အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၁ ကော 15:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အကြောင်းမူကား သေလွန်​သော​သူ​တို့​သည် ထမြောက်​ခြင်း​မ​ရှိ​လျှင် ခရစ်တော်​သည်​လည်း ထမြောက်​တော်မူ​ခဲ့​မည်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။

Common Language Bible

အ​ကယ်​၍​သေ​သူ​တို့​ရှင်​ပြန်​ထ​မြောက်​ခြင်း မ​ရှိ​လျှင် ဘု​ရား​သ​ခင်​သည်​ခ​ရစ်​တော်​အား ရှင်​ပြန်​ထ​မြောက်​စေ​တော်​မ​မူ။-

အခန်းကိုကြည့်ပါ။

Garrad Bible

သူ သေ တို့ ရှင် ပြန် ထ မြောက် ခြင်း မ ရှိ လျှင် ခ ရစ် တော် သည် ရှင် ပြန် ထ မြောက် တော် မူ မည် မ ဟုတ်။

အခန်းကိုကြည့်ပါ။

Judson Bible

အ​ကြောင်း​မူ​ကား၊ သေ​လွန်​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​မ​ရှိ​လျှင်၊ ဘု​ရား​သ​ခင်​သည် ခ​ရစ်​တော်​ကို ထ​မြောက်​စေ​တော်​မ​မူ၊ ယ​ခု​မှာ၊ ခ​ရစ်​တော်​ကို ထ​မြောက်​စေ​တော်​မူ​ပြီ​ဟု ငါ​တို့​သည် ဘု​ရား​သ​ခင်၏​အ​ကြောင်း​ကို သက်​သေ​ခံ​ကြ၏။ သေ​လွန်​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​မ​ရှိ​လျှင်၊ ခ​ရစ်​တော်​သည် ထ​မြောက်​တော်​မ​မူ။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

သေလွန်သော​သူတို့ မထမြောက်​လျှင် ခရစ်တော်​သည်လည်း ရှင်ပြန်​ထမြောက်တော်မူခဲ့မည် မဟုတ်ပေ။

အခန်းကိုကြည့်ပါ။



၁ ကော 15:16
5 ပူးပေါင်းရင်းမြစ်များ  

ထိုမျှမက ယေရှု​ကို သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​တော်မူ​သော​ဘုရားရှင်​၏​ဝိညာဉ်​တော်​သည် သင်​တို့​အထဲ၌​ကိန်းဝပ်​တော်မူ​လျှင် ခရစ်တော်​ကို သေ​သော​သူ​တို့​ထဲမှ​ထမြောက်​စေ​တော်မူ​သော​ဘုရားရှင်​သည် သင်​တို့​အထဲ၌​တည်​နေ​သော မိမိ​၏​ဝိညာဉ်​တော်​အားဖြင့် သေ​တတ်​သော သင်​တို့​၏​ကိုယ်ခန္ဓာ​ကို​လည်း အသက်ရှင်​စေ​တော်မူ​လိမ့်မည်။


ထိုမျှမက ငါ​တို့​သည် ဘုရားသခင်​နှင့်​ပတ်သက်၍ မမှန်​သော​သက်သေ​ထွက်ဆို​သော​သူ​များ ဖြစ်သွား​ကြ​လိမ့်မည်။ အဘယ်ကြောင့်​ဆိုသော် သေလွန်​သော​သူ​တို့​ကို ထမြောက်​စေ​တော်​မ​မူ​လျှင် ဘုရားသခင်​ထမြောက်​စေ​တော်​မ​မူ​သော​ခရစ်တော်​ကို ဘုရားသခင်​ထမြောက်​စေ​တော်မူ​ပြီ​ဟု ငါ​တို့​သက်သေခံ​နေ​ကြ​သောကြောင့်​ဖြစ်​၏။


ခရစ်တော်​သည် ထမြောက်​တော်မမူ​ခဲ့​လျှင် သင်​တို့​၏​ယုံကြည်​ခြင်း​သည် အချည်းနှီး​ဖြစ်၍ သင်​တို့​သည် မိမိ​တို့​အပြစ်​များ​ထဲ၌​ရှိ​နေ​ကြ​သေး​၏။


သို့ဖြစ်လျှင် သေလွန်​သော​သူ​တို့​၏​ကိုယ်စား ဗတ္တိဇံ​ခံ​သော​သူ​တို့​သည် အဘယ်ကြောင့် ထိုသို့​ပြု​ရ​ကြ​သနည်း။ သေလွန်​သော​သူ​တို့​သည် ထမြောက်​ခြင်း​အလျှင်း​မ​ရှိ​လျှင် အဘယ်ကြောင့် သူ​တို့​ကိုယ်စား ဗတ္တိဇံ​ခံ​စရာ​ရှိ​သနည်း။


ထို့နောက် သင်္ဂြိုဟ်​ခြင်း​ကို​ခံ​တော်မူ​ပြီး ကျမ်းစာ​နှင့်အညီ သုံး​ရက်​မြောက်​သော​နေ့​၌ ထမြောက်​တော်မူ​ခဲ့​ကြောင်း​နှင့်