အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၁ ကော 15:39 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အသား​အားလုံး​သည် တစ်မျိုးတည်း​မ​ဟုတ်။ လူ​တို့​၏​အသား​သည် တစ်​မျိုး၊ တိရစ္ဆာန်​တို့​၏​အသား​သည်​လည်း တစ်​မျိုး၊ ကျေးငှက်​တို့​၏​အသား​သည်​လည်း တစ်​မျိုး၊ ငါး​တို့​၏​အသား​သည်​လည်း တစ်​မျိုး​ဖြစ်​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

သက်​ရှိ​သတ္တ​ဝါ​တို့​၏​အ​သား​သည်​တစ်​မျိုး တည်း​မ​ဟုတ်။ လူ​၏​အ​သား​သည်​တစ်​မျိုး၊ တိရစ္ဆာန် ၏​အ​သား​သည်​တစ်​မျိုး၊ ငှက်​၏​အ​သား​သည်​တစ် မျိုး၊ ငါး​၏​အ​သား​သည်​တစ်​မျိုး​ဖြစ်​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

အ သား ရှိ သ မျှ သည် တစ် မျိုး တည်း မ ဟုတ်။ လူ၏ အ သား တစ် မျိုး၊ မြေ သ တ္တ ဝါ၏ အ သား တစ် မျိုး၊ လေ သ တ္တ ဝါ၏ အ သား တစ် မျိုး၊ ရေ သ တ္တ ဝါ၏ အ သား တစ် မျိုး ရှိ၏။

အခန်းကိုကြည့်ပါ။

Judson Bible

အ​သား​ရှိ​သ​မျှ​တို့​သည် တစ်​မျိုး​တည်း​မ​ဟုတ်။ လူ​သား​တစ်​မျိုး၊ အ​မဲ​သား​တစ်​မျိုး၊ ငါး​သား​တစ်​မျိုး၊ ငှက်​သား​တစ်​မျိုး၊ အ​သီး​အ​သီး​ရှိ​ကြ၏။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ထို့အတူ အသား​ရှိသမျှတို့​သည် အသား​တစ်မျိုး​တစ်စားတည်း​မဟုတ်ပေ။ ဆိုလိုသည်​မှာ လူ​၏ အသား​တစ်မျိုး၊ တိရစ္ဆာန်​၏ အသား​တစ်မျိုး၊ ငှက်​၏ အသား​တစ်မျိုး၊ ငါး​၏ အသား​တစ်မျိုး​ဟူ၍ အသီးသီး​ရှိကြ၏။

အခန်းကိုကြည့်ပါ။



၁ ကော 15:39
3 ပူးပေါင်းရင်းမြစ်များ  

သို့သော် ဘုရားသခင်​သည် အလို​တော်​ရှိ​သည့်​အတိုင်း ထို​အစေ့​အား ကိုယ်ထည်​ကို​ပေး​တော်မူ​၍ အစေ့​တစ်စေ့စီ​အား မိမိ​အမျိုးအစား​အလိုက် ကိုယ်ထည်​ကို​ပေး​တော်မူ​၏။


ကောင်းကင်​ကိုယ်ခန္ဓာ​များ​ရှိ​၍ မြေကြီး​ကိုယ်ခန္ဓာ​များ​လည်း​ရှိ​၏။ သို့သော် ကောင်းကင်​ကိုယ်ခန္ဓာ​၏​ဘုန်း​အသရေ​သည် တစ်​မျိုး​ဖြစ်၍ မြေကြီး​ကိုယ်ခန္ဓာ​၏​ဘုန်း​အသရေ​သည်​လည်း တစ်​မျိုး​ဖြစ်​၏။