အာရုန်၏သားမြေးများကို အုပ်စုခွဲထား၏။ အာရုန်၏သားများမှာ နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာ တို့ဖြစ်ကြ၏။
ဧဇရ 6:18 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် မောရှေ၏ပညတ်တရားကျမ်း၌ရေးထားသည့်အတိုင်း ဂျေရုဆလင်မြို့တွင် ဘုရားသခင်၏အမှုတော်ကိုထမ်းဆောင်ရန် ယဇ်ပုရောဟိတ်အုပ်စု၊ လေဝိအုပ်စုတို့ကို ခန့်ထားလေ၏။ Common Language Bible သူတို့သည်မောရှေ၏ကျမ်းတွင်ပါရှိသည့်ညွှန်ကြားချက်များအတိုင်း ယေရုရှလင်မြို့ဗိမာန်တော်တွင်ကိုးကွယ်ဝတ်ပြုမှုအတွက် ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်များအားအလှည့်ကျခွဲထားသောတာဝန်ကိုပေးအပ်ကြလေသည်။ Garrad Bible မော ရှေ၏ ကျမ်း ချက် အ ရ၊ ယေ ရု ရှ လင် မြို့ တွင် ဘု ရား ဝတ် ကို ဆောင် ရွက် ကြ စေ ရန်၊ အ လှည့် ကျ ခွဲ ထား သော တာ ဝန် ကို၊ ပ ရော ဟိတ် နှင့် လေ ဝိ ဂိုဏ်း သား တို့ အား အပ် ပေး ကြ၏။ Judson Bible မောရှေကျမ်းစာ၌ ပါသည်အတိုင်း၊ ယေရုရှလင်မြို့၌ ဘုရားဝတ်ကို ပြုစေခြင်းငှာ၊ ယဇ်ပုရောဟိတ် အသီးအသီးတို့ကိုလည်းကောင်း၊ သင်းဖွဲ့သော လေဝိသားတို့ကိုလည်းကောင်း ခန့်ထားကြ၏။ |
အာရုန်၏သားမြေးများကို အုပ်စုခွဲထား၏။ အာရုန်၏သားများမှာ နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာ တို့ဖြစ်ကြ၏။
ဒါဝိဒ်မင်းကြီးနှင့် မင်းမှုထမ်းအကြီးအကဲတို့သည် အမှုတော်မြတ်အတွက် စောင်းကောက်၊ စောင်းပြား၊ လင်းကွင်း တို့ကိုတီးခတ်၍ ပရောဖက်ပြုနိုင်ရန် အာသပ်၊ ဟေမန်၊ ယေဒုသုန်တို့၏သားများထဲမှအချို့ကို သီးသန့်ခွဲထား၏။ ဤသို့အမှုတော်ထမ်းရန် ခွဲထားသူတို့၏အမည်စာရင်းမှာ
ဤသို့ဖြင့် ရှင်ဘုရင်၏အမိန့်တော်အတိုင်း ပွဲတော်ကိုပြင်ဆင်ကြ၏။ ယဇ်ပုရောဟိတ်တို့သည် ကိုယ်စီနေရာယူကြ၏။ လေဝိအမျိုးတို့သည်လည်း အဖွဲ့လိုက်နေရာယူကြ၏။
ယဇ်ပုရောဟိတ်တို့သည် မိမိတို့တာဝန်ကျရာနေရာတွင် ရပ်နေရ၏။ လေဝိအမျိုးတို့ကလည်း ဒါဝိဒ်မင်းကြီးရေးဖွဲ့ခဲ့သော ထာဝရဘုရားအားချီးမွမ်းခြင်းသီချင်းကို ထာဝရဘုရားထံ ချီးမွမ်းသီဆိုရန် တူရိယာများဖြင့် ရပ်နေကြ၏။ သူတို့က “ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်ပါ၏”ဟု သီဆိုသောအခါ မျက်နှာချင်းဆိုင်တွင်ရပ်နေသော ယဇ်ပုရောဟိတ်တို့သည် တံပိုးများကိုမှုတ်ကြ၏။ အစ္စရေးလူမျိုးအပေါင်းတို့မူကား မတ်တတ်ရပ်လျက်နေကြ၏။
“လေဝိအမျိုးအနွယ်တို့ကို ခေါ်လာ၍ ယဇ်ပုရောဟိတ်အာရုန်နှင့်ဆိုင်သောအလုပ်ကို လုပ်ဆောင်စေလော့။
သို့ဖြစ်၍ သင်သည် လေဝိအမျိုးတို့ကို အာရုန်နှင့်သူ၏သားများထံ အပ်နှံရမည်။ လေဝိအမျိုးတို့သည် အစ္စရေးအမျိုးသားတို့အနက် အာရုန်ထံ လုံးလုံးအပ်နှံခြင်းခံရသူများဖြစ်၏။