အလုပ်လုပ်သူတို့ကို ပေးရန် ငွေလက်ခံယူသောသူတို့သည် သစ္စာရှိစွာလုပ်ဆောင်ကြသောကြောင့် စာရင်းရေးမှတ်ပြုစုရန်မလိုပေ။
ဧဇရ 7:18 - မြန်မာ့စံမီသမ္မာကျမ်း ကျန်ရှိမည့်ရွှေငွေတို့ကို သင်နှင့်သင့်ညီအစ်ကိုတို့ ကောင်းမည်ဟုထင်သည့်အတိုင်း သင်တို့၏ဘုရားသခင်အလိုတော်နှင့်အညီ အသုံးပြုနိုင်၏။ Common Language Bible ကြွင်းကျန်သည့်ရွှေငွေကို သင်နှင့်သင်၏အမျိုး သားများဆန္ဒရှိသည့်အတိုင်း သင်တို့ဘုရားသခင်၏အလိုတော်နှင့်အညီသုံးစွဲနိုင် သည်။- Garrad Bible ကျန် ရွှေ ငွေ ကို၊ ဘု ရား သ ခင့် အ လို တော် အ လိုက်၊ သင့် ဆွေ မျိုး သား ချင်း များ ပါ၊ သ ဘော တူ ညီ ရာ သုံး ကြ လော့။ Judson Bible ကျန်ကြွင်းသော ရွှေငွေကို သင်နှင့် သင့်ညီအစ်ကိုတို့ ပြုချင်သမျှအတိုင်း၊ သင်တို့၏ ဘုရားသခင် အလိုတော်နှင့်အညီ ပြုလော့။ |
အလုပ်လုပ်သူတို့ကို ပေးရန် ငွေလက်ခံယူသောသူတို့သည် သစ္စာရှိစွာလုပ်ဆောင်ကြသောကြောင့် စာရင်းရေးမှတ်ပြုစုရန်မလိုပေ။
သူတို့သည် သစ္စာရှိစွာအလုပ်လုပ်သူများဖြစ်သောကြောင့် သူတို့လက်သို့ ပေးအပ်သောငွေများကို စာရင်းရေးမှတ်ပြုစုထားရန်မလိုပေ။
ထိုငွေတို့ဖြင့် နွား၊ သိုးထီး၊ သိုးသငယ်နှင့်တကွ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာတို့ကို ချက်ချင်းဝယ်၍ ဂျေရုဆလင်မြို့ရှိ သင်တို့၏ဘုရားသခင်အိမ်တော်ယဇ်ပလ္လင်ပေါ်တွင် ပူဇော်လော့။
သင်၌အပ်ထားသော သင်၏ဘုရားသခင်အိမ်တော်ဝတ်ပြုခြင်းဆိုင်ရာအသုံးအဆောင်များကိုလည်း ဂျေရုဆလင်မြို့ရှိ ဘုရားသခင်ထံ ပြန်လည်ဆက်သလော့။
ဘုရားသခင်၏ပညတ်တရား၊ ရှင်ဘုရင်ထုတ်ပြန်သောဥပဒေတို့ကို မလိုက်နာသောသူ မည်သူမဆို သေဒဏ်၊ ပြည်နှင်ဒဏ်၊ အိမ်ရာမြေသိမ်းယူခြင်းဒဏ်၊ ထောင်ဒဏ် စသည့်ပြစ်ဒဏ်တစ်ခုခုကို ချက်ချင်းကျခံစေ”ဟု ပါရှိ၏။
သို့ဖြစ်၍ မိုက်မဲသောသူများမဖြစ်ကြဘဲ သခင်ဘုရား၏အလိုတော်သည် မည်သည့်အရာဖြစ်သည်ကို နားလည်ကြလော့။