သို့သော် ရှောလမုန်မင်းကြီးသည် ဖာရောမင်းကြီး၏သမီးတော်အပြင် မောဘသမီးပျို၊ အမ္မုန်သမီးပျို၊ ဧဒုံသမီးပျို၊ ဆီဒုန်သမီးပျို၊ ဟိတ္တိသမီးပျို စသောတစ်ပါးအမျိုးသားတို့၏သမီးပျိုများကိုလည်း ချစ်ကြိုက်၏။
ဧဇရ 10:44 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူအပေါင်းတို့သည် တစ်ပါးအမျိုးသားမိန်းမတို့နှင့်စုံဖက်ကြသူများဖြစ်ပြီး ထိုမိန်းမများနှင့် သားသမီးများပင် ရရှိကြပြီ။ Common Language Bible ဤသူအပေါင်းတို့သည် လူမျိုးခြားအမျိုး သမီးများနှင့်အိမ်ထောင်ကျသူများဖြစ် ကြ၏။ သူတို့သည်မိမိတို့ဇနီးများကို လည်းကောင်း၊ သူတို့နှင့်ရသောသားသမီး များကိုလည်းကောင်းစွန့်လိုက်ကြ၏။ ဧဇရမှတ်စာပြီး၏။ Garrad Bible နေ ဗော့ အ ဆက်၊ ယေ လ၊ မ တ္တိ သိ၊ ဇာ ဗဒ်၊ ဇေ ဗိ နာ၊ ဣ ဒ္ဒေါ၊ ယော လ၊ ဗေ နာ ယ တို့ တည်း။ Judson Bible ဤသူအပေါင်းတို့သည် တစ်ပါးအမျိုးသားမိန်းမနှင့် စုံဖက်၍ သားသမီးကို မြင်ရကြပြီ။ ဧဇရမှတ်စာပြီး၏။ |
သို့သော် ရှောလမုန်မင်းကြီးသည် ဖာရောမင်းကြီး၏သမီးတော်အပြင် မောဘသမီးပျို၊ အမ္မုန်သမီးပျို၊ ဧဒုံသမီးပျို၊ ဆီဒုန်သမီးပျို၊ ဟိတ္တိသမီးပျို စသောတစ်ပါးအမျိုးသားတို့၏သမီးပျိုများကိုလည်း ချစ်ကြိုက်၏။
ယခု အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏ဘုရားသခင်နှင့် ပဋိညာဉ်ပြုကြကုန်စို့။ အကျွန်ုပ်၏အရှင်သခင်နှင့် အကျွန်ုပ်တို့ဘုရားသခင်၏ပညတ်တော်ကို ရိုသေခန့်ညားသောသူတို့၏အကြံပေးချက်အတိုင်း အကျွန်ုပ်တို့သည် ထိုမိန်းမများနှင့်တကွ သူတို့နှင့်ရသောကလေးများကို စွန့်၍ ပညတ်တရားတော်နှင့်အညီ ပြုကျင့်ကြပါမည်။
ထိုသူတို့၏သမီးများကို လက်ထပ်ယူပြီး မိမိသားတို့နှင့်လည်း ပေးစားကြ၏။ ဤသို့ဖြင့် သန့်ရှင်းသောအမျိုးအနွယ်သည် ထိုပြည်သားတို့နှင့်ရောနှောလေပြီ။ ဤသစ္စာမဲ့မှုကို အကြီးအကဲများ၊ မင်းအရာရှိများက ထိပ်ဆုံးမှပြုကြ၏”ဟု ဆိုကြ၏။
အကျင့်ဖောက်ပြားသောမိန်းမနှင့် စကားတို့ဖြင့်မြှူဆွယ်တတ်သော ကိုယ်ကျင့်တရားပျက်ပြားသည့်မိန်းမ၏လက်မှလည်း သင့်ကိုကယ်နုတ်လိမ့်မည်။
ငါ့သား၊ သင်သည် အဘယ်ကြောင့် အကျင့်ဖောက်ပြားသောမိန်းမနှင့်ယစ်မူး၍ ကိုယ်ကျင့်တရားပျက်ပြားသောမိန်းမ၏ရင်ကို ပွေ့ဖက်ရသနည်း။
အကြောင်းမူကား အကျင့်ဖောက်ပြားသောမိန်းမ၏နှုတ်ခမ်းမှ ပျားရည်ယိုစီး၍ သူ၏နှုတ်သည် ဆီထက်ချောမွေ့၏။