အကျွန်ုပ်တို့က သက်ကြီးဝါကြီးတို့အား ‘သင်တို့သည် မည်သူ့အမိန့်ဖြင့် ဤအိမ်တော်ကို ပြန်လည်တည်ဆောက်ပြီး ဤမြို့ရိုးကို လက်စသတ်ရသနည်း’ဟု မေးမြန်းခဲ့ပါ၏။
``ထိုနောက်အကျွန်ုပ်တို့သည်ပြည်သူ့ခေါင်းဆောင်များအား ထိုဗိမာန်ကိုအဘယ်သူ၏အမိန့်ခွင့်ပြုချက်အရပြန်လည်တည်ဆောက်ကြသည်ကိုမေးမြန်းပါသည်။-
ထို အ ကြီး အ ကဲ တို့ အား၊ ဤ ဗိ မာန် တည် ဆောက် ခြင်း၊ တံ တိုင်း ပြီး စီး ခြင်း များ ကို၊ မည် သူ့ အ မိန့် တော် နှင့် ပြု ကြ သ နည်း ဟု မေး ပြီး မှ၊
ဤအိမ်ကို တည်ဆောက်ရမည်၊ ဤမြို့ရိုးကို ပြုပြင်ရမည်အကြောင်း အဘယ်သူမှာထားသနည်း ဟူ၍လည်းကောင်း၊
အရှင့်ထံမှ အကျွန်ုပ်တို့ထံသို့ရောက်လာသောဂျူးလူမျိုးတို့သည် ဂျေရုဆလင်မြို့သို့ရောက်လာပြီး ပုန်ကန်မှု၊ ဆိုးညစ်မှုနှင့်ပြည့်သောမြို့ကို ပြန်လည်တည်ဆောက်ကာ မြို့ရိုးတို့ကိုလက်စသတ်လျက် အုတ်မြစ်တို့ကိုပြုပြင်နေကြောင်း သိစေအပ်ပါသည်။
ခေါင်းဆောင်တို့၏အမည်များကို အရှင်မင်းကြီးအား လျှောက်ထားနိုင်ရန်လည်း သူတို့၏အမည်များကို မေးမြန်းရေးမှတ်ခဲ့ပါ၏။
အကျွန်ုပ်တို့သည် ယုဒပြည်ရှိ ကြီးမြတ်တော်မူသောဘုရားသခင်၏အိမ်တော်သို့ ရောက်ခဲ့ကြောင်း၊ ထိုအိမ်တော်ကို ကျောက်တုံးကြီးများနှင့်ဆောက်ထားပြီး နံရံတွင်သစ်သားများထည့်ထားကြောင်း၊ သူတို့သည် အားကြိုးမာန်တက်လုပ်ဆောင်သဖြင့် သူတို့၏အလုပ်သည် အထမြောက်အောင်မြင်လျက်ရှိကြောင်းကို အရှင်မင်းကြီးအား သိစေပါ၏။