ဇနီးသည်တို့၊ သခင်ဘုရားကိုနာခံသကဲ့သို့ မိမိ၏ခင်ပွန်းသည်ကို နာခံကြလော့။
မယားဖြစ်သူတို့၊ သင်တို့သည်သခင်ဘုရား၏ အုပ်စိုးခြင်းကိုခံယူသကဲ့သို့ခင်ပွန်းတို့၏အုပ် စိုးခြင်းကိုခံယူကြလော့။-
မ ယား ဖြစ် သူ တို့ အ ရှင် ဘု ရား အောက် ကဲ့ သို့ လင့် အောက် အ နော် အ တာ ခံ ကြ လော့။
အချင်းမိန်းမတို့၊ သခင်ဘုရား၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့၊ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။-
ဇနီးသည်တို့… သခင်ဘုရားကို နာခံသကဲ့သို့ သင်တို့၏ ခင်ပွန်းသည်ကို နာခံကြလော့။
မိန်းမအားလည်း “သင်သန္ဓေတည်သောအခါ ငါသည် သင့်ကို ပင်ပန်းခက်ခဲမှု အများအပြားကြုံတွေ့စေမည်။ သင်သည် နာကျင်ခက်ခဲစွာသားဖွားရမည်။ သင်၏အလိုဆန္ဒသည် သင်၏ခင်ပွန်းအတွက်ဖြစ်လိမ့်မည်။ သူသည် သင့်ကိုအုပ်စိုးလိမ့်မည်”ဟု မိန့်တော်မူ၏။
အရှင်မင်းကြီးချမှတ်သောအမိန့်ကို ကျယ်ပြောလှသောနိုင်ငံတစ်ဝန်းလုံးသို့ ကြေညာလျှင် အယုတ်အလတ်အမြတ်မရွေး မိန်းမအပေါင်းတို့သည် ကိုယ့်ယောက်ျားကို ကိုယ်ရိုသေနာခံကြလိမ့်မည်”ဟု လျှောက်တင်လေ၏။
ယောက်ျားတိုင်း ကိုယ့်အိမ်ထောင်ကိုဦးစီးရမည်။ ကိုယ့်လူမျိုး၏ဘာသာစကားကိုသာ ပြောဆိုရမည် ဟူသောအမိန့်စာကို နယ်မြေဒေသအလိုက် သူ့စာပေ၊ သူ့လူမျိုး၏ဘာသာစကားအတိုင်း ရှင်ဘုရင်ပိုင်နယ်မြေဒေသအားလုံးသို့ ပေးပို့၏။
မိန်းမတို့သည် အသင်းတော်တွင် တိတ်ဆိတ်စွာနေကြရမည်။ အကြောင်းမူကား သူတို့၌ ဟောပြောရသောအခွင့်မရှိ။ ပညတ်တရား၌လည်းဆိုထားသည့်အတိုင်း သူတို့သည် နာခံမှုရှိကြရမည်။
ကျွန်ဖြစ်သူတို့၊ ခရစ်တော်ကိုနာခံသကဲ့သို့ ကြောက်ရွံ့တုန်လှုပ်လျက် ရိုးသားသောစိတ်နှလုံးဖြင့် သင်တို့၏လောကီသခင်များကို နာခံကြလော့။
သို့ဖြစ်၍ သင်တို့သည် ခရစ်တော်နှင့်အတူထမြောက်ကြသည်ဆိုလျှင် ဘုရားသခင်၏လက်ယာတော်ဘက်၌ ထိုင်တော်မူသောခရစ်တော်ရှိရာ အထက်အရပ်၌ရှိသည့်အရာများကို ရှာဖွေကြလော့။
ဇနီးသည်တို့၊ သခင်ဘုရား၌ရှိသောသူနှင့်သင့်လျော်သည်နှင့်အညီ ခင်ပွန်းသည်ကို နာခံကြလော့။
ဣန္ဒြေစောင့်သောသူ၊ ဖြူစင်သန့်ရှင်းသောသူ၊ အိမ်မှုကိစ္စကိုဆောင်ရွက်သောသူ၊ ကောင်းမွန်သောသူ၊ မိမိခင်ပွန်းသည်ကို နာခံသောသူဖြစ်ကြရန် သတိပေးဆုံးမနိုင်သဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်သည် စော်ကားပြောဆိုခံရခြင်းမှ ကင်းလွတ်လိမ့်မည်။