အမြင်တင့်တယ်သော အင်္ဂါအစိတ်အပိုင်းများမူကား ထိုသို့ပြုရန်မလိုအပ်ပေ။ သို့သော် ဘုရားသခင်သည် ဂုဏ်ငယ်သော အင်္ဂါအစိတ်အပိုင်းများအား သာ၍ကြီးသောဂုဏ်သရေကိုပေး၍ ကိုယ်ခန္ဓာကို ပေါင်းစပ်ဖွဲ့စည်းတော်မူ၏။
၁ ကော 12:25 - မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား ကိုယ်ခန္ဓာ၌ ကွဲပြားမှုမရှိဘဲ အင်္ဂါအစိတ်အပိုင်းများသည် အချင်းချင်းဂရုစိုက်ကြစေရန်အတွက်ဖြစ်၏။ Common Language Bible သို့ဖြစ်၍ကိုယ်အင်္ဂါအစိတ်အပိုင်းအချင်း ချင်းစိတ်ဝမ်းကွဲပြားမှုမရှိဘဲ အချင်းချင်း ၏အကျိုးကိုပြုစုလျက်ရှိပေသည်။- Judson Bible ကိုယ်ခန္ဓာ၌ အချင်းချင်းကွဲပြားခြင်းမရှိဘဲ၊ အင်္ဂါများတို့သည် အချင်းချင်း သူ့ကိုကိုယ်နှင့်အမျှ သတိပြုစေခြင်းငှာ၊ ဘုရားသခင်သည် ကိုယ်ခန္ဓာကိုမျှစေ၍၊ ယုတ်သောအင်္ဂါအား သာ၍များသော အသရေကို ပေးတော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤသည်မှာ ကိုယ်ခန္ဓာတွင် စိတ်ဝမ်းမကွဲဘဲ အင်္ဂါအစိတ်အပိုင်းအချင်းချင်း ဂရုစိုက်ကြရန်ဖြစ်၏။ |
အမြင်တင့်တယ်သော အင်္ဂါအစိတ်အပိုင်းများမူကား ထိုသို့ပြုရန်မလိုအပ်ပေ။ သို့သော် ဘုရားသခင်သည် ဂုဏ်ငယ်သော အင်္ဂါအစိတ်အပိုင်းများအား သာ၍ကြီးသောဂုဏ်သရေကိုပေး၍ ကိုယ်ခန္ဓာကို ပေါင်းစပ်ဖွဲ့စည်းတော်မူ၏။
သို့ဖြစ်၍ အင်္ဂါအစိတ်အပိုင်းတစ်ခုသည် ဝေဒနာခံစားရလျှင် အင်္ဂါအစိတ်အပိုင်းရှိသမျှသည် အတူတကွခံစားရကြ၏။ အင်္ဂါအစိတ်အပိုင်းတစ်ခုသည် ချီးမြှောက်ခြင်းခံရလျှင် အင်္ဂါအစိတ်အပိုင်းရှိသမျှသည် အတူတကွဝမ်းမြောက်ကြ၏။
အကြောင်းမူကား သင်တို့သည် သွေးသားဇာတိ၌ရှိသောသူများဖြစ်ကြသေး၏။ သင်တို့ကြား၌ မနာလိုခြင်းနှင့်ပဋိပက္ခဖြစ်ခြင်းရှိကြသည်မှာ သင်တို့သည် သွေးသားဇာတိ၌ရှိသူများဖြစ်ကြပြီး သာမန်လူသားအတိုင်း အသက်ရှင်လျှောက်လှမ်းနေကြသောကြောင့်မဟုတ်လော။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုတို့၊ ဝမ်းမြောက်ကြလော့။ စုံလင်ခြင်းသို့ရောက်ကြလော့။ နှစ်သိမ့်ခြင်းကို ခံစားကြလော့။ တစ်စိတ်တစ်သဘောတည်းရှိ၍ သင့်မြတ်စွာနေကြလော့။ ချစ်ခြင်းမေတ္တာနှင့်ငြိမ်သက်ခြင်းတို့၏ဘုရားသခင်သည် သင်တို့နှင့်အတူရှိတော်မူလိမ့်မည်။
သို့ဖြစ်၍ ငါသည် သင်တို့ထံသို့ရေးသားခဲ့ခြင်းမှာ ပြစ်မှားသောသူအတွက်ကြောင့်မဟုတ်။ ပြစ်မှားခြင်းခံရသောသူအတွက်ကြောင့်လည်းမဟုတ်။ ငါတို့အပေါ်ထားရှိသော သင်တို့၏စိတ်အားထက်သန်မှုကို ဘုရားသခင်ရှေ့တော်၌ သင်တို့ကိုယ်တိုင်တွေ့မြင်ကြစေရန်အတွက်သာဖြစ်၏။
သင်တို့အပေါ် ငါထားရှိသော စိတ်အားထက်သန်မှုမျိုးကို တိတု၏စိတ်နှလုံးထဲ၌ ထည့်သွင်းပေးတော်မူသော ဘုရားသခင်၏ကျေးဇူးတော်ကိုငါချီးမွမ်း၏။