ဟာတက်သည်လည်း မော်ဒကဲရှိရာ ဘုရင့်နန်းတော်တံခါးရှေ့ မြို့တော်ရင်ပြင်သို့ သွားလေ၏။
ဧသတာ 4:7 - မြန်မာ့စံမီသမ္မာကျမ်း မော်ဒကဲသည်လည်း သူကြုံတွေ့နေရသောအဖြစ်အပျက်အားလုံးနှင့် ဟာမန်က ဂျူးလူမျိုးတို့ကိုသုတ်သင်ပစ်ရန် ဘုရင့်ဘဏ္ဍာတိုက်ထဲသို့သွင်းမည်ဟု ကတိပြုသည့်ငွေသားပမာဏအတိအကျကိုပါ ဟာတက်အား ပြောပြ၏။ Common Language Bible မော်ဒကဲကသူ့အားဖြစ်ပျက်ခဲ့သည့် အမှုအရာအလုံးစုံကိုလည်းကောင်း၊ ယုဒအမျိုးသားအပေါင်းတို့ကိုကွပ် မျက်လျှင်ဘုရင့်ဘဏ္ဍာတော်သို့ငွေမည်မျှ ပေးသွင်းရန် ဟာမန်ကတိပြုထားကြောင်း ကိုလည်းကောင်းပြောပြ၏။- Garrad Bible မော် ဒ ကဲ သည် ကိုယ် ၌ ဖြစ် ပျက် သ မျှ ကို လည်း ကောင်း၊ ယု ဒ လူ မျိုး တို့ ကို ကွပ် မျက် လို၍ ဘ ဏ္ဍာ တော် ထဲ သို့ သွင်း ရန် ဟာ မန် က တိ ထား သော ငွေ ချိန် ကို လည်း ကောင်း၊ ဖော် ပြ ပြီး လျှင်၊ Judson Bible မော်ဒကဲသည် မိမိ၌ရောက်သောအမှု ရှိသမျှကိုလည်းကောင်း၊ ဟာမန်သည် ယုဒလူတို့ကို ဖျက်ဆီးခြင်းငှာ၊ ငွေမည်မျှကို ဘဏ္ဍာတော်တိုက်ထဲသို့ သွင်းပါမည်ဟု ကတိထားကြောင်းကိုလည်းကောင်း ကြားပြောလျက်၊ |
ဟာတက်သည်လည်း မော်ဒကဲရှိရာ ဘုရင့်နန်းတော်တံခါးရှေ့ မြို့တော်ရင်ပြင်သို့ သွားလေ၏။