ယောက်ျားသည် ဆံပင်ရှည်ထားလျှင် သူ့အတွက်ရှက်ဖွယ်ဖြစ်ကြောင်း သဘာဝတရားကိုယ်၌က သင်တို့ကိုသွန်သင်သည်မဟုတ်လော။
၁ ကော 14:35 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် တစ်စုံတစ်ခုကိုသင်ယူလိုလျှင် အိမ်၌ မိမိ၏လင်ယောက်ျားအား မေးမြန်းကြစေ။ အကြောင်းမူကား မိန်းမတစ်ဦးအနေဖြင့် အသင်းတော်၌ဟောပြောခြင်းသည် ရှက်ဖွယ်ဖြစ်၏။ Common Language Bible သူတို့သည်အကြောင်းတစ်စုံတစ်ရာကိုသိလို လျှင် မိမိတို့၏ခင်ပွန်းများကိုအိမ်တွင်မေးမြန်း စုံစမ်းကြစေ။ အသင်းတော်၏အစည်းအဝေး ၌အမျိုးသမီးများစကားပြောခြင်းသည် ရှက်ဖွယ်သောအမှုဖြစ်၏။ Garrad Bible အ စည်း အ ဝေး တော် တွင် ပြော ဆို ခြင်း မ သင့် သော ကြောင့် တစ် စုံ တစ် ရာ သိ လို လျှင် အိမ် တွင် လင် ကို မေး မြန်း ကြ စေ။ Judson Bible မိန်းမတို့သည် တစ်စုံတစ်ခုကိုသင်လိုလျှင်၊ အိမ်၌ မိမိခင်ပွန်းတို့ကို မေးမြန်းကြစေ။ မိန်းမသည် အသင်းတော်၌ ဟောပြောလျှင် ရှက်ဖွယ်သောအကြောင်း ဖြစ်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် တစ်စုံတစ်ခုကို သိလိုလျှင် အိမ်၌ မိမိခင်ပွန်းကို မေးမြန်းကြစေ။ အဘယ်ကြောင့်ဆိုသော် အမျိုးသမီးများအနေဖြင့် အသင်းတော်တွင် ပြောဆိုခြင်းသည် မသင့်လျော်သောကြောင့်ဖြစ်၏။ |
ယောက်ျားသည် ဆံပင်ရှည်ထားလျှင် သူ့အတွက်ရှက်ဖွယ်ဖြစ်ကြောင်း သဘာဝတရားကိုယ်၌က သင်တို့ကိုသွန်သင်သည်မဟုတ်လော။
ထို့ကြောင့် မိန်းမသည် မိမိဦးခေါင်းကိုမဖုံးလျှင် ဆံပင်ကိုဖြတ်ပါစေ။ သို့သော် ဆံပင်ဖြတ်ခြင်း၊ သို့မဟုတ် ခေါင်းတုံးရိတ်ခြင်းသည် မိန်းမအတွက်ရှက်ဖွယ်ဖြစ်လျှင် ဦးခေါင်းကိုဖုံးထားပါစေ။
မိန်းမတို့သည် အသင်းတော်တွင် တိတ်ဆိတ်စွာနေကြရမည်။ အကြောင်းမူကား သူတို့၌ ဟောပြောရသောအခွင့်မရှိ။ ပညတ်တရား၌လည်းဆိုထားသည့်အတိုင်း သူတို့သည် နာခံမှုရှိကြရမည်။
ဘုရားသခင်၏နှုတ်ကပတ်တော်သည် သင်တို့ထံမှထွက်လာသလော၊ သို့မဟုတ် သင်တို့ထံသို့သာရောက်လာသလော။
အကြောင်းမူကား ဆိတ်ကွယ်ရာ၌ သူတို့ပြုနေသောအရာများကို ပြောဆိုရန်ပင် ရှက်ဖွယ်ကောင်း၏။
ထိုနည်းတူ ခင်ပွန်းသည်တို့၊ ဇနီးသည်သည် မိန်းမသားဖြစ်ပြီး သင်တို့ထက် အားနည်းသောသူဖြစ်ကြောင်း သိရှိနားလည်၍ အသက်နှင့်ဆိုင်သောကျေးဇူးတော်ကို အတူတကွအမွေဆက်ခံသူအဖြစ် တန်ဖိုးထားလျက် အတူတကွပေါင်းသင်းနေထိုင်ကြလော့။ ဤသည်ကား သင်တို့၏ဆုတောင်းချက်များ တားဆီးခြင်းမခံရမည့်အကြောင်းတည်း။