အာတဇေရဇ်မင်းကြီးထံ ရေးပို့လိုက်သော ထိုစာ၏မိတ္တူတွင် “မြစ်တစ်ဖက်၌နေထိုင်သောအရှင့်ကျွန်တို့သည် အရှင်မင်းကြီးထံ လျှောက်ထားအပ်ပါ၏။
ဧဇရ 7:11 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးလူမျိုးတို့အဖို့ ပြဋ္ဌာန်းချက်များနှင့် ထာဝရဘုရားမိန့်တော်မူသောပညတ်တရားများကို ကောင်းစွာသိနားလည်သောကျမ်းပြုဆရာ ယဇ်ပုရောဟိတ်ဧဇရအား အာတဇေရဇ်မင်းကြီး ပေးလိုက်သောမိတ္တူစာတွင် Common Language Bible အာတဇေရဇ်မင်းသည်ဣသရေလအမျိုး သားတို့အား ထာဝရဘုရားပေးအပ်တော် မူသည့်တရားတော်များနှင့် ပညတ်တော်တို့ ကိုကြေညက်စွာတတ်မြောက်သောယဇ်ပုရော ဟိတ်ဧဇရအား အမိန့်တော်စာကိုပေးတော် မူ၏။ ထိုစာတွင်၊ Garrad Bible ဣ သ ရေ လ လူ မျိုး အ ဖို့ ထာ ဝ ရ ဘု ရား ပေး ထား တော် မူ သော မိန့် မှာ ထုံး ဖွဲ့ ချက် ဆ ရာ၊ ပ ရော ဟိတ် ဧ ဇ ရ အား၊ အာ တ ဇေ ရဇ် မင်း ထုတ် ပြန် သော အ မိန့် တော် စာ ကား၊ Judson Bible ထာဝရဘုရား၏ ပညတ်စကားနှင့် ဣသရေလအမျိုး၌ ထုံးဖွဲ့တော်မူချက်တို့ကို လေ့ကျက်သောဆရာ ယဇ်ပုရောဟိတ် ဧဇရအား၊ အာတဇေရဇ်မင်းကြီး ပေးတော်မူသော အမိန့်တော်စာချက် ဟူမူကား၊ |
အာတဇေရဇ်မင်းကြီးထံ ရေးပို့လိုက်သော ထိုစာ၏မိတ္တူတွင် “မြစ်တစ်ဖက်၌နေထိုင်သောအရှင့်ကျွန်တို့သည် အရှင်မင်းကြီးထံ လျှောက်ထားအပ်ပါ၏။
ဤစာသည် ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းကို အုပ်ချုပ်ရသူ ဘုရင်ခံတာတနဲ၊ ရှေသာဗောဇနဲနှင့် ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းရှိ သူတို့၏အပေါင်းပါ အဖာသပြည်သားတို့က ဒါရိမင်းကြီးထံ ပို့လိုက်သောစာ၏မိတ္တူ ဖြစ်၏။
ဧဇရသည် ထာဝရဘုရား၏ပညတ်တရားတော်များကို လေ့လာဆည်းပူးရန်၊ လိုက်နာကျင့်သုံးရန်နှင့် အစ္စရေးလူမျိုးတို့အားပြဋ္ဌာန်းချက်နှင့် စီရင်ထုံးဖွဲ့ချက်တို့ကို သင်ကြားပြသပေးရန် ဆုံးဖြတ်ချက်ချထားသောသူဖြစ်၏။
“ဘုရင်တို့၏ဘုရင် အာတဇေရဇ်မင်းကြီးသည် ကောင်းကင်ဘုံရှင်ဘုရားသခင်၏ပညတ်တရားကို ကောင်းစွာသိနားလည်သောကျမ်းပြုဆရာ ယဇ်ပုရောဟိတ်ဧဇရအား နှုတ်ဆက်လိုက်ပါ၏။
ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းရှိ ဘဏ္ဍာစိုးအပေါင်းတို့အား ငါအာတဇေရဇ်မင်းကြီး အမိန့်တော်ထုတ်ပြန်လိုက်သည်ကား သင်တို့အား ကောင်းကင်ဘုံရှင်ဘုရားသခင်၏ပညတ်တရားကို ကောင်းစွာသိနားလည်သောကျမ်းပြုဆရာ ယဇ်ပုရောဟိတ်ဧဇရ တောင်းဆိုလာသောအရာရှိသမျှကို ချက်ချင်းဖြည့်ဆည်းပေးရမည်။
ဧဇရသည် အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရားပေးထားတော်မူသော မောရှေ၏ပညတ်တရားကျမ်းကို ကောင်းစွာသိနားလည်သောကျမ်းပြုဆရာ ဖြစ်၏။ သူ၏ဘုရားသခင်ထာဝရဘုရားသည် သူနှင့်အတူရှိသောကြောင့် သူတောင်းဆိုသမျှကို ရှင်ဘုရင်က ခွင့်ပြုပေး၏။
သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ကောင်းကင်နိုင်ငံတော်ကို လူတို့ရှေ့၌ပိတ်ထား၍ သင်တို့ကိုယ်တိုင်လည်းမဝင်၊ ဝင်လိုသောသူများကိုလည်း ဝင်ခွင့်မပေးကြ။