အာရွှေရုမင်းကြီးစိုးစံချိန် အစောပိုင်းတွင် ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့အား စွပ်စွဲသောတိုင်စာကို ရေးပို့ကြ၏။
ဧသတာ 1:9 - မြန်မာ့စံမီသမ္မာကျမ်း မိဖုရားဝါရှတိသည်လည်း အာရွှေရုမင်းကြီး၏တော်ဝင်နန်းတွင်းတွင် မောင်းမမိဿံများအတွက် စားသောက်ပွဲကျင်းပပေး၏။ Common Language Bible ထိုအတောအတွင်း၌ဝါရှတိမိဖုရားသည် လည်းနန်းတွင်း၌ အမျိုးသမီးများအားစား သောက်ပွဲကြီးကိုတည်ခင်းကျွေးမွေးလျက် နေပေသည်။ Garrad Bible မိ ဖု ရား ဝါ ရှ တိ လည်း၊ အာ ရွှေ ရု မင်း နန်း တွင်း ရှိ မိန်း မ တို့ အ ဖို့ စား သောက် ပွဲ သ ဘင် ယင် လေ၏။ Judson Bible မိဖုရားဝါရှတိသည်လည်း၊ ရှင်ဘုရင်အာရွှေရု နန်းတော်သား မိန်းမတို့အဖို့ ပွဲလုပ်လေ၏။ |
အာရွှေရုမင်းကြီးစိုးစံချိန် အစောပိုင်းတွင် ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့အား စွပ်စွဲသောတိုင်စာကို ရေးပို့ကြ၏။
ခုနစ်ရက်မြောက်သောနေ့တွင် အာရွှေရုမင်းကြီးသည် စပျစ်ဝိုင်အရှိန်ကြောင့် စိတ်မြူးလာပြီး မိမိရှေ့တော်၌ခစားသော မိန်းမစိုးခုနစ်ဦးဖြစ်ကြသည့် မဟုမန်၊ ဗိဇသ၊ ဟာဗောန၊ ဗိဂသ၊ အဗာဂသ၊ ဇေသာနှင့် ကာကက် တို့ကိုခေါ်၍
လူတိုင်း စပျစ်ဝိုင်ကို စိတ်တိုင်းကျသောက်ခွင့်ပြုရန် နန်းတော်အရာရှိအပေါင်းတို့အား မှာကြားထားသည်ဖြစ်၍ ထိုအမိန့်တော်အတိုင်း လွတ်လွတ်လပ်လပ် သောက်ရကြ၏။
ဧသတာကလည်း “အရှင်မင်းကြီးစိတ်တော်နှင့်တွေ့လျှင် အရှင်မင်းကြီးအတွက် ယနေ့ ကျွန်တော်မျိုးမ ပြင်ဆင်ထားသောစားသောက်ပွဲသို့ ဟာမန်နှင့်အတူ ကြွရောက်တော်မူပါ”ဟု လျှောက်လေ၏။
အရှင်မင်းကြီးသည် ကျွန်တော်မျိုးမကို မျက်နှာသာပေး၍ ကျွန်တော်မျိုးမ တောင်းဆိုသောအရာကို အရှင်မင်းကြီးပေးသနားလိုသောစေတနာစိတ်ရှိလျှင် ကျွန်တော်မျိုးမ ပြင်ဆင်မည့်စားသောက်ပွဲသို့ အရှင်မင်းကြီးနှင့်ဟာမန်တို့ နောက်တစ်ဖန်ကြွရောက်တော်မူပါ။ အရှင်မင်းကြီးမိန့်ဆိုသောအရာကိုလည်း နက်ဖြန်နေ့တွင် ဖြေကြားပါမည်”ဟု ပြန်လျှောက်လေ၏။