ထိုသူတို့သည် မိမိတို့၏ဥစ္စာပစ္စည်းကိုကိုးစား၍ မိမိတို့၏ဓနဥစ္စာကြွယ်ဝမှု၌ ဂုဏ်ယူဝါကြွားကြ၏။
၁ ကော 1:29 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ဘုရားသခင်ရှေ့တော်၌ မည်သူမျှ ဝါကြွားစရာအကြောင်းမရှိ။ Common Language Bible သို့ဖြစ်၍ဘုရားသခင်ရှေ့တော်၌အဘယ် သူမျှဝါကြွားစရာမရှိ။- Judson Bible ထိုကြောင့်၊ ဘုရားသခင်ရှေ့၌ အဘယ်သူမျှ ဝါကြွားစရာ အကြောင်းမရှိ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ဘုရားသခင်ရှေ့တော်၌ မည်သူမျှ ကြွားဝါစရာအကြောင်းမရှိပေ။ |
ထိုသူတို့သည် မိမိတို့၏ဥစ္စာပစ္စည်းကိုကိုးစား၍ မိမိတို့၏ဓနဥစ္စာကြွယ်ဝမှု၌ ဂုဏ်ယူဝါကြွားကြ၏။
ပုဆိန်သည် သူ့ကိုကိုင်သောသူထက် မိမိကိုယ်မိမိအမွှမ်းတင်မည်လော။ လွှသည် သူ့ကိုအသုံးပြုသောသူထက် မိမိကိုယ်မိမိချီးမြှောက်မည်လော။ ကြိမ်လုံးက ကိုင်မြှောက်သောသူကို ပြန်၍လွှဲယမ်းသကဲ့သို့၊ တောင်ဝှေးက သစ်သားမဟုတ်သောလူကို ပြန်၍ကိုင်မြှောက်သကဲ့သို့ ဖြစ်ပါသည်တကား။
ထာဝရဘုရားက “ပညာရှိသောသူသည် မိမိဉာဏ်ပညာ၌ မဝါကြွားစေနှင့်။ ခွန်အားကြီးသောသူသည် မိမိခွန်အား၌ မဝါကြွားစေနှင့်။ ချမ်းသာသောသူသည် မိမိဓနဥစ္စာ၌ မဝါကြွားစေနှင့်”ဟု မိန့်တော်မူ၏။
သို့ဖြစ်၍ ငါသည် ဘုရားသခင်နှင့်စပ်ဆိုင်သောအရာတို့၌ ခရစ်တော်ယေရှုအားဖြင့် ဝါကြွားစရာအကြောင်းရှိ၏။
ပညတ်တရားဆိုထားသမျှတို့သည် ပညတ်တရားအောက်၌ရှိသောသူများအတွက်ဆိုထားကြောင်း ငါတို့သိကြ၏။ ဤသည်ကား နှုတ်ရှိသမျှသည် ပိတ်ထားခြင်းခံရ၍ လောကီသားအပေါင်းတို့သည် ဘုရားသခင်၏တရားစီရင်ခြင်းလက်အောက်သို့ ကျရောက်ကြရန်ဖြစ်၏။
သို့ဖြစ်လျှင် ဝါကြွားစရာအဘယ်မှာရှိသနည်း။ ၎င်းသည် ဖယ်ရှားခြင်းခံရလေပြီ။ မည်သည့်တရားအားဖြင့် ဖယ်ရှားသနည်း။ အကျင့်တရားအားဖြင့်လော။ မဟုတ်ပေ။ ယုံကြည်ခြင်းတရားအားဖြင့် ဖယ်ရှား၏။
အာဗြဟံသည် အကျင့်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရသည်မှန်လျှင် သူ၌ဝါကြွားစရာအကြောင်းရှိ၏။ သို့ရာတွင် ဘုရားသခင်ရှေ့တော်၌ ထိုသို့မဟုတ်ပေ။
သို့ဖြစ်၍ ကျမ်းစာ၌ရေးထားသည်နှင့်အညီ “ဝါကြွားသောသူသည် ထာဝရဘုရား၌သာ ဝါကြွားစေ။”
အကြောင်းမူကား မည်သူသည် သင့်ကိုထူးခြားစေသနည်း။ သင်ခံယူရရှိသောအရာမဟုတ်ဘဲ သင်၌နဂိုကတည်းက ရှိထားသောအရာတစ်စုံတစ်ခုရှိသလော။ သင်ခံယူရရှိခဲ့သည့်အရာဖြစ်သည်မှန်လျှင် ခံယူရရှိခဲ့သည့်အရာမဟုတ်သကဲ့သို့ အဘယ်ကြောင့်ဝါကြွားသနည်း။
သင်တို့၏ဝါကြွားခြင်းသည် ကောင်းသည်မဟုတ်။ အနည်းငယ်သောတဆေးသည် မုန့်ညက်တစ်ပုံလုံးကို ဖောင်းပွစေတတ်သည်ကို သင်တို့မသိကြသလော။
မိမိပြုသောအမှုများကြောင့်မဟုတ်။ သို့ဖြစ်၍ မည်သူမျှ ဝါကြွားစရာအကြောင်းမရှိ။