ထိုသို့ မိမိတို့၏အပြုအမူများဖြင့် အမျက်တော်ထွက်စေသဖြင့် သူတို့အလယ်တွင် ကပ်ရောဂါဖြစ်ပွားလေ၏။
၁ ကော 10:8 - မြန်မာ့စံမီသမ္မာကျမ်း သူတို့ထဲမှ အချို့တို့သည် တရားနှင့်မညီမေထုန်ပြုသကဲ့သို့ ငါတို့သည် တရားနှင့်မညီမေထုန်ပြုခြင်းအမှုကို မပြုဘဲ နေကြကုန်စို့။ သူတို့သည် တရားနှင့်မညီမေထုန်ပြုသဖြင့် တစ်ရက်အတွင်း လူနှစ်သောင်းသုံးထောင်သေဆုံးခဲ့ကြ၏။ Common Language Bible ငါတို့သည်ထိုသူအချို့တို့ကဲ့သို့ကာမ ဂုဏ်မလိုက်စားကြရ။ သူတို့အနက်တစ် ရက်အတွင်းလူနှစ်သောင်းသုံးထောင်မျှသေ ကြ၏။- Garrad Bible တစ် နေ့ ချင်း တွင် လူ ဦး ရေ နှစ် သောင်း သုံး ထောင် ကျ ဆုံး သည့် တိုင် အောင် အ ချို့ တို့ သည် မ တ ရား သော မေ ထုန် ကို ပြု ကျင့် သ ကဲ့ သို့ ငါ တို့ မ ပြု ကျင့် ကြ ရ။ Judson Bible ထိုသူအချို့တို့သည် ရုပ်တုကို ကိုးကွယ်သကဲ့သို့ မကိုးကွယ်ကြနှင့်။ ထိုသူအချို့တို့သည် မတရားသော မေထုန်အမှုကိုပြု၍ တစ်နေ့ချင်းတွင် လူနှစ်သောင်း သုံးထောင်လဲ၍သေသကဲ့သို့ မပြုဘဲ၊ မတရားသော မေထုန်ကိုရှောင်ကြကုန်အံ့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူတို့ထဲမှ တချို့သည် လိင်မှုကျူးလွန်သကဲ့သို့ ကျွန်ုပ်တို့သည် မကျူးလွန်ဘဲနေကြကုန်စို့။ ထိုသို့ သူတို့သည် လိင်မှုကျူးလွန်ကြသောကြောင့် တစ်နေ့အတွင်း လူနှစ်သောင်းသုံးထောင် သေကြရ၏။ |
ထိုသို့ မိမိတို့၏အပြုအမူများဖြင့် အမျက်တော်ထွက်စေသဖြင့် သူတို့အလယ်တွင် ကပ်ရောဂါဖြစ်ပွားလေ၏။
သို့သော် သင်တို့အား ငါဆိုသည်ကား တရားနှင့်မညီမေထုန်ပြုခြင်းအကြောင်းမှလွဲ၍ မိမိမယားကိုကွာရှင်းသောသူတိုင်းသည် ထိုမယားအား အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်စေ၏။ ကွာရှင်းထားသောမိန်းမနှင့် ထိမ်းမြားစုံဖက်သောသူသည်လည်း အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်၏။
တရားနှင့်မညီမေထုန်ပြုခြင်းကို ရှောင်ကြလော့။ လူပြုတတ်သော အခြားအပြစ်အားလုံးသည် ကိုယ်ခန္ဓာပြင်ပ၌ဖြစ်၏။ တရားနှင့်မညီမေထုန်ပြုသောသူမူကား မိမိကိုယ်ခန္ဓာကိုပြစ်မှား၏။
သို့မဟုတ် မဖြောင့်မတ်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေဆက်ခံရမည်မဟုတ်ကြောင်း သင်တို့မသိကြသလော။ အယူမလွဲကြနှင့်။ တရားနှင့်မညီမေထုန်ပြုသူများ၊ ရုပ်တုကိုးကွယ်သူများ၊ အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်သူများ၊ အမျိုးသားပြည့်တန်ဆာများ၊ လိင်တူဆက်ဆံသူများ၊
သို့သော် သင့်အား ငါအပြစ်ဆိုစရာအနည်းငယ်ရှိ၏။ အကြောင်းမူကား သင့်ထံ၌ ဗာလမ်၏အယူဝါဒကို ခံယူကျင့်သုံးသောသူများရှိ၏။ အစ္စရေးအမျိုးသားတို့သည် ရုပ်တုအားပူဇော်ထားသောအရာများကိုစားကြရန်လည်းကောင်း၊ တရားနှင့်မညီမေထုန်ပြုကြရန်လည်းကောင်း သူတို့ရှေ့၌မှားယွင်းစေသောအရာကိုချထားမည့်အကြောင်း ဗာလမ်သည် ဗာလက်မင်းအား သင်ပေး၏။