ဖခင်ကလည်း “ယခု သွား၍ သင့်အစ်ကိုတို့၏အခြေအနေ၊ သိုးဆိတ်တို့၏အခြေအနေကို ကြည့်ရှုပြီးလျှင် ငါ့ကိုပြန်လာပြောပြလော့”ဟု ဆိုပြီး သူ့ကိုဟေဗြုန်ချိုင့်ဝှမ်းမှစေလွှတ်လိုက်၏။ ယောသပ်သည် ရှေခင်မြို့သို့ရောက်ပြီး
ဧသတာ 2:11 - မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် မော်ဒကဲသည် ဧသတာ၏အခြေအနေအကျိုးအကြောင်းကိုသိရှိရန် အပျိုတော်နန်းဆောင်ဝင်းရှေ့သို့ နေ့တိုင်း သွားလေ့ရှိ၏။ Common Language Bible နေ့စဉ်နေ့တိုင်းပင်မော်ဒကဲသည်ဧသတာ ၏အခြေအနေကိုလည်းကောင်း၊ သူ့အား အဘယ်သို့ပြုကြမည်ကိုလည်းကောင်းသိရှိ နိုင်ရန် အပျိုတော်ဆောင်ဝင်းရှေ့၌ခေါက်တုန့် ခေါက်ပြန်လျှောက်လျက်နေတတ်၏။ Garrad Bible မော် ဒ ကဲ လည်း၊ ဧ သ တာ၌ မည် သို့ ရှိ နေ သည်၊ မည် သို့ ဖြစ် ပျက် မည် ကို သိ ခြင်း ငှာ၊ မှန် နန်း တံ တိုင်း ပြင် မှာ၊ နေ့ စဉ် လျှောက် သွား လေ့ ရှိ၏။ Judson Bible ဧသတာသည် အဘယ်သို့ရှိသည်ကိုလည်းကောင်း၊ သူ၌ အဘယ်သို့ ပြုကြလိမ့်မည်ကိုလည်းကောင်း၊ မော်ဒကဲသည် သိခြင်းငှာ အပျိုတော်နန်းဝင်းရှေ့မှာ နေ့တိုင်းသွားလာ၏။ |
ဖခင်ကလည်း “ယခု သွား၍ သင့်အစ်ကိုတို့၏အခြေအနေ၊ သိုးဆိတ်တို့၏အခြေအနေကို ကြည့်ရှုပြီးလျှင် ငါ့ကိုပြန်လာပြောပြလော့”ဟု ဆိုပြီး သူ့ကိုဟေဗြုန်ချိုင့်ဝှမ်းမှစေလွှတ်လိုက်၏။ ယောသပ်သည် ရှေခင်မြို့သို့ရောက်ပြီး
ကိုယ့်လူမျိုး၊ ကိုယ့်ဇာတိအကြောင်း ထုတ်ဖော်မပြရန် မော်ဒကဲသည် ဧသတာအား မှာထားသဖြင့် ဧသတာလည်း ထုတ်ဖော်မပြဘဲနေ၏။
အပျိုတော်တို့အတွက် အလှပြင်သောအချိန်မှာ မုရန်ဆီဖြင့်ခြောက်လ၊ အမွှေးနံ့သာနှင့် အလှပြင်ပစ္စည်းတို့ဖြင့် ခြောက်လဖြစ်၏။ သတ်မှတ်ထားသောအလှပြင်ချိန် တစ်ဆယ့်နှစ်လပြည့်ပြီးမှသာ အပျိုတော်တို့သည် အာရွှေရုမင်းကြီးထံသို့ အလှည့်ကျဝင်ကြရ၏။
ရက်ပေါင်းအတန်ကြာသောအခါ ပေါလုသည် ဗာနဗအား “သခင်ဘုရား၏နှုတ်ကပတ်တရားကို ငါတို့ဟောပြောခဲ့သောမြို့တိုင်းရှိ ညီအစ်ကိုတို့ထံသို့ ပြန်သွား၍ သူတို့မည်သို့ရှိနေကြသည်ကို ကြည့်ရှုကြကုန်စို့”ဟု ဆို၏။
ဤဒိန်ခဲဆယ်ခဲကိုလည်း သူတို့၏လူတစ်ထောင်အုပ်အတွက် ယူသွားလော့။ သင့်အစ်ကိုတို့ အေးအေးချမ်းချမ်းရှိသည်ကို သင်မြင်တွေ့ခဲ့ရကြောင်း သက်သေယူလာပြလော့”ဟု မှာလိုက်လေ၏။