ထိုအခါ ယေဟုက ပြတင်းပေါက်သို့မော့ကြည့်ပြီး “မည်သူရှိသနည်း၊ ငါ့ဘက်မှာ မည်သူနေမည်နည်း”ဟု မေး၏။ ထိုအခါ မိန်းမစိုးနှစ်ဦးသုံးဦးက သူ့ကို ငုံ့ကြည့်ကြသဖြင့်
ဧသတာ 7:9 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ မိန်းမစိုးတစ်ဦးဖြစ်သော ဟာဗောနက ရှင်ဘုရင်အား “အရှင်မင်းကြီးကောင်းကျိုးအတွက် လျှောက်တင်ခဲ့သောမော်ဒကဲကို ချိတ်ဆွဲရန် ဟာမန်ပြုလုပ်ထားသည့် အတောင်ငါးဆယ်မြင့်သောသစ်တိုင်သည် ဟာမန်အိမ်၌စိုက်ထူထားပါသည်”ဟု လျှောက်တင်လျှင် ရှင်ဘုရင်က “ထိုသစ်တိုင်ပေါ်တွင် သူ့ကိုချိတ်ဆွဲထားစေ”ဟု အမိန့်ပေးလေ၏။ Common Language Bible ထိုနောက်မိန်းမစိုးဟာဗောနက``ဟာမန် သည်အရှင်မင်းကြီး၏အသက်ကိုကယ် ဆယ်သူမော်ဒကဲအားသတ်ရန် မိမိ၏ အိမ်၌လည်ဆွဲစိုက်ထူထားပါသည်။ ထို လည်ဆွဲတိုင်သည်ခုနစ်ဆယ့်ငါးပေမြင့် ပါ၏'' ဟုလျှောက်လေ၏။ မင်းကြီးက``ဟာမန်ကိုထိုတိုင်၌ဆွဲထား ကွပ်မျက်စေ'' ဟုအမိန့်ပေးတော်မူ၏။ Garrad Bible အ ပါး တော် မြဲ မိန်း မ စိုး ဟာ ဗော န က လည်း၊ ဘု ရင် မင်း အ ကျိုး တော် ကို လို လား သော မော် ဒ ကဲ အ ဖို့ ဟာ မန် စိုက် သော အ မြင့် တောင် ရေ ငါး ဆယ် ရှိ လည် ဆွဲ တိုင် သည်၊ ချင့် အိမ် ဝင်း၌ ရှိ ပါ သည် ဟု တင် လျှောက် သော်၊ ထို တိုင်၌ ဆွဲ ထား စေ ဟူ သော အ မိန့် တော် အ တိုင်း၊ Judson Bible မိန်းမစိုး ဟာဗောနကလည်း၊ အရှင်မင်းကြီး၏ အကျိုးတော်ကိုစောင့်၍ လျှောက်ထားသော မော်ဒကဲအဖို့ ဟာမန်လုပ်၍ အတောင်ငါးဆယ်မြင့်သော လည်ဆွဲချတိုင်သည်၊ ဟာမန်အိမ်၌ စိုက်ထားလျက် ရှိပါ၏ဟု နားတော်လျှောက်သော်၊ ထိုတိုင်၌ လည်ဆွဲချစေဟု ရှင်ဘုရင်မိန့်တော်မူ၏။ |
ထိုအခါ ယေဟုက ပြတင်းပေါက်သို့မော့ကြည့်ပြီး “မည်သူရှိသနည်း၊ ငါ့ဘက်မှာ မည်သူနေမည်နည်း”ဟု မေး၏။ ထိုအခါ မိန်းမစိုးနှစ်ဦးသုံးဦးက သူ့ကို ငုံ့ကြည့်ကြသဖြင့်
ခုနစ်ရက်မြောက်သောနေ့တွင် အာရွှေရုမင်းကြီးသည် စပျစ်ဝိုင်အရှိန်ကြောင့် စိတ်မြူးလာပြီး မိမိရှေ့တော်၌ခစားသော မိန်းမစိုးခုနစ်ဦးဖြစ်ကြသည့် မဟုမန်၊ ဗိဇသ၊ ဟာဗောန၊ ဗိဂသ၊ အဗာဂသ၊ ဇေသာနှင့် ကာကက် တို့ကိုခေါ်၍
ထိုအခါ သူ့ဇနီးဇေရက်နှင့် သူ့မိတ်ဆွေအပေါင်းတို့က “အတောင်ငါးဆယ်မြင့်သောသစ်တိုင်တစ်ခုကိုပြုလုပ်စေပြီး မော်ဒကဲကို ထိုသစ်တိုင်ပေါ်တွင်ဆွဲထားမည့်အကြောင်း မနက်ဖြန်မနက်တွင် ရှင်ဘုရင်ထံ အခွင့်တောင်းပါ။ ပြီးမှ ရှင်ဘုရင်နှင့်အတူ စားသောက်ပွဲသို့ ဝမ်းမြောက်စွာသွားပါ”ဟု အကြံပေးကြ၏။ ဟာမန်သည်လည်း ထိုအကြံကိုနှစ်သက်သဖြင့် သစ်တိုင်ကိုပြုလုပ်စေ၏။
ထိုသို့ ပြောဆိုနေကြစဉ်တွင်ပင် မိန်းမစိုးတို့ရောက်လာ၍ ဧသတာပြင်ဆင်ထားသောစားသောက်ပွဲသို့ ဟာမန်ကို အလျင်အမြန်ခေါ်သွားကြ၏။
