ဘုရင့်အမိန့်စာရောက်ရှိသည့် နယ်မြေဒေသအသီးသီးတို့မှ ဂျူးလူမျိုးတို့သည် အကြီးအကျယ်ငိုကြွေးမြည်တမ်းကြလေ၏။ အစာရှောင်လျက်၊ ငိုကြွေးလျက်၊ မြည်တမ်းလျက် လူအများတို့သည် လျှော်တေအဝတ်ကိုဝတ်၍ ပြာ၌လူးကြလေ၏။
ဧသတာ 4:6 - မြန်မာ့စံမီသမ္မာကျမ်း ဟာတက်သည်လည်း မော်ဒကဲရှိရာ ဘုရင့်နန်းတော်တံခါးရှေ့ မြို့တော်ရင်ပြင်သို့ သွားလေ၏။ Common Language Bible ဟာတက်သည်နန်းတော်တံခါးရှေ့မြို့တော် ကွက်လပ်တွင်ရှိသောမော်ဒကဲထံသို့သွား၏။- Garrad Bible မော် ဒ ကဲ ရှိ ရာ နန်း တော် တံ ခါး ရှေ့၊ မြို့ တော် ကျယ် ဝန်း ရာ အ ရပ် သို့၊ ဟာ တက် သွား ရောက် ရာ၊ Judson Bible ဟာတက်သည် မော်ဒကဲရှိရာ နန်းတော်တံခါးရှေ့၊ မြို့တော်လမ်းသို့သွား၍၊ |
ဘုရင့်အမိန့်စာရောက်ရှိသည့် နယ်မြေဒေသအသီးသီးတို့မှ ဂျူးလူမျိုးတို့သည် အကြီးအကျယ်ငိုကြွေးမြည်တမ်းကြလေ၏။ အစာရှောင်လျက်၊ ငိုကြွေးလျက်၊ မြည်တမ်းလျက် လူအများတို့သည် လျှော်တေအဝတ်ကိုဝတ်၍ ပြာ၌လူးကြလေ၏။
ထိုအခါ ဧသတာသည် မိမိအဖို့ ရှင်ဘုရင်ခန့်ထားပေးသောမိန်းမစိုးဟာတက်ကို ဆင့်ခေါ်၍ မော်ဒကဲသည် မည်သည့်အကြောင်းကြောင့်၊ မည်သည့်အတွက်ကြောင့် ဤသို့ပြုမူနေသည်ကို စုံစမ်းကြည့်ရန် စေလွှတ်လိုက်၏။
မော်ဒကဲသည်လည်း သူကြုံတွေ့နေရသောအဖြစ်အပျက်အားလုံးနှင့် ဟာမန်က ဂျူးလူမျိုးတို့ကိုသုတ်သင်ပစ်ရန် ဘုရင့်ဘဏ္ဍာတိုက်ထဲသို့သွင်းမည်ဟု ကတိပြုသည့်ငွေသားပမာဏအတိအကျကိုပါ ဟာတက်အား ပြောပြ၏။
ဒုတိယနေ့ စပျစ်ဝိုင်သောက်ချိန်တွင်လည်း ရှင်ဘုရင်က မိဖုရားဧသတာအား “မိဖုရားဧသတာ၊ သင်ဘာအလိုရှိသနည်း။ သင့်ကို ငါပေးမည်။ သင်ဘာတောင်းဆိုလိုသနည်း။ သင်တောင်းသမျှ နိုင်ငံတော်တစ်ဝက်အထိ သင့်ကို ငါပေးမည်”ဟု မိန့်ဆို၏။
ထိုအခါ ရှင်ဘုရင်က မိဖုရားဧသတာအား “ဂျူးလူမျိုးတို့သည် ရှုရှန်နန်းတော်တွင် လူငါးရာနှင့် ဟာမန်၏သားဆယ်ယောက်တို့ကို သတ်ဖြတ်ဖျက်ဆီးကြပြီ။ ကျန်ဘုရင့်နယ်မြေများတွင်လည်း မည်သို့ပြုကြပြီနည်း။ ယခု သင်မည်သည်ကိုအလိုရှိသေးသနည်း။ သင့်အား ငါပေးမည်။ သင်မည်သည့်အရာတောင်းဆိုလိုသေးသနည်း။ သင်တောင်းဆိုသည်ကို ငါပေးမည်”ဟု မိန့်ဆို၏။