ထိုနေ့၌ ထာဝရဘုရားက အာဗြံအား “အီဂျစ်မြစ်မှစ၍ ယူဖရေးတီးမြစ်ကြီးတိုင်အောင် ဤပြည်ကို သင်၏သားစဉ်မြေးဆက်အား ငါပေး၏။
ဧဇရ 4:20 - မြန်မာ့စံမီသမ္မာကျမ်း ဂျေရုဆလင်မြို့ကိုအစိုးရသော တန်ခိုးကြီးဘုရင်တို့သည် ယူဖရေးတီးမြစ်အနောက်ဘက်ကမ်း တစ်လျှောက်လုံးကိုပါ အုပ်ချုပ်ရပြီး သူတို့အား အခွန်အကောက်၊ ဆက်ကြေးတို့ကို ဆက်သရသည်ကိုလည်း သိရ၏။ Common Language Bible တန်ခိုးကြီးသောဘုရင်များသည်ထိုမြို့တွင်စိုးစံကာ ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည်နယ်တစ်ခုလုံးမှအခွန်ဘဏ္ဍာတော်များကိုကောက်ခံခဲ့ကြ၏။- Garrad Bible ဘုန်း ကြီး သော ဘု ရင် မင်း တို့ သည် ယေ ရု ရှ လင် မြို့၌ နန်း စံ လျက်၊ မြစ် ကြီး အ နောက် ဘက် တစ် ပြည် လုံး ကို အုပ် စိုး၍၊ ငွေ တော်၊ အ ကောက် တော်၊ အ ခွန် တော် ကောက် ခံ ဖူး သည် တစ် ကြောင်း များ ကို တွေ့ ရ၏။ Judson Bible ငွေတော်ကိုခွဲလျက်၊ အခွန်တော်အကောက်တော်ကို ခံလျက်၊ မြစ်အနောက်ဘက် တစ်လျှောက်လုံးကိုအစိုးရ၍ တန်ခိုးကြီးသော ရှင်ဘုရင်တို့သည် ယေရုရှလင်မြို့၌ နေဖူးကြောင်းများကို သိရ၏။ |
ထိုနေ့၌ ထာဝရဘုရားက အာဗြံအား “အီဂျစ်မြစ်မှစ၍ ယူဖရေးတီးမြစ်ကြီးတိုင်အောင် ဤပြည်ကို သင်၏သားစဉ်မြေးဆက်အား ငါပေး၏။
ရှောလမုန်မင်းကြီးသည် ယူဖရေးတီးမြစ်မှစ၍ ဖိလိတ္တိပြည်၊ အီဂျစ်ပြည်နယ်နိမိတ်တိုင်အောင် တိုင်းနိုင်ငံအလုံးစုံကို အုပ်ချုပ်ရ၏။ ထိုတိုင်းနိုင်ငံတို့သည် ရှောလမုန်မင်းကြီးအသက်ရှင်သမျှကာလပတ်လုံး လက်ဆောင်ပဏ္ဏာဆက်သရသောလက်အောက်ခံနိုင်ငံများ ဖြစ်ကြ၏။
သူသည် တိဖသမြို့မှ ဂါဇမြို့အထိ ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းတစ်လျှောက်လုံးကို ပိုင်၏။ ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းရှိဘုရင်အားလုံးတို့ကို အုပ်စိုးရပြီး သူ့ဝန်းကျင်တစ်ခွင်မှာ ငြိမ်းချမ်းသာယာခြင်းရှိလေ၏။
ရှောလမုန်မင်းကြီးအား ရှင်ဘုရင်အဖြစ်ဘိသိက်ပေး၍ ခမည်းတော်၏အရိုက်အရာကို ဆက်ခံစေကြောင်း ဒါဝိဒ်မင်းကြီးလက်ထက်တစ်လျှောက် ဒါဝိဒ်မင်းကြီးနှင့်မိတ်ဆွေဖြစ်ခဲ့သော တိုင်ရာဘုရင်ဟိရံမင်းကြီးကြားသိလျှင် ရှောလမုန်မင်းကြီးထံသို့ မိမိအမှုထမ်းများကိုစေလွှတ်၍ မိတ်ဖွဲ့စေ၏။
ယခုမှာ အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်လက်ထက်တွင် အေးချမ်းသာယာစေသဖြင့် အကျွန်ုပ်ပတ်လည်တွင် ရန်ပြုသူမရှိ၊ ဘေးအန္တရာယ်လည်း မရှိပါ။
ဧဒုံပြည်တွင် မြို့စောင့်တပ်များ ချထားလိုက်၏။ ဧဒုံလူမျိုးအပေါင်းတို့သည် ဒါဝိဒ်မင်းကြီး၏လက်အောက်ခံဖြစ်သွား၏။ ထာဝရဘုရားသည်လည်း ဒါဝိဒ်မင်းကြီးစစ်ချီသွားလေရာရာ၌ အောင်ပွဲရစေတော်မူ၏။
ဇောဘဟာမတ်ဘုရင်ဟာဒဒေဇာမင်းကြီးသည် ယူဖရေးတီးမြစ်တစ်လျှောက်ကို ပြန်လည်သိမ်းပိုက်ရန် စစ်ချီလာသောအခါ ဒါဝိဒ်မင်းကြီးသည် သူ့ကိုတိုက်ခိုက်ပြီး