ထိုမှတ်တမ်းထဲတွင် ဘုရင့်မိန်းမစိုးနှစ်ဦးဖြစ်သော တံခါးစောင့်ဗိဂသန်နှင့်တေရက်တို့သည် အာရွှေရုမင်းကြီးကိုလုပ်ကြံရန် အခွင့်ကောင်းရှာသည့်အကြောင်းကို မော်ဒကဲထုတ်ဖော်ပြောကြားခဲ့ကြောင်း ရေးမှတ်ထားသည်ကိုတွေ့ရှိရ၏။
ထိုအခါ အာရွှေရုမင်းကြီးက မိဖုရားဧသတာနှင့် ဂျူးလူမျိုးမော်ဒကဲအား “ဟာမန်သည် ဂျူးလူမျိုးတို့ကို လုပ်ကြံသတ်ဖြတ်ရန် ကြံစည်သောကြောင့် သူ့ကို သစ်တိုင်မှာဆွဲထားစေလေပြီ။ ဟာမန်၏အိမ်ကိုလည်း ဧသတာအား ပေးအပ်လေပြီ။
ရှင်ဘုရင်သည်လည်း ထိုသို့ပြုရန်အမိန့်ပေးလိုက်၏။ ထိုအမိန့်ကို ရှုရှန်မြို့၌ထုတ်ပြန်ကြေညာပြီး ဟာမန်၏သားဆယ်ယောက်တို့ကို သစ်တိုင်၌ ဆွဲထားကြ၏။
သို့သော် ထိုသတင်း ဘုရင့်ထံပေါက်ကြားသောအခါ ရှင်ဘုရင်က ဂျူးလူမျိုးတို့အား ဖျက်ဆီးရန်ကြံစည်သော ဟာမန်၏ယုတ်မာသောအကြံအစည်ကို သူ့ခေါင်းပေါ်ပြန်ရောက်စေမည်ဟူ၍လည်းကောင်း၊ သူနှင့်သူ့သားများကို သစ်တိုင်၌ ဆွဲထားရမည်ဟူ၍လည်းကောင်း အမိန့်စာထုတ်ပြန်၏။
အကျွန်ုပ်သည် ထိုကျော့ကွင်းတို့ကို ကျော်လွန်သွားသောအခါ ဆိုးယုတ်သောသူတို့သည် မိမိတို့ထောင်ထားသော ကျော့ကွင်းထဲသို့ အတူတကွကျကြပါစေသော။
ပျက်စီးဆုံးပါးခြင်းသည် ထိုသို့သောသူအပေါ် အမှတ်မထင်ကျရောက်ပါစေသော။ သူလျှို့ဝှက်စွာထောင်ထားသောပိုက်ကွန်၌ သူကိုယ်တိုင်ပြန်မိ၍ ထိုပျက်စီးဆုံးပါးခြင်းထဲသို့ပင် ကျရောက်ပါစေသော။
သူတို့သည် ချက်ချင်းပင် ကြီးစွာသောပျက်စီးခြင်းသို့ရောက်၍ ထိတ်လန့်ဖွယ်ရာများဖြင့် အကုန်အစင် ဖယ်ရှားခြင်းခံကြရပါသည်တကား။
ရှင်ဘုရင်သည် ဒံယေလအား စွပ်စွဲခဲ့သောသူတို့ကို ခေါ်ဆောင်လာစေ၍ ခြင်္သေ့တွင်းထဲသို့ ပစ်ချရန် အမိန့်ပေးလေ၏။ ထိုသူတို့ကို သားသမီး၊ ဇနီးများနှင့်တကွ ခြင်္သေ့တွင်းထဲသို့ပစ်ချလိုက်ရာ တွင်းအောက်ခြေမရောက်မီပင် ခြင်္သေ့တို့သည် သူတို့ကို ခုန်အုပ်၍အရိုးပါမကျန် ချိုးဖဲ့ကိုက်စားကြလေ၏။
အရှင်မင်းကြီး၊ ဤရက်သုံးဆယ်အတွင်း အရှင်မင်းကြီးမှလွဲ၍ အခြားဘုရားကိုဖြစ်စေ၊ လူကိုဖြစ်စေ အသနားခံဆုတောင်းသောသူ မည်သူမဆို ခြင်္သေ့တွင်းထဲသို့ ပစ်ချခြင်းခံရမည်ဟူသောတားမြစ်အမိန့်ကို အတည်ပြုအမိန့်ထုတ်ပြန်စေလိုပါသည်ဟု နိုင်ငံအကြီးအကဲများဖြစ်သည့်အုပ်ချုပ်ရေးမှူးများနှင့် အုပ်ချုပ်ရေးအရာရှိများ၊ မင်းအတိုင်ပင်ခံများ၊ ဘုရင်ခံများအားလုံးသဘောတူတိုင်ပင်ကြပါ၏။
ဒါဝိဒ်သည် ပြေးသွား၍ ဖိလိတ္တိပြည်သားကို ဖိနင်းထား၏။ ထိုသူ၏ဓားကိုလည်း ဓားအိမ်မှဆွဲထုတ်ယူပြီးလျှင် ထိုဓားဖြင့် သူ့ကို သတ်ကာ ဦးခေါင်းကို ဖြတ်လေ၏။ ဖိလိတ္တိလူမျိုးတို့သည်လည်း မိမိတို့၏လူစွမ်းကောင်း ကျဆုံးသည်ကိုမြင်လျှင် ထွက်ပြေးကြလေ၏။