မိဖုရားဝါရှတိ၏အလှကို လူအများနှင့်မှူးမတ်များရှေ့တွင် ပွဲထုတ်ပြသရန် သူ့အား တော်ဝင်သရဖူဆောင်းစေ၍ ဘုရင့်ရှေ့တော်သို့ခေါ်လာစေ၏။ မိဖုရားသည် ရုပ်ဆင်းသွင်ပြင်လှပသောသူဖြစ်၏။
ဧသတာ 5:1 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သုံးရက်မြောက်နေ့တွင် ဧသတာသည် နန်းဝတ်နန်းစားကိုဝတ်ဆင်၍ ဘုရင့်ခန်းမဆောင်နှင့်မျက်နှာချင်းဆိုင် နန်းတွင်းဆောင်တွင် ရပ်နေ၏။ ရှင်ဘုရင်သည်လည်း ဘုရင့်ခန်းမဆောင်အဝင်ဝသို့မျက်နှာမူလျက် ခန်းမတွင်းရှိရာဇပလ္လင်ပေါ်တွင် စံမြန်းနေ၏။ Common Language Bible ဧသတာသည်မိမိအစာရှောင်၍ သုံးရက်မြောက် သောနေ့၌မိဖုရား၏အဝတ်တန်ဆာကိုဝတ် ဆင်ကာ ရာဇပလ္လင်တည်ရာခန်းမဆောင်၏ရှေ့ ၌ရှိသောနန်းတော်အတွင်းတံတိုင်းသို့သွား ၍ရပ်နေလေသည်။ မင်းကြီးသည်အဝင်ဝ ဘက်သို့လှည့်၍ထိုင်လျက်နေ၏။- Garrad Bible သုံး ရက် မြောက် သော နေ့၌ ဧ သ တာ သည်၊ မာ လိ က တန် ဆာ ကို ဆင် ယင် ပြီး လျှင်၊ နန်း တော် အ တွင်း မြို့ ရိုး၊ နန်း ဦး ရင် ဆိုင် ရပ် နေ ရာ၊ နန်း ဦး မုတ် ဝ တူ ရူ ရာ ဇ ပ လ္လင် ထက် စံ နေ သော ဘု ရင် မင်း သည်၊ Judson Bible သုံးရက်မြောက်သောနေ့၌၊ ဧသတာသည် မိဖုရားအဝတ်တန်ဆာကို ဝတ်ဆင်၍၊ နန်းတော် အဆောင်မ တစ်ဖက်တစ်ချက်၊ နန်းတော်အတွင်း တံတိုင်းထဲမှာ ရပ်နေ၏။ ရှင်ဘုရင်သည် နန်းတော်တံခါး တစ်ဖက်တစ်ချက်၊ နန်းတော်ထဲ၊ ရာဇပလ္လင်ပေါ်မှာ ထိုင်တော်မူ၏။ |
မိဖုရားဝါရှတိ၏အလှကို လူအများနှင့်မှူးမတ်များရှေ့တွင် ပွဲထုတ်ပြသရန် သူ့အား တော်ဝင်သရဖူဆောင်းစေ၍ ဘုရင့်ရှေ့တော်သို့ခေါ်လာစေ၏။ မိဖုရားသည် ရုပ်ဆင်းသွင်ပြင်လှပသောသူဖြစ်၏။
ရှုရှန်နန်းတော်တွင် မော်ဒကဲဟုခေါ်သော ဂျူးလူမျိုးတစ်ဦးရှိ၏။ သူသည် ဗင်္ယာမိန်အမျိုး ကိရှ၏မြစ်၊ ရှိမိ၏မြေး၊ ယာဣရ၏သားဖြစ်၏။
“ရှင်ဘုရင်က ဆင့်ခေါ်ခြင်းမရှိဘဲ နန်းတွင်းဆောင်ရှိ ရှင်ဘုရင်ထံသို့ ဝင်လာသောသူ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ထိုသူအတွက် တစ်ခုတည်းသောအမိန့်မှာ သေဒဏ်ဖြစ်၏။ ရှင်ဘုရင်၏ရွှေရာဇလှံတံကမ်းလှမ်းခြင်းခံရသောသူသာ အသက်ချမ်းသာခွင့်ရ၏။ ဤအမိန့်ကို ရှင်ဘုရင်၏အမှုထမ်းအားလုံးမှစ၍ ရှင်ဘုရင်ပိုင်နယ်မြေဒေသအသီးသီးမှလူတို့ သိကြ၏။ အကျွန်ုပ်သည်လည်း ရှင်ဘုရင်ထံသို့ဝင်ရန်ဆင့်ခေါ်ခြင်းမခံရသည်မှာ ရက်ပေါင်းသုံးဆယ်ရှိပြီ”ဟု ဟာတက်မှတစ်ဆင့် အကြောင်းပြန်လိုက်၏။
