မိမိကိုယ်မိမိ အားရကျေနပ်နေသောမိန်းမတို့၊ ကြောက်ရွံ့တုန်လှုပ်ကြလော့။ မိမိကိုယ်မိမိ ယုံကြည်စိတ်ချနေသောသူတို့၊ ထိတ်လန့်တုန်လှုပ်ကြလော့။ အဝတ်ချွတ်၍ ကိုယ်ဗလာကျင်း နေကြလော့။ ခါးစည်းကြလော့။
အာမုတ် 4:12 - မြန်မာ့စံမီသမ္မာကျမ်း “သို့ဖြစ်၍ အစ္စရေးလူမျိုးတို့၊ ထိုသို့ သင်တို့ကိုငါစီရင်မည်။ ထိုသို့ သင်တို့ကိုငါစီရင်မည်ဖြစ်၍ အို အစ္စရေးလူမျိုးတို့၊ သင်တို့၏ဘုရားသခင်ကို ရင်ဆိုင်ရန် အသင့်ပြင်ကြလော့။” Common Language Bible ``သို့ဖြစ်သောကြောင့် အို ဣသရေလပြည်သား တို့၊ ငါသည်သင်တို့ကိုအပြစ်ပေးရတော့ မည်။ ဤသို့အပြစ်ပေးမည့်အတွက်ကြောင့် ဘုရားသခင်စီရင်တော်မူချက်ကိုခံယူ ရန်အသင့်ပြင်ကြလော့။'' Garrad Bible သို့ ဖြစ် ၍၊ အို ဣ သ ရေ လ အ မျိုး၊ ငါ ဗျာ ဒိတ် ပေး မည့် အ တိုင်း သင်၌ စီ ရင် ဦး မည်။ အို ဣ သ ရေ လ အ မျိုး၊ ထို အ တိုင်း ပင် ငါ စီရင် မည် ကို ထောက် ၍၊ ကိုယ့် ဘု ရား သ ခင် နှင့် တွေ့ ဆုံ ခြင်း ငှာ၊ ကိုယ် ကို ပြင် ဆင် ကြ လော့ ဟု မိန့် တော် မူ ၏။ Judson Bible သို့ဖြစ်၍၊ အို ဣသရေလအမျိုး၊ အထက်ကပြုသကဲ့သို့ သင်တို့၌ ငါပြုဦးမည်။ ထိုသို့ပြုမည် ