‘ငါတို့သည် သင်တို့အတွက် ပလွေမှုတ်ပေးသော်လည်း သင်တို့သည် မကကြ။ ငိုချင်းကိုဖွဲ့နွဲ့သီဆိုသော်လည်း သင်တို့သည် မမြည်တမ်းကြ’ဟု လှမ်း၍ပြောဆိုနေကြသော ကလေးသူငယ်များနှင့်တူ၏။
၁ ကော 14:7 - မြန်မာ့စံမီသမ္မာကျမ်း ပလွေ၊ သို့မဟုတ် စောင်းကဲ့သို့သော သက်မဲ့တူရိယာများပင်လျှင် ပီပြင်ပြတ်သားသောသံစဉ်မထွက်လျှင် မည်သည့်အရာကို မှုတ်နေသည်ကိုလည်းကောင်း၊ မည်သည့်အရာကို တီးနေသည်ကိုလည်းကောင်း မည်သို့သိနိုင်မည်နည်း။ Common Language Bible ပလွေသို့မဟုတ်စောင်းကောက်ကဲ့သို့သော သက်မဲ့တူရိယာများကိုကြည့်လော့။ ထို တူရိယာများမှတေးသံများပီသစွာ ထွက်ပေါ်၍မလာပါမူအဘယ်သူသည် ထိုတူရိယာတို့၏တေးသွားကိုသိနိုင် မည်နည်း။- Garrad Bible သက် မဲ့ စောင်း ပြွေ များ အ သံ ပေး သော် လည်း သံ နေ သံ ထား မ ရှိ လျှင်၊ တီး မှုတ် သံ ကို မည် သို့ နား လည် ကြ အံ့ နည်း။ Judson Bible ထိုနည်းတူ၊ အသံမြည်တတ်သော အဝိညာဏကစောင်း၊ ပုလွေတို့သည် သေချာသောအသံနှင့် မမြည်လျှင်၊ စောင်းသံ၊ ပုလွေသံတို့ကို အဘယ်သို့ သိနိုင်မည်နည်း။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ပလွေ၊ စောင်းကဲ့သို့သော သက်မဲ့တူရိယာများပင်လျှင် ရှင်းလင်းပြတ်သားသော သံစဉ်မထွက်ပါက မည်သည့်တီးလုံး တီးမှုတ်နေသည်ကို မည်သို့သိနိုင်မည်နည်း။ |
‘ငါတို့သည် သင်တို့အတွက် ပလွေမှုတ်ပေးသော်လည်း သင်တို့သည် မကကြ။ ငိုချင်းကိုဖွဲ့နွဲ့သီဆိုသော်လည်း သင်တို့သည် မမြည်တမ်းကြ’ဟု လှမ်း၍ပြောဆိုနေကြသော ကလေးသူငယ်များနှင့်တူ၏။
သူတို့သည် ဈေးအရပ်၌ထိုင်လျက် ‘ငါတို့သည် သင်တို့အတွက် ပလွေမှုတ်ပေးသော်လည်း သင်တို့သည်မကကြ။ ငိုချင်းကိုဖွဲ့နွဲ့သီဆိုသော်လည်း သင်တို့သည်မငိုကြွေးကြ’ဟု တစ်ဦးကိုတစ်ဦးလှမ်း၍ပြောဆိုနေကြသော ကလေးသူငယ်များနှင့်တူကြ၏။
ငါသည် လူ့ဘာသာစကားနှင့် ကောင်းကင်တမန်၏ဘာသာစကားတို့ကို ပြောနိုင်သော်လည်း မေတ္တာမရှိလျှင် မြည်ဟည်းသောကြေးမောင်း၊ သို့မဟုတ် စူးရှစွာမြည်သော လင်းကွင်းကဲ့သို့ဖြစ်၏။
သို့ဖြစ်၍ ညီအစ်ကိုတို့၊ ငါသည် သင်တို့ထံလာ၍ အခြားသောဘာသာစကားများပြောဆိုသော်လည်း ဗျာဒိတ်တော်အားဖြင့်ဖြစ်စေ၊ အသိပညာအားဖြင့်ဖြစ်စေ၊ ပရောဖက်ပြုဟောပြောခြင်းအားဖြင့်ဖြစ်စေ၊ သွန်သင်သည့်စကားအားဖြင့်ဖြစ်စေ မဟောပြောလျှင် သင်တို့အတွက် မည်သည့်အကျိုးရှိမည်နည်း။
တံပိုးခရာသည်လည်း မသေချာသောအသံကိုပေးလျှင် မည်သူသည် တိုက်ပွဲအတွက် ပြင်ဆင်လိမ့်မည်နည်း။
ထို့နောက်မှ ဖိလိတ္တိခံတပ်ရှိရာ ဘုရားသခင်၏တောင်တော်သို့ ရောက်လိမ့်မည်။ မြို့နားသို့ရောက်လျှင် ပရောဖက်တစ်စုသည် သူတို့ရှေ့တွင် စောင်းပြား၊ ပတ်သာ၊ ပလွေ၊ စောင်းကောက် တီးမှုတ်သူတို့ပါလျက်၊ သူတို့သည် ပရောဖက်ပြုလျက် အထွတ်အမြတ်ထားရာကုန်းမြင့်မှဆင်းလာသည်ကို သင်တွေ့ရလိမ့်မည်။