“ရှုရှန်မြို့တွင် ရှိသမျှသောဂျူးလူမျိုးတို့ကို သွား၍စုစည်းပြီး နေ့ရောညပါ သုံးရက်ပတ်လုံး မစားမသောက်ဘဲ အကျွန်ုပ်အတွက် အစာရှောင်ဆုတောင်းကြပါ။ အကျွန်ုပ်နှင့် အစေခံမိန်းကလေးများသည်လည်း ထိုနည်းတူ အစာရှောင်ဆုတောင်းကြပါမည်။ ထို့နောက် ဥပဒေနှင့်ဆန့်ကျင်သော်လည်း ရှင်ဘုရင်ထံအခစားဝင်မည်။ သေရမည်ဆိုလျှင်လည်း အသေခံပါမည်”ဟု ပြန်ပြောလိုက်၏။
ထိုအခါ ရှင်ဘုရင်က “နန်းတော်ဝင်းထဲတွင် မည်သူရှိသနည်း”ဟု မေး၏။ ထိုအချိန်တွင် ဟာမန်သည် သူလုပ်ထားသောသစ်တိုင်တွင် မော်ဒကဲကိုချိတ်ဆွဲမည့်အကြောင်း ရှင်ဘုရင်ထံခွင့်ပန်ရန် ဘုရင့်နန်းတော်ဝင်းအပြင်ဘက်တွင် ရောက်နေ၏။
မော်ဒကဲသည် အပြာရောင်နှင့်အဖြူရောင်ချည်ချောထည် မင်းအဝတ်တန်ဆာဝတ်ဆင်၍ ရွှေသရဖူကြီးကိုဆောင်းလျက်၊ ခရမ်းရောင်ပိတ်ချောဝတ်လုံကိုခြုံလျက် ဘုရင့်ထံမှထွက်လာသောအခါ ရှုရှန်နန်းတော်တစ်ခုလုံး ဝမ်းမြောက်စွာ ကြွေးကြော်ကြလေ၏။
နားထောင်ကြလော့။ ဝံပုလွေများထဲသို့ သိုးတို့ကိုစေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။ ထို့ကြောင့် မြွေကဲ့သို့လိမ္မာပါးနပ်လျက် ချိုးငှက်ကဲ့သို့ရိုးသားဖြူစင်ကြလော့။
သို့မဟုတ်လျှင် မည်သည့်အရာကိုကြည့်ရှုရန် ထွက်သွားကြသနည်း။ နူးညံ့သောအဝတ်များဝတ်ဆင်ထားသောသူကိုလော။ နူးညံ့သောအဝတ်များဝတ်ဆင်ထားသောသူတို့သည် ဘုရင့်နန်းတော်များ၌ရှိကြ၏။
ထို့ကြောင့် သုံးရက်မြောက်သောနေ့တိုင်အောင် သင်္ချိုင်းဂူကို စောင့်ကြပ်ထားရန် အမိန့်ပေးပါ။ သို့မဟုတ်လျှင် သူ၏တပည့်တို့သည်လာ၍ အလောင်းကိုခိုးယူကာ ‘သူသည် သေသောသူတို့ထဲမှ ထမြောက်ပြီ’ဟု လူတို့အားပြောကြလိမ့်မည်။ ထိုအခါ နောက်လှည့်ဖြားမှုသည် ယခင်လှည့်ဖြားမှုထက် ပို၍ဆိုးပါလိမ့်မည်”ဟု လျှောက်ထားကြ၏။
သင်တို့သည် ငါ၏နိုင်ငံတော်၌ ငါ၏စားပွဲတွင်ထိုင်လျက် စားသောက်ရကြလိမ့်မည်။ ထို့ပြင် ပလ္လင်များပေါ်ထိုင်လျက် အစ္စရေးမျိုးနွယ်စုတစ်ဆယ့်နှစ်စုတို့ကို တရားစီရင်ရကြလိမ့်မည်။
ငါသည် အောင်မြင်၍ ငါ့ခမည်းတော်နှင့်အတူ ခမည်းတော်၏ပလ္လင်ပေါ်တွင်ထိုင်ရသကဲ့သို့ အောင်မြင်သောသူအား ငါ၏ပလ္လင်ပေါ်တွင် ငါနှင့်အတူထိုင်ရသောအခွင့်ကို ငါပေးမည်။