ရှင်ဘုရင်ရှေ့တော်တွင် ခစားရပြီး နိုင်ငံတော်၌ အမြင့်ဆုံးရာထူးရရှိထားသူ၊ ရှင်ဘုရင်နှင့်အနီးကပ်နေရသူများမှာ ပါးရှားပြည်နှင့်မေဒိပြည်အကြီးအကဲခုနစ်ဦးဖြစ်သော ကာရှေန၊ ရှေသာ၊ အာဒမာသ၊ တာရှု၊ မေရက်၊ မာသေန၊ မမုကန်တို့ဖြစ်ကြ၏။
မင်းကြီးအများဆုံးတိုင်ပင်လေ့ရှိသော သူများမှာ ပေရသိနှင့်မေဒိအမတ်များ ဖြစ်ကြသောကာရှေန၊ ရှေသာ၊ အာဒ မာသ၊ တာရှိရှ၊ မေရက်၊ မာသေန၊ မမုကန် တို့ဖြစ်ပေသည်။ သူတို့သည်ကားနိုင်ငံတော် တွင်အမြင့်ဆုံးရာထူးများဖြင့်ချီးမြှင့် ခြင်းခံရသူများဖြစ်သတည်း။-
မေရက်၊ မာသေန၊ မမုကန်တည်းဟူသော ရှင်ဘုရင်၏ မျက်နှာတော်ကို အစဉ်ဖူးမြင်၍၊ နိုင်ငံတော်တွင် အမြတ်ဆုံးသော ပေရသိ၊ မေဒိအတွင်းဝန်မင်း ခုနစ်ပါးတို့သည် အနားတော်၌ ထိုင်လျက်ရှိ၍၊ တရားစီရင်ရာလမ်းကို လေ့ကျက်သောသူ အပေါင်းတို့နှင့် ရှင်ဘုရင်တိုင်ပင်သော ထုံးစံရှိသည်အတိုင်း၊ အကျိုးအကြောင်းကို နားလည်သော ထိုပညာရှိတို့ကိုခေါ်၍၊
စစ်သူရဲတို့ကို ကြီးကြပ်အုပ်ချုပ်ရသူစစ်သူကြီးတစ်ဦး၊ မြို့ထဲ၌တွေ့မိသော ဘုရင့်အတိုင်ပင်ခံအမတ်ငါးဦး၊ ပြည်သားတို့ထဲမှ စစ်သားရှာဖွေစုဆောင်းပေးရသူ စစ်စာရေးတော်ကြီးတစ်ဦး၊ မြို့ထဲ၌တွေ့မိသောပြည်သူပြည်သားအယောက်ခြောက်ဆယ်တို့ကိုလည်း မြို့ထဲမှ ခေါ်ယူသွားလေ၏။
သင်လက်စွဲထားသော သင့်ဘုရားသခင်၏ပညတ်တရားနှင့်ပတ်သက်၍ ယုဒပြည်သူ၊ ဂျေရုဆလင်မြို့သားတို့ကို စစ်ဆေးရန် ရှင်ဘုရင်နှင့်အကြံပေးပုဂ္ဂိုလ်ခုနစ်ဦးတို့သည် သင့်ကို စေလွှတ်၏။
ရှင်ဘုရင်က သူတို့အား “မိဖုရားဝါရှတိသည် မိန်းမစိုးတို့မှတစ်ဆင့် အာရွှေရုမင်းကြီးမိန့်မှာသည့်အမိန့်ကိုမနာခံသောကြောင့် သူ့အား ဥပဒေအရ မည်သို့ပြုရမည်နည်း”ဟု မေး၏။
စစ်သူရဲတို့ကို ကြီးကြပ်အုပ်ချုပ်ရသူစစ်သူကြီးတစ်ဦး၊ မြို့ထဲ၌တွေ့မိသော ဘုရင့်အတိုင်ပင်ခံအမတ်ခုနစ်ဦး၊ ပြည်သားတို့ထဲမှ စစ်သားရှာဖွေစုဆောင်းပေးရသူ စစ်စာရေးတော်ကြီးတစ်ဦး၊ မြို့ထဲ၌တွေ့မိသော ပြည်သူပြည်သားအယောက်ခြောက်ဆယ်တို့ကိုလည်း မြို့ထဲမှ ခေါ်ယူသွားလေ၏။
ဤငယ်သောသူများထဲမှ တစ်စုံတစ်ဦးကို မထီမဲ့မြင်မပြုမိစေရန် သတိပြုကြလော့။ အကြောင်းမူကား ကောင်းကင်ဘုံရှိ သူတို့၏ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏မျက်နှာတော်ကို အစဉ်မပြတ်ဖူးမြင်ရကြသည်ဟု သင်တို့အား ငါဆို၏။
သူတို့သည် ကိုယ်တော်၏မျက်နှာကိုဖူးမြင်ရကြလိမ့်မည်။ ကိုယ်တော်၏နာမတော်သည်လည်း သူတို့၏နဖူးပေါ်၌ရှိလိမ့်မည်။