သူသည် ဆံပင်သန်လွန်းသဖြင့် တစ်နှစ်တစ်ခါဆံပင်ညှပ်ရ၏။ သူ၏ဆံပင်သည် တစ်ခါညှပ်လျှင် နန်းတွင်းသုံးအလေးချိန်အရ ရှယ်ကယ်နှစ်ရာခန့်လေး၏။
၁ ကော 11:14 - မြန်မာ့စံမီသမ္မာကျမ်း ယောက်ျားသည် ဆံပင်ရှည်ထားလျှင် သူ့အတွက်ရှက်ဖွယ်ဖြစ်ကြောင်း သဘာဝတရားကိုယ်၌က သင်တို့ကိုသွန်သင်သည်မဟုတ်လော။ Common Language Bible ဆံပင်ရှည်သည့်အမျိုးသားအတွက်ရှက်ဖွယ် ရာဖြစ်ကြောင်း၊- Garrad Bible ယောက်ျား မှာ ရှည် လျား သော ဦး ဆံ ရှိ လျှင် အ သ ရေ ယုတ် ကြောင်း၊ မိန်း မ မှာ ရှည် လျား သော ဦး ဆံ ရှိ လျှင် ခြုံ ထည် အ ဖြစ် ခံ ရ သည့် အ လျောက် ဘုန်း အ သ ရေ ရှိ ကြောင်း ကို ဓ မ္မ တာ တ ရား က ပင် သွန် သင် သည် မ ဟုတ် လော။ Judson Bible ယောက်ျားသည် ရှည်သောဆံပင်ရှိလျှင်၊ ရှက်ဖွယ်သော အကြောင်းဖြစ်သည်ကို သင်တို့အား ပကတိတရားပင် ဆုံးမသွန်သင်သည် မဟုတ်လော။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယောက်ျားသည် ဆံပင်ရှည်ထားလျှင် ထိုယောက်ျားအတွက် ရှက်စရာဖြစ်ကြောင်း သဘာဝတရားအတိုင်း သိသည်မဟုတ်လော။ |
သူသည် ဆံပင်သန်လွန်းသဖြင့် တစ်နှစ်တစ်ခါဆံပင်ညှပ်ရ၏။ သူ၏ဆံပင်သည် တစ်ခါညှပ်လျှင် နန်းတွင်းသုံးအလေးချိန်အရ ရှယ်ကယ်နှစ်ရာခန့်လေး၏။
ယေရှုက“ငါ့ကိုနတ်ဆိုးပူးနေသည်မဟုတ်။ ငါသည် ငါ့ခမည်းတော်ကိုရိုသေ၏။ သင်တို့မူကား ငါ့ကိုမထီလေးစားပြုကြ၏။
မိန်းမသည် ဦးခေါင်းမဖုံးဘဲ ဘုရားသခင်ထံဆုတောင်းခြင်းသည် သင့်လျော်မှုရှိ၊ မရှိ သင်တို့ကိုယ်တိုင်ဆင်ခြင်သုံးသပ်ကြလော့။
မိန်းမမူကား ဆံပင်ရှည်ထားလျှင် သူ့အတွက်ဘုန်းအသရေဖြစ်၏။ အကြောင်းမူကား ဆံပင်ကို ခြုံစရာအဖြစ် သူ့အားပေးထားခြင်းဖြစ်၏။
သူတို့သည် တစ်စုံတစ်ခုကိုသင်ယူလိုလျှင် အိမ်၌ မိမိ၏လင်ယောက်ျားအား မေးမြန်းကြစေ။ အကြောင်းမူကား မိန်းမတစ်ဦးအနေဖြင့် အသင်းတော်၌ဟောပြောခြင်းသည် ရှက်ဖွယ်ဖြစ်၏။