ဆီးရီးယားပြည်၊ ဒမတ်စကပ်မြို့တွင် မြို့စောင့်တပ်များကို ချထားခဲ့၏။ ဆီးရီးယားလူမျိုးတို့သည် ဒါဝိဒ်မင်းကြီး၏လက်အောက်ခံများဖြစ်လာပြီး အခွန်ဆက်သရ၏။ ထာဝရဘုရားသည် ဒါဝိဒ်မင်းကြီးစစ်ချီသွားလေရာရာ၌ အောင်ပွဲရစေတော်မူ၏။
ဟာဒဒေဇာမင်းကြီး၏လက်အောက်ခံတို့သည် အစ္စရေးလူမျိုးတို့ရှေ့တွင် ရှုံးနိမ့်နေရသည်ကို သိမြင်လျှင် ဒါဝိဒ်မင်းကြီးနှင့် မဟာမိတ်ဖွဲ့ပြီး သူ၏လက်အောက်ခံအဖြစ်နေကြ၏။ နောင်တွင် ဆီးရီးယားလူမျိုးတို့သည် အမ္မုန်အမျိုးသားတို့ကို စစ်မကူဝံ့တော့ပေ။
ဖိလိတ္တိလူမျိုးတို့သည် ယောရှဖတ်မင်းကြီးအား ဆက်ကြေးအဖြစ် လက်ဆောင်ပဏ္ဏာများ၊ ငွေများကို ဆက်သကြ၏။ အာရပ်လူမျိုးတို့သည်လည်း သိုးထီးခုနစ်ထောင့်ခုနစ်ရာ၊ ဆိတ်ထီးခုနစ်ထောင့်ခုနစ်ရာတို့ကို ဆက်သကြ၏။
ထို့ပြင် ကုန်သည်များ၊ အရောင်းအဝယ်သမားများ၊ အာရေဗျဘုရင်အပေါင်းတို့နှင့် တိုင်းပြည်တွင်းရှိဘုရင်ခံတို့သည်လည်း ရှောလမုန်မင်းကြီးထံ ရွှေငွေများကို ယူဆောင်လာပေး၏။
ထိုမြို့ကိုပြန်လည်တည်ဆောက်၍ မြို့ရိုးများကိုလက်စသတ်လျှင် သူတို့သည် အခွန်အကောက်၊ ဆက်ကြေးတို့ကိုပေးဆောင်တော့မည်မဟုတ်ဘဲ ဘုရင့်ဘဏ္ဍာတော်ထိခိုက်မည်ကို အရှင်မင်းကြီးသိမှတ်တော်မူပါ။
အကယ်၍ ဤမြို့ကို ပြန်လည်တည်ဆောက်၍ မြို့ရိုးကိုလက်စသတ်ပြီးလျှင် ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းသည် အရှင့်ပိုင်မြေဖြစ်တော့မည်မဟုတ်ကြောင်းကို အရှင်မင်းကြီးအား အကျွန်ုပ်တို့လျှောက်ထားအပ်ပါသည်”ဟု ပါရှိ၏။
ငါသည်လည်း အမိန့်ထုတ်ပြန်၍ ရှာဖွေစိစစ်စေရာ ထိုမြို့သည် ရှင်ဘုရင်တို့ကို ပုန်ကန်မှုများ ဖြစ်စေတတ်သောမြို့၊ ရှေးယခင်ကပင် ဆူပူအုံကြွမှုဖြစ်စေတတ်သောမြို့ ဖြစ်ကြောင်းကို တွေ့ရပြီ။
ထို့ကြောင့် ယခု ဤတည်ဆောက်ခြင်းအမှုကို ရပ်တန့်ဖို့ အမိန့်စာထုတ်ပြန်လော့။ ငါ့အမိန့်တော် မရမချင်း ဤမြို့ကို ပြန်လည်တည်ဆောက်ခြင်း မပြုရ။
ယဇ်ပုရောဟိတ်၊ လေဝိသား၊ သီချင်းသည်၊ တံခါးစောင့်၊ ဗိမာန်တော်အစေအပါး၊ ဘုရားသခင်၏အိမ်တော်၌အမှုဆောင်သူ စသည်တို့ထံမှ အခွန်အကောက်၊ ဆက်ကြေး ကောက်ခံခွင့်မရှိကြောင်း သိမှတ်လော့။
သူသည် ပင်လယ်တစ်ခုမှ အခြားပင်လယ်တစ်ခုတိုင်အောင်လည်းကောင်း၊ မြစ်တစ်စင်းမှ ကမ္ဘာမြေအစွန်းတိုင်အောင်လည်းကောင်း အုပ်စိုးပါစေသော။
လူစည်ကားခဲ့သောမြို့ကြီး အထီးကျန်နေပါပြီတကား။ တိုင်းနိုင်ငံတို့၏ အထွတ်ရောက်ခဲ့ဖူးသောမြို့ကြီး မုဆိုးမဘဝသို့ရောက်ရပါပြီတကား။ ပြည်တကာတို့၏ဘုရင်မကြီး အစေခံဘဝသို့ရောက်ရပါပြီတကား။
အကိုင်းအခက်များ သန်မာသောကြောင့် ရာဇလှံတံအဖြစ်ပင် အသုံးပြုနိုင်၏။ ကြီးထွားမြင့်မားပြီး အကိုင်းအခက်များလည်း များစွာဖြာထွက်၏။ ပင်မြင့်ဖြစ်၍ အပင်တကာတို့ကြားတွင် ထီးထီးကြီးမြင်တွေ့နိုင်၏။
ထို့နောက် ယေရှုသည် ထိုအရပ်မှကြွတော်မူစဉ် အခွန်ကောက်ခံရာစခန်းတွင်ထိုင်နေသည့် မဿဲဟုခေါ်သောသူတစ်ဦးကိုမြင်၍“ငါ့နောက်သို့လိုက်လော့”ဟု မိန့်တော်မူသော် သူသည်ထ၍ နောက်တော်သို့လိုက်လေ၏။