ထာဝရဘုရားကလည်း ရှောလမုန်မင်းကြီးအား အစ္စရေးလူမျိုးတစ်မျိုးနွယ်လုံးရှေ့တွင် အထူးချီးမြှောက်တော်မူပြီး ယခင်က အစ္စရေးလူမျိုးကို အုပ်စိုးခဲ့သောဘုရင်တို့တွင် မည်သူ၌မျှမရှိခဲ့ဖူးသောနိုင်ငံတော်ဘုန်းကျက်သရေကို ပေးတော်မူ၏။
ဧသတာ 1:4 - မြန်မာ့စံမီသမ္မာကျမ်း ထိုပွဲတွင် မင်းကြီးသည် မိမိနိုင်ငံတော်၏ဘုန်းစည်းစိမ်၊ မိမိ၏ကြီးမြတ်သောဂုဏ်အရှိန်အဝါတို့ကို ရက်ပေါင်းတစ်ရာ့ရှစ်ဆယ်တိုင်တိုင် ရက်များစွာခင်းကျင်းပြသလေ၏။ Common Language Bible သူသည်မိမိနန်းတော်၏စည်းစိမ်နှင့်ဘုန်း အသရေကို ခြောက်လတိုင်တိုင်ခင်းကျင်း ပြသထားတော်မူ၏။ Judson Bible ထိုအခါ နိုင်ငံတော်စည်းစိမ်၊ ဘုန်းအာနုဘော်တော်ကို အရက်တစ်ရာရှစ်ဆယ်ပတ်လုံး ပြတော်မူ၏။ |
ထာဝရဘုရားကလည်း ရှောလမုန်မင်းကြီးအား အစ္စရေးလူမျိုးတစ်မျိုးနွယ်လုံးရှေ့တွင် အထူးချီးမြှောက်တော်မူပြီး ယခင်က အစ္စရေးလူမျိုးကို အုပ်စိုးခဲ့သောဘုရင်တို့တွင် မည်သူ၌မျှမရှိခဲ့ဖူးသောနိုင်ငံတော်ဘုန်းကျက်သရေကို ပေးတော်မူ၏။
နန်းစံတတိယနှစ်တွင် မင်းကြီးသည် မိမိ၏မှူးမတ်နှင့် မင်းမှုထမ်းအပေါင်းတို့အတွက် စားသောက်ပွဲကိုကျင်းပလေ၏။ ပါးရှားပြည်နှင့် မေဒိပြည်မှစစ်သည်ဗိုလ်ပါများ၊ ပြည်တကာတို့မှ မင်းညီမင်းသားများနှင့် မှူးမတ်များလည်း သူနှင့်အတူ ပွဲခံကြ၏။
ထိုနေ့ရက်စေ့ပြီးနောက် မင်းကြီးသည် ရှုရှန်နန်းတော်အတွင်း အကြီးဆုံးမှစ၍အငယ်ဆုံးတိုင်အောင် ရှိသမျှလူအပေါင်းတို့အတွက် ဘုရင့်နန်းတော်ဥယျာဉ်ဝင်းတွင် ခုနစ်ရက်တိုင်တိုင်စားသောက်ပွဲကျင်းပပေး၏။
ထိုသို့ဖြစ်လျှင် သင့်ကိုယ်ကို ဂုဏ်များ၊ ထည်ဝါမှုများနှင့် တန်ဆာဆင်လိုက်ပါ။ ကျက်သရေမင်္ဂလာများနှင့် ဆင်ယင်လိုက်ပါ။
အကျွန်ုပ်သည် ကိုယ်တော်၏ ဘုန်းကျက်သရေနှင့်ဆိုင်သည့် ဘုန်းအသရေခန့်ညားထည်ဝါမှုကိုလည်းကောင်း၊ ကိုယ်တော်၏အံ့ဖွယ်သောအမှုတို့ကိုလည်းကောင်း ဆင်ခြင်အောက်မေ့ပါမည်။
ကိုယ်တော်၏ကယ်တင်ခြင်းကြောင့် သူ၏ဘုန်းအသရေသည် ကြီးမားလှပါ၏။ ကိုယ်တော်သည် ဘုန်းကျက်သရေနှင့် ဘုန်းအာနုဘော်ကို သူ့အားအပ်နှင်းတော်မူ၏။
တန်ခိုးကြီးသောအရှင်၊ ကိုယ်တော်၏ဘုန်းကျက်သရေနှင့် ဘုန်းအာနုဘော်တည်းဟူသော ကိုယ်တော်၏ဓားကိုနံဘေးတွင် စည်းတော်မူပါ။
ထာဝရဘုရားသည် စိုးစံတော်မူ၍ ဘုန်းတန်ခိုးတော်ကို ဆင်မြန်းတော်မူ၏။ ထာဝရဘုရားသည် ထိုသို့ဆင်မြန်း၍ မိမိကိုယ်ကိုအစွမ်းသတ္တိနှင့်ပတ်စည်းတော်မူ၏။ ကမ္ဘာလောကသည်လည်း မတုန်လှုပ်နိုင်အောင် တည်မြဲလျက်ရှိ၏။
