၁ ကော 15:15 - မြန်မာ့စံမီသမ္မာကျမ်း ထိုမျှမက ငါတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ မမှန်သောသက်သေထွက်ဆိုသောသူများ ဖြစ်သွားကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သေလွန်သောသူတို့ကို ထမြောက်စေတော်မမူလျှင် ဘုရားသခင်ထမြောက်စေတော်မမူသောခရစ်တော်ကို ဘုရားသခင်ထမြောက်စေတော်မူပြီဟု ငါတို့သက်သေခံနေကြသောကြောင့်ဖြစ်၏။ Common Language Bible အကယ်၍သူသေတို့ရှင်ပြန်ထမြောက်မှုမရှိ ဟုဆိုသည်မှာ မှန်ခဲ့သော်ဘုရားသခင်သည် ခရစ်တော်ကိုသေခြင်းမှရှင်ပြန်ထမြောက် စေတော်မမူ။ သို့ဖြစ်၍ငါတို့က ``ဘုရား သခင်သည်ခရစ်တော်ကိုသေခြင်းမှရှင်ပြန် ထမြောက်စေတော်မူပြီ'' ဟုဟောပြောရာ ၌ငါတို့သည်ဘုရားသခင်၏အကြောင်း မုသားသက်သေများဖြစ်ကြ၏။- Garrad Bible ၄င်း ပြင် သူ သေ တို့ ရှင် ပြန် ထ မြောက် ခြင်း မ ရှိ သည် မှန် က ခ ရစ် တော် ကို ရှင် ပြန် ထ မြောက် စေ တော် မ မူ သော် လည်း ရှင် ပြန် ထ မြောက် စေ တော် မူ ကြောင်း ဘု ရား သ ခင် နှင့် ဆန့် ကျင် ကြား ပြော ကြ သည့် အ လျောက် ငါ တို့ သည် ဘု ရား သ ခင့် အ ကြောင်း မု သာ သက် သေ ထင် ရှား ရာ ရောက် ကြ လေ ပြီ။ Judson Bible ထိုမျှမက၊ ငါတို့သည် ဘုရားသခင်၏အမှုမှာ မမှန်သော သက်သေခံဖြစ်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အကယ်၍ သေလွန်သောသူတို့ မထမြောက်ဟူသော အရာသည် မှန်ခဲ့လျှင် ဘုရားသခင်သည် ခရစ်တော်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူခဲ့မည်မဟုတ်ပေ။ သို့ဖြစ်လျှင် ကျွန်ုပ်တို့က “ဘုရားသခင်သည် ခရစ်တော်ကို ရှင်ပြန်ထမြောက်စေတော်မူပြီ” ဟု ပြောဆိုသောကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်အကြောင်းကို လိမ်လည်ပြောဆိုသူများဖြစ်သွားလိမ့်မည်။ |
သို့သော် ဘုရားသခင်သည် ထိုအရှင်ကို သေခြင်းနှင့်ဆိုင်သောဝေဒနာမှလွတ်မြောက်စေ၍ ထမြောက်စေတော်မူ၏။ အဘယ်ကြောင့်ဆိုသော် သေခြင်းသည် ထိုအရှင်ကို အစဉ်ချည်နှောင်ထား၍မရနိုင်ချေ။
ဘုရားသခင်သည် ထိုယေရှုကို ထမြောက်စေတော်မူ၏။ ငါတို့အားလုံးသည် ဤအကြောင်းအရာ၏သက်သေများဖြစ်ကြ၏။
ဘုရားသခင်ရှေ့တော်၌နောင်တရခြင်း၊ ငါတို့၏သခင်ယေရှုကိုယုံကြည်ခြင်းအကြောင်းတို့ကို ဂျူးလူမျိုးနှင့်ဂရိလူမျိုး နှစ်မျိုးစလုံးတို့အား သက်သေခံခဲ့၏။
သင်တို့အားလုံးနှင့် အစ္စရေးလူမျိုးအပေါင်းတို့အား သိမှတ်စေလိုသည်မှာ လက်ဝါးကပ်တိုင်ပေါ်၌ သင်တို့တင်ခဲ့သော်လည်း သေသောသူတို့ထဲမှ ဘုရားသခင်ထမြောက်စေတော်မူသော နာဇရက်မြို့သားယေရှုခရစ်တော်၏နာမတော်အားဖြင့် ဤသူသည် သင်တို့ရှေ့တွင် အကောင်းပကတိဖြစ်လျက်ရပ်နေ၏။
တမန်တော်တို့သည် သခင်ယေရှု၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ကြီးစွာသောတန်ခိုးဖြင့် သက်သေခံကြ၍ ကြီးမားသောကျေးဇူးတော်သည် သူတို့အားလုံးအပေါ်သို့ သက်ရောက်လေ၏။
သေလွန်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်းမရှိလျှင် ခရစ်တော်သည်လည်း ထမြောက်တော်မူခဲ့မည်မဟုတ်။
အကြောင်းမူကား သေလွန်သောသူတို့သည် ထမြောက်ခြင်းမရှိလျှင် ခရစ်တော်သည်လည်း ထမြောက်တော်မူခဲ့မည်မဟုတ်။
ယခုမူကား ခရစ်တော်သည် သေသောသူတို့ထဲမှ ထမြောက်တော်မူ၍ အိပ်ပျော်သောသူတို့တွင် အသီးဦးဖြစ်တော်မူပြီ။