၏။