ထိုသို့ ဂျူးလူမျိုးတို့ စတင်ကျင်းပသည့်ပွဲနှင့်ပတ်သက်၍ မော်ဒကဲရေးသားထားသည့်အတိုင်း ဆက်လက်ကျင်းပရန် သဘောတူကြ၏။
ယုဒအမျိုးသားတို့သည်မော်ဒကဲ၏ညွှန် ကြားချက်များကိုလိုက်နာကြသဖြင့် ထို ပွဲတော်ကိုနှစ်စဉ်နှစ်တိုင်းကျင်းပသည့် ဋ္ဌလေ့ထုံးစံဖြစ်လာသည်။
ယု ဒ လူ မျိုး ကုန် ဆုံး ပျက် စီး စေ ရန် ပု ရ မဲ ကို ချ သော၊ ယု ဒ လူ မျိုး အ ပေါင်း တို့၏ ရန် သူ၊ အာ ဂတ် အ မျိုး ဟ မ္မေ ဒါ သ သား ဟာ မန် ဖျက် ဆီး မည့် ကြံ စည် ကြောင်း ကို၊ ဘု ရင် မင်း ရှေ့ တော်၌ တင် လျှောက် သော အ ခါ၊ သူ တို့ တစ် ဘက် ကြံ စည် ခဲ့ သော ဘေး ကို၊ ချင့် ဦး ထိပ် သို့ ပြန် ရောက် စေ၍၊ သား များ တို့ ပါ၊ လည် ဆွဲ တိုင်၌ ဆွဲ ထား ဒဏ် ခံ စေ ဟု၊ အ မိန့် စာ ထုတ် ဆင့် သည် နှင့် အ ညီ၊ ယု ဒ လူ မျိုး အ စ ပြု သ ကဲ့ သို့ ပြု မြဲ ပြု သည့် ပြင်၊
ယုဒလူတို့သည်လည်း၊ ပြုစရှိ၍ မော်ဒကဲမှာလိုက်သည်အတိုင်း အမြဲပြုပါမည်ဟု ဝန်ခံကြ၏။
ထိုနေ့ရက်များသည် ရန်သူတို့လက်မှ ဂျူးလူမျိုးတို့ လွတ်မြောက်သောနေ့ဖြစ်၏။ ထိုလသည် ဝမ်းနည်းရာမှ ဝမ်းမြောက်ရသောလ၊ ငိုကြွေးမြည်တမ်းရာမှ ပျော်ပွဲကျင်းပရသောလ ဖြစ်၏။ ထို့ကြောင့် ထိုနေ့တို့၌ စားသောက်ပွဲကို ပျော်ရွှင်စွာကျင်းပရမည်။ အိမ်နီးချင်းတစ်ဦးကိုတစ်ဦး စားသောက်ဖွယ်ရာများကို ပေးကမ်းဝေငှရမည်။ နွမ်းပါးသူတို့ကို ပေးကမ်းစွန့်ကြဲရမည်ဟု ပါရှိ၏။
အကြောင်းမူကား ဂျူးတစ်မျိုးသားလုံး၏ရန်သူ အာဂတ်လူမျိုး ဟမ္မေဒါသ၏သားဟာမန်သည် ဂျူးလူမျိုးတို့ကိုဖျက်ဆီးရန် ကြံစည်ခဲ့၏။ ဂျူးတစ်မျိုးသားလုံး ပျောက်ကွယ်သွားအောင် ဖျက်ဆီးရမည့်နေ့ရက်ကို ပုရမဲချဆုံးဖြတ်ခဲ့၏။