အာရုန်သည် ယဇ်ပုရောဟိတ်အဖြစ် ငါ့ထံ၌အမှုတော်ကိုဆောင်ရွက်သောအခါ သန့်ရှင်းခြင်းရှိစေရန် သူဝတ်ရမည့်အဝတ်တန်ဆာကို ငါပေးသောဉာဏ်ပညာဖြင့် လက်မှုအတတ်ကျွမ်းကျင်သူအပေါင်းတို့ ချုပ်လုပ်ပေးကြမည့်အကြောင်း သင်ဆင့်ဆိုရမည်။
၁ ကော 12:7 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် အများကောင်းကျိုးအတွက် တစ်ဦးစီ၌ ဝိညာဉ်တော်၏ထင်ရှားခြင်းအခွင့်ကိုပေးတော်မူ၏။ Common Language Bible အများကောင်းကျိုးအတွက်လူအသီးသီး တို့နှင့်ဝိညာဉ်တော်ပါရှိကြောင်းတစ်နည်း တစ်ဖုံအားဖြင့်ဖော်ပြ၏။- Garrad Bible အ သီး အ သီး တို့ သည် အ ကျိုး ရှိ စေ ရန် ဝိ ညာဉ် တော် ကို ဖော် ပြ ခွင့် ခံ ရ ကြ၏။ Judson Bible ကောင်းသောအကျိုးအလိုငှာသာ ဝိညာဉ်တော်ကို လူအသီးအသီးတို့အား ထင်ရှားစွာ ပေးတော်မူလျက်ရှိ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အများကောင်းကျိုးဖြစ်စေရန် ဝိညာဉ်ဆုကျေးဇူးကို ကျွန်ုပ်တို့ တစ်ဦးစီတိုင်းအား ပေးတော်မူ၏။ |
အာရုန်သည် ယဇ်ပုရောဟိတ်အဖြစ် ငါ့ထံ၌အမှုတော်ကိုဆောင်ရွက်သောအခါ သန့်ရှင်းခြင်းရှိစေရန် သူဝတ်ရမည့်အဝတ်တန်ဆာကို ငါပေးသောဉာဏ်ပညာဖြင့် လက်မှုအတတ်ကျွမ်းကျင်သူအပေါင်းတို့ ချုပ်လုပ်ပေးကြမည့်အကြောင်း သင်ဆင့်ဆိုရမည်။
ထို့ကြောင့် ကိုယ်ခန္ဓာသည် တစ်ခုတည်းဖြစ်သော်လည်း အင်္ဂါအစိတ်အပိုင်းများစွာရှိ၍ ကိုယ်ခန္ဓာ၌အင်္ဂါအစိတ်အပိုင်းများစွာရှိသော်လည်း အားလုံးသည် ကိုယ်ခန္ဓာတစ်ခုတည်းဖြစ်သကဲ့သို့ ခရစ်တော်သည်လည်း ထိုနည်းတူဖြစ်တော်မူ၏။
သို့ဖြစ်၍ သင်တို့သည်လည်း ဝိညာဉ်ဆုကျေးဇူးများကိုရရှိရန် စိတ်အားထက်သန်လျက်ရှိကြသည်ဖြစ်၍ အသင်းတော်ကို တည်ဆောက်မြှင့်တင်ပေးခြင်းအတွက် ထိုဆုကျေးဇူးဖြင့် ကြွယ်ဝပြည့်စုံမည့်အကြောင်း ကြိုးစားအားထုတ်ကြလော့။
သင်သည် ကျေးဇူးတော်ကိုချီးမွမ်းသည်မှာ ကောင်းပေ၏။ သို့သော် သူတစ်ပါးကို တည်ဆောက်မြှင့်တင်ပေးခြင်းမရှိ။
သို့သော် အသင်းတော်ထဲ၌ အခြားသောဘာသာစကားဖြင့် စကားအခွန်းတစ်သောင်းပြောခြင်းထက် သူတစ်ပါးတို့ကို သွန်သင်နိုင်ရန် ငါ၏အသိစိတ်ဖြင့် စကားငါးခွန်းပြောခြင်းကို သာ၍ ငါအလိုရှိ၏။
သင်တို့အားလုံးသည် အခြားသောဘာသာစကားများပြောဆိုနိုင်ရန် ငါအလိုရှိ၏။ သို့သော် ပရောဖက်ပြုဟောပြောခြင်းအမှုကို သင်တို့အား ပို၍ပြုစေလို၏။ အခြားသောဘာသာစကားပြောဆိုသောသူသည် အသင်းတော်ကို တည်ဆောက်မြှင့်တင်ပေးရန် ၎င်း၏အနက်ကိုဖွင့်ခြင်းမရှိလျှင် ထိုသူထက် ပရောဖက်ပြုဟောပြောသောသူသည် ပို၍ကြီးမြတ်၏။