ထို့ကြောင့် မိန်းမသည် ကောင်းကင်တမန်တို့ကိုထောက်၍ အခွင့်အာဏာ၏လက္ခဏာကို မိမိဦးခေါင်းပေါ်၌ ရှိစေသင့်၏။
သို့ဖြစ်၍ကောင်းကင်တမန်များကိုထောက် သောအားဖြင့် အမျိုးသမီးသည်မိမိအပေါ် အမျိုးသားအုပ်စိုးခြင်းကိုဖော်ပြရန်မိမိ ဦးခေါင်းကိုအုပ်သင့်၏။-
ထို အ ကြောင်း ကြောင့် စေ တ မန် တော် တို့ ကို ထောက်၍ မိန်း မ သည် အုပ် စိုး ခံ ရ ခြင်း အ ထိန်း အ မှတ် ကို ဦး ထိပ် ပေါ် မှာ ရှိ သင့် ၏။
ထိုကြောင့်၊ ကောင်းကင်တမန်များကို ထောက်၍၊ မိန်းမသည် မိမိခေါင်းကို ဖုံးရမည်။
ထို့ကြောင့် စောင့်ကြည့်လျက်ရှိသော ကောင်းကင်တမန်များကို ထောက်ရှုသောအားဖြင့် မိန်းမသည် မိမိအခွင့်အာဏာ၏ သင်္ကေတကို မိမိဦးခေါင်းပေါ်၌ ရှိစေသင့်၏။
စာရာကိုလည်း “ကြည့်လော့။ သင်၏အစ်ကိုအား ငွေစတစ်ထောင်ကို ငါပေးပြီ။ ဤငွေသည် သင်နှင့်အတူရှိသောသူအားလုံးရှေ့တွင် သင်၏ဂုဏ်သိက္ခာထိန်းသိမ်းခြင်းအတွက်ဖြစ်လိမ့်မည်။ သင်သည်လည်း အားလုံးရှေ့၌ အပြစ်ကင်းကြောင်းထင်ရှားလိမ့်မည်”ဟု မိန့်ဆို၏။
သင်၏နှုတ်ကြောင့် သင့်အပေါ်၌ အပြစ်မရောက်စေနှင့်။ စေတမန်ရှေ့၌ “ထိုကတိသစ္စာကို မတော်တဆပြုမိပါသည်”ဟု ပြောရသောအကြောင်းမရှိစေနှင့်။ အဘယ်ကြောင့် သင်၏စကားအားဖြင့် ဘုရားသခင်ကို အမျက်ထွက်စေ၍ သင်၏လက်ဖြင့်ပြုသောအမှုကို ဖျက်ဆီးစေမည်နည်း။
ဤငယ်သောသူများထဲမှ တစ်စုံတစ်ဦးကို မထီမဲ့မြင်မပြုမိစေရန် သတိပြုကြလော့။ အကြောင်းမူကား ကောင်းကင်ဘုံရှိ သူတို့၏ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏မျက်နှာတော်ကို အစဉ်မပြတ်ဖူးမြင်ရကြသည်ဟု သင်တို့အား ငါဆို၏။
သို့သော် သခင်ဘုရား၌ မိန်းမသည် ယောက်ျားမပါဘဲဖြစ်သည်မဟုတ်။ ယောက်ျားသည်လည်း မိန်းမမပါဘဲဖြစ်သည်မဟုတ်။
ထို့အတူ ယောက်ျားကို မိန်းမအတွက်ဖန်ဆင်းတော်မူသည်မဟုတ်။ မိန်းမကို ယောက်ျားအတွက်ဖန်ဆင်းတော်မူ၏။
ကောင်းကင်တမန်အားလုံးတို့သည် ကယ်တင်ခြင်းကိုအမွေဆက်ခံမည့်သူများ၏အမှုကိုဆောင်ရွက်ရန် စေလွှတ်ခြင်းခံရသည့် အစေခံဝိညာဉ်များဖြစ်ကြသည်မဟုတ်လော။