“အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ သင်တို့ဖြစ်စေ၊ သင်တို့၏မျိုးဆက်ဖြစ်စေ တစ်စုံတစ်ယောက်သည် လူသေအလောင်းကြောင့် မစင်မကြယ်ဖြစ်နေလျှင်လည်းကောင်း၊ ခရီးလွန်နေလျှင်လည်းကောင်း ထာဝရဘုရားအဖို့ ပသခါပွဲတော်ကို ကျင်းပခွင့်ရှိ၏။
၁ ကော 11:27 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ သခင်ဘုရား၏မုန့်နှင့်ခွက်ကို မထိုက်တန်ဘဲ စားသောက်သောသူသည် သခင်ဘုရား၏ကိုယ်ခန္ဓာတော်နှင့်သွေးတော်ကို ပြစ်မှားရာရောက်၏။ Common Language Bible သို့ဖြစ်၍မရိုမသေဘဲသခင်ဘုရား၏မုန့် ကိုစား၍ ကိုယ်တော်၏ခွက်ဖလားမှစပျစ် ရည်ကိုသောက်သောသူမည်သည်ကား သခင် ဘုရား၏ကိုယ်ခန္ဓာတော်နှင့်သွေးတော်ကို ပြစ်မှားရာရောက်၏။- Garrad Bible သို့ ဖြစ်၍ မည် သူ မ ဆို အ ရှင် ဘု ရား၏ မုန့် တော် ကို ဖြစ် စေ၊ ဖ လား တော် ကို ဖြစ် စေ၊ မ ထိုက် မ တန် စား သောက် လျှင် အ ရှင် ဘု ရား၏ ကိုယ် ခ န္ဓာ တော် နှင့် အ သွေး တော် ကို ပြစ် မှား ရာ ရောက် လိမ့် မည်။ Judson Bible ထိုကြောင့် သခင်ဘုရား၏မုန့်နှင့် ခွက်ကို မထိုက်မတန်ဘဲ စားသောက်သောသူမည်သည်ကား၊ သခင်ဘုရား၏ ကိုယ်တော်နှင့် အသွေးတော်ကို ပြစ်မှားရာရောက်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် မထိုက်မတန်ဘဲ သခင်ဘုရား၏ မုန့်နှင့်ခွက်ကို မထိုက်တန်ဘဲ စားသောက်သောသူသည် သခင်ဘုရား၏ ကိုယ်ခန္ဓာတော်နှင့် အသွေးတော်ကို ပြစ်မှားရာရောက်၏။ |
“အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ သင်တို့ဖြစ်စေ၊ သင်တို့၏မျိုးဆက်ဖြစ်စေ တစ်စုံတစ်ယောက်သည် လူသေအလောင်းကြောင့် မစင်မကြယ်ဖြစ်နေလျှင်လည်းကောင်း၊ ခရီးလွန်နေလျှင်လည်းကောင်း ထာဝရဘုရားအဖို့ ပသခါပွဲတော်ကို ကျင်းပခွင့်ရှိ၏။
သို့သော် တစ်စုံတစ်ယောက်သည် စင်ကြယ်ခြင်းရှိလျက်၊ ခရီးလည်းမလွန်ဘဲလျက် ပသခါပွဲတော်ကို မကျင်းပလျှင် သူသည် မိမိလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။ သတ်မှတ်ထားသောအချိန်၌ ထာဝရဘုရားအား ပူဇော်သက္ကာကို မပူဇော်သောကြောင့် သူသည် ကိုယ့်အပြစ်ကိုယ်ခံရမည်။
ဘုရင်သည် ဧည့်သည်များကိုကြည့်ရှုရန် ကြွလာသောအခါ ထိုနေရာ၌ မင်္ဂလာဆောင်ပွဲထိုင်ဝတ်စုံမဝတ်ထားသောလူတစ်ယောက်ကို မြင်လျှင်
ငါသည် ကောင်းကင်မှဆင်းသက်သည့် အသက်ရှင်သောမုန့်ဖြစ်၏။ မည်သူမဆို ဤမုန့်ကိုစားလျှင် ကာလအစဉ်အဆက်အသက်ရှင်မည်။ လောကီသားတို့၏အသက်အတွက် ငါပေးမည့်မုန့်ကား ငါ၏အသားပေတည်း”ဟု မိန့်တော်မူ၏။
သင်တို့သည် သခင်ဘုရား၏ခွက်ကိုသောက်လျှင် နတ်ဆိုးတို့၏ခွက်ကို သောက်၍မရနိုင်။ သခင်ဘုရား၏စားပွဲကို မျှဝေခံယူလျှင် နတ်ဆိုးတို့၏စားပွဲကို မျှဝေခံယူ၍မရနိုင်။
အကြောင်းမူကား သခင်ဘုရား၏ကိုယ်ခန္ဓာတော်ကို ပိုင်းခြား၍မသိဘဲ စားသောက်သောသူသည် မိမိအပေါ်သို့ ပြစ်ဒဏ်စီရင်ခြင်းကိုသက်ရောက်စေရန် စားသောက်သောသူဖြစ်၏။
သို့ဖြစ်လျှင် ဘုရားသခင်၏သားတော်ကိုနင်းချေ၍ မိမိအားသန့်ရှင်းစေသောပဋိညာဉ်ဆိုင်ရာသွေးတော်ကို မစင်ကြယ်သည့်အရာဟု မှတ်ယူလျက် ကျေးဇူးတော်နှင့်ဆိုင်သောဝိညာဉ်တော်ကို မထီမဲ့မြင်ပြုသောသူသည် မည်မျှလောက် ပို၍ကြီးလေးသောအပြစ်ဒဏ်ကို ခံထိုက်သည်ဟု သင်တို့ထင်ကြသနည်း။