သို့သော် ဟာမန်သည် စိတ်ကိုထိန်း၍ အိမ်သို့ရောက်ပြီးမှ မိမိဇနီးဇေရက်နှင့် မိမိမိတ်ဆွေတို့ကို လူလွှတ်ခေါ်စေ၏။
သို့သော်လည်းသူသည်မိမိစိတ်ကိုချုပ်တည်း လျက်အိမ်သို့ပြန်ပြီးလျှင် မိတ်ဆွေများကို မိမိအိမ်သို့ခေါ်ဖိတ်ကာမိမိဇနီးဇေရတ် ကိုလည်းသူတို့နှင့်အတူထိုင်စေ၏။-
ဒေါ သ ထွက် သော် လည်း၊ ချုပ် တည်း လျက် အိမ် သို့ သွား၍ မ ယား ဇေ ရက် နှင့် အ ဆွေ ခင် ပွန်း တို့ ကို ခေါ် ပြီး လျှင်၊ ကိုယ့် စည်း စိမ် ကြီး မြတ် ကြောင်း ကို လည်း ကောင်း၊
သို့ရာတွင် မိမိစိတ်ကို ချုပ်တည်းလျက်သွား၍၊ မိမိအိမ်သို့ရောက်သောအခါ၊ မယားဇေရက်နှင့် အဆွေခင်ပွန်းတို့ကို ခေါ်ပြီးလျှင်၊
ထိုအခါ ယောသပ်သည် မိမိအနား၌ရပ်နေသောသူအပေါင်းတို့ရှေ့တွင် မိမိစိတ်ကို မထိန်းနိုင်သဖြင့် “လူအားလုံး ငါ့ထံမှထွက်သွားကြ”ဟု ဟစ်အော်လေ၏။ ဤသို့ဖြင့် ယောသပ်သည် သူ့အနား၌ အခြားမည်သူတစ်ယောက်မျှမရှိသောအခါ မိမိညီအစ်ကိုတို့အား မိမိမည်သူဖြစ်ကြောင်း ပြောပြ၏။
ဟာမန်က သူတို့အား မိမိမည်မျှ ဓနဥစ္စာဂုဏ်ရှိန်ကြီးကြောင်း၊ သားသမီးများပြားကြောင်း၊ ရှင်ဘုရင်သည်လည်း မိမိအား မည်မျှချီးမြှင့်မြှောက်စားကြောင်း၊ အခြားမှူးမတ်များနှင့် မင်းမှုထမ်းများထက် ရာထူးတိုးမြှင့်ပေးကြောင်းတို့ကို ဝါကြွားပြောဆိုလေ၏။
ထို့နောက် ဟာမန်သည် မိမိဇနီးဇေရက်နှင့် မိမိမိတ်ဆွေအပေါင်းတို့အား ဖြစ်ပျက်ခဲ့သမျှတို့ကို ပြောပြရာ သူ့ဇနီးဇေရက်နှင့် သူ့ကို အကြံပေးသူတို့က “ယခု သင်သည် မော်ဒကဲကို စတင်ပြီးရှုံးနိမ့်လေပြီ။ သူသည် ဂျူးလူမျိုးမှန်လျှင် သူ့ကို သင်အနိုင်ရလိမ့်မည်မဟုတ်။ သူ့ကို သင်မုချရှုံးလိမ့်မည်”ဟု ပြန်ပြောကြ၏။
အမျက်ဒေါသသည် မိုက်မဲသောသူတို့၏ရင်ခွင်ထဲ၌ ကိန်းအောင်းတတ်သည်ဖြစ်၍ သင့်စိတ်ထဲတွင် အမျက်ဒေါသ အလျင်စလိုမထွက်ပါစေနှင့်။