ဟေဇကိမင်းကြီးသည် သူတို့ကို ဝမ်းမြောက်ဝမ်းသာကြိုဆို၍ မိမိဘဏ္ဍာတိုက်ထဲမှ ရွှေငွေ၊ အမွှေးနံ့သာ၊ အဖိုးတန်ဆီမှစ၍ လက်နက်တိုက်အားလုံးနှင့် တွေ့သမျှအဖိုးတန်ရတနာတို့ကို သူတို့အား ပြလေ၏။ နန်းတွင်းနှင့် နိုင်ငံတစ်ဝန်းလုံးတွင် ထိုသူတို့အား ဟေဇကိမင်းကြီး မပြပေးသောအရာတစ်စုံတစ်ခုမျှမရှိ။
သင်သည် ကုန်သွယ်ရာ၌ ကျွမ်းကျင်လွန်း၍ ဥစ္စာပစ္စည်းတိုးပွားလာ၏။ သင်၏ဥစ္စာပစ္စည်းကြောင့် ဘဝင်မြင့်၏’ဟု မိန့်တော်မူ၏။
“ဤဘေဘီလုံမြို့ကြီးသည် ငါ၏ခန့်ညားသောဂုဏ်သရေကို ထင်ဟပ်ပြရာ မင်းမြို့တော်အဖြစ် ငါ့အစွမ်းသတ္တိ၊ ငါ့တန်ခိုးအာဏာဖြင့် တည်ဆောက်ခဲ့သောမြို့ကြီးဖြစ်သည် မဟုတ်လော”ဟု မြွက်ဆို၏။
ငါ လူစိတ်ပြန်ဝင်သောအချိန်တွင် ငါ့နိုင်ငံတော်ကြီး ကျက်သရေရှိစေရန် ခန့်ညားထည်ဝါသောငါ့အရိုက်အရာကိုလည်း ငါပြန်လည်ရရှိ၏။ မင်းအတိုင်ပင်ခံများ၊ မှူးမတ်များလည်း ငါ့အားရှာဖွေ၍ ထီးနန်းကိုပြန်လည်အပ်နှင်းပေးကြ၏။ ငါ့ဘုန်းတန်ခိုးသည်လည်း တိုးသည်ထက်တိုးလေ၏။
အို အရှင်မင်းကြီး၊ အမြင့်ဆုံးသောဘုရားသခင်သည် အရှင်မင်းကြီး၏ခမည်းတော်နေဗုခဒ်နေဇာမင်းကြီးအား နိုင်ငံတော်နှင့်တကွ ဘုန်းတန်ခိုး၊ ဂုဏ်သရေ၊ ခန့်ညားထည်ဝါမှုတို့ကို ပေးတော်မူ၏။
တစ်ဖန် မာရ်နတ်သည် ကိုယ်တော်ကို အလွန်မြင့်မားသောတောင်ပေါ်သို့ ခေါ်ဆောင်သွား၍ လောကီနိုင်ငံအားလုံးနှင့် ၎င်းတို့၏ဘုန်းစည်းစိမ်တို့ကိုညွှန်ပြကာ
ဖြားယောင်းသွေးဆောင်ရာသို့ မလိုက်မပါစေဘဲ မကောင်းသောအမှုအရာမှ အကျွန်ုပ်တို့ကို ကယ်နုတ်တော်မူပါ။ [အကြောင်းမူကား နိုင်ငံတော်၊ တန်ခိုးတော်နှင့် ဘုန်းအသရေတော်သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်၌ရှိပါ၏။ အာမင်။]
ထို့ပြင် ဘုန်းအသရေအတွက်ကြိုတင်ပြင်ဆင်ထားသော ကရုဏာတော်ဆိုင်ရာအိုးခွက်များ၌ မိမိဘုန်းအသရေတော်၏ကြွယ်ဝမှုကို သိစေရန်ပြုတော်မူလျှင် မည်သို့နည်း။
ဘုရားသခင်သည် သင်တို့၏စိတ်နှလုံးမျက်စိကို ပွင့်လင်းစေ၍ ခေါ်ယူတော်မူခြင်းနှင့်ဆိုင်သော မျှော်လင့်ခြင်းသည် မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ သန့်ရှင်းသူတို့ခံရမည့်အမွေတော်သည် ဘုန်းအသရေနှင့် မည်မျှကြွယ်ဝသည်ကိုလည်းကောင်း၊
ဤလျှို့ဝှက်နက်နဲသောအရာသည် လူမျိုးခြားတို့တွင် ဘုန်းအသရေနှင့်မည်မျှကြွယ်ဝသည်ကို သန့်ရှင်းသူတို့အားသိစေရန် ဘုရားသခင်အလိုရှိတော်မူ၏။ ဤလျှို့ဝှက်နက်နဲသောအရာမှာ ဘုန်းအသရေတော်နှင့်ဆိုင်သောမျှော်လင့်ခြင်းဖြစ်သည့် သင်တို့ထဲ၌ရှိတော်မူသောခရစ်တော်ဖြစ်၏။
“အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူသဖြင့် ထိုအရာတို့သည် ကိုယ်တော်၏အလိုတော်အားဖြင့်ဖြစ်တည်၍ ဖန်ဆင်းခြင်းခံရပြီဖြစ်သောကြောင့် ကိုယ်တော်သည် ဘုန်းတော်၊ ဂုဏ်တော်နှင့် တန်ခိုးတော်တို့ကို ခံယူထိုက်တော်မူ၏”ဟု ဆိုကြ၏။