ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်က ဂဒ်အား ဒါဝိဒ်မင်းကြီးထံသွားလော့။ ယေဗုသိလူမျိုးဩရနန်၏ကောက်နယ်တလင်းနားသို့ တက်သွား၍ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကို တည်ပါဟု သူ့အား ဆင့်ဆိုလော့။
ဧဇရ 2:68 - မြန်မာ့စံမီသမ္မာကျမ်း အိမ်ထောင်စုအကြီးအမှူးအချို့တို့သည် ဂျေရုဆလင်မြို့ရှိ ထာဝရဘုရား၏အိမ်တော်သို့ရောက်လာသောအခါ ထိုနေရာ၌ပြန်တည်ဆောက်မည့် ဘုရားသခင်၏အိမ်တော်အဖို့ အလှူပစ္စည်းများကို စေတနာစိတ်အလျောက် ပေးလှူကြ၏။ Common Language Bible ပြည်နှင်ဒဏ်သင့်သူတို့သည် ယေရုရှလင်မြို့ရှိထာဝရဘုရား၏ဗိမာန်တော်သို့ရောက်ရှိကြသောအခါ သားချင်းစုခေါင်းဆောင်အချို့တို့သည် နေရာဟောင်းတွင်ဗိမာန်တော်ပြန်လည်တည်ဆောက်ရန်အတွက် မိမိတို့စေတနာအလျောက်ပေးလှူကြလေသည်။- Garrad Bible အိမ် ထောင် အ အုပ် အ ချုပ် အ ချို့ တို့ သည်၊ ယေ ရု ရှ လင် မြို့ ဗိ မာန် တော် ရာ သို့ ရောက် ကြ သော်၊ ဗိ မာန် တော် ကို နေ ရာ ရင်း တွင် တည် ဆောက် ရန်၊ Judson Bible အဆွေအမျိုးသူကြီး အချို့တို့သည် ယေရုရှလင်မြို့ ဗိမာန်တော်သို့ ရောက်သောအခါ၊ ဗိမာန်တော်ကို မိမိနေရာ၌ တည်ဆောက်ခြင်းငှာ၊ |
ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်က ဂဒ်အား ဒါဝိဒ်မင်းကြီးထံသွားလော့။ ယေဗုသိလူမျိုးဩရနန်၏ကောက်နယ်တလင်းနားသို့ တက်သွား၍ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကို တည်ပါဟု သူ့အား ဆင့်ဆိုလော့။
ဒါဝိဒ်မင်းကြီးက “ဤနေရာသည် ဘုရားသခင်ထာဝရဘုရား၏အိမ်တော်ကို တည်ရာနေရာဖြစ်၏။ ဤနေရာသည် အစ္စရေးလူမျိုးတို့ မီးရှို့ရာယဇ်ပလ္လင်ကို တည်ရာနေရာဖြစ်၏”ဟု မိန့်ဆို၏။
ထို့နောက် ရှောလမုန်မင်းကြီးသည် ဂျေရုဆလင်မြို့ရှိ မောရိတောင်ပေါ်၊ ခမည်းတော်ဒါဝိဒ်မင်းကြီးထံ ထာဝရဘုရားထင်ရှားတော်မူရာနေရာတွင် ထာဝရဘုရားအဖို့ အိမ်တော်ကို စတင်တည်ဆောက်၏။ ထိုနေရာသည် ယေဗုသိလူမျိုးဩရနန်၏ကောက်နယ်တလင်းတွင် အိမ်တော်တည်ဆောက်ဖို့ ဒါဝိဒ်မင်းကြီးပြင်ဆင်ထားသောနေရာဖြစ်၏။
ကုလားအုတ် လေးရာသုံးဆယ့်ငါးကောင်၊ မြည်း အကောင်ခြောက်ထောင်ခုနစ်ရာ့နှစ်ဆယ်လည်း ပါ၏။
ထိုသို့ သူတို့တတ်နိုင်သလောက်ပေးလှူကြရာတွင် ရွှေဒင်္ဂါးပြားခြောက်သောင်းတစ်ထောင်၊ ငွေမိနာ့ငါးထောင်နှင့် ယဇ်ပုရောဟိတ်ဝတ်စုံ အစုံတစ်ရာတို့ကို ဘဏ္ဍာတိုက်ထဲသို့ ထည့်သွင်းလှူဒါန်းကြ၏။
သူတို့သည် ပြည်သားတို့ကိုကြောက်ရွံ့လျက်နှင့်ပင် ယဇ်ပလ္လင်ကို မူလနေရာ၌ တည်ဆောက်ကြ၏။ ထို့နောက် နံနက်အချိန်၊ နေဝင်ချိန်တို့၌ ထာဝရဘုရားအဖို့ မီးရှို့ရာယဇ်များကို ပူဇော်ကြ၏။
အကျွန်ုပ်တို့သည် ကျွန်များသာ ဖြစ်ပါ၏။ သို့သော် အကျွန်ုပ်တို့၏ဘုရားသခင်သည် အကျွန်ုပ်တို့ကို ကျွန်ခံရာ၌ စွန့်ပစ်မထားဘဲ ပါးရှားဘုရင်ရှေ့တွင် မေတ္တာကရုဏာပြတော်မူပြီ။ အကျွန်ုပ်တို့၏အသက်ကို ကာကွယ်စောင့်ရှောက်တော်မူပြီ။ အကျွန်ုပ်တို့ဘုရားသခင်၏အိမ်တော်ကို ပြန်လည်တည်ဆောက်စေ၍ ပြိုပျက်ရာများကိုလည်း ပြန်လည်ပြုပြင်စေတော်မူပြီ။ ယုဒပြည် ဂျေရုဆလင်မြို့တွင် ကျွန်ုပ်တို့ကို တံတိုင်းသဖွယ် အကာအကွယ်ပေးတော်မူပါပြီ။
သင်၏တန်ခိုးထင်ရှားသောနေ့၌ သင်၏လူမျိုးသည် စေတနာစိတ်နှင့်ပါဝင်ကြလိမ့်မည်။ သင်၏ပျိုရွယ်ခြင်းနှင်းစက်သည် သန့်ရှင်းသောဘုန်းအာနုဘော်ကိုဆောင်လျက် နံနက်အချိန်ဝမ်းဗိုက်ထဲမှ သင့်ထံသို့လာလိမ့်မည်။
“ငါ့ထံသို့ အလှူပစ္စည်းကိုယူဆောင်လာကြမည့်အကြောင်း အစ္စရေးအမျိုးသားတို့အားဆင့်ဆိုလော့။ ငါ့အား စေတနာစိတ်ဖြင့်ပေးလှူသူအပေါင်းတို့ထံမှ အလှူပစ္စည်းကို သင်တို့ခံယူရမည်။
စိတ်အားထက်သန်သောသူ၊ စိတ်စေတနာရှိသောသူအပေါင်းတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်နှင့် ထိုတဲတော်၏အမှုရှိသမျှ၌အသုံးပြုရန်အတွက်၊ သန့်ရှင်းသောအဝတ်တန်ဆာအတွက် ထာဝရဘုရားထံအလှူပစ္စည်းကို ယူဆောင်လာကြ၏။
မောရှေအားဖြင့် ထာဝရဘုရားမိန့်မှာတော်မူသော လုပ်ဆောင်ရမည့်အလုပ်အမျိုးမျိုးအတွက် စိတ်စေတနာရှိသော အစ္စရေးအမျိုးသားယောက်ျားမိန်းမအပေါင်းတို့သည် ထာဝရဘုရားထံ စေတနာအလျောက်လှူသောအလှူပစ္စည်းကို ယူဆောင်လာကြ၏။
သူတို့သည် သန့်ရှင်းရာဌာနကိုတည်ဆောက်ခြင်းလုပ်ငန်းအတွက် အစ္စရေးအမျိုးသားတို့ယူဆောင်လာသောအလှူပစ္စည်းအားလုံးကို မောရှေထံမှ လက်ခံယူကြ၏။ အစ္စရေးအမျိုးသားတို့သည်လည်း မောရှေထံသို့ စေတနာအလျောက်လှူသောအလှူပစ္စည်းတို့ကို ဆက်လက်၍ နံနက်တိုင်းယူဆောင်လာကြ၏။
အကြောင်းမူကား စေတနာစိတ်ရှိလျှင် မရှိသည့်အရာကိုမထောက်ဘဲ ရှိသည့်အရာကိုထောက်၍ နှစ်သက်လက်ခံတော်မူ၏။
ငါသက်သေခံသည်ကား သူတို့သည် မိမိတို့စိတ်ဆန္ဒအလျောက် တတ်နိုင်သည့်အတိုင်းသာမက တတ်နိုင်သည်ထက် ပို၍ပေးကမ်းလျက်
လူတစ်ဦးစီသည် နှမြောသောစိတ်ဖြင့်မဟုတ်။ မလွှဲမရှောင်သာသောအားဖြင့်လည်းမဟုတ်ဘဲ မိမိ၏စိတ်ထဲ၌ ဆုံးဖြတ်ထားသည့်အတိုင်း ပေးလှူသင့်၏။ အကြောင်းမူကား ဘုရားသခင်သည် ကြည်ဖြူသောစိတ်ဖြင့်ပေးလှူသောသူကို နှစ်သက်တော်မူ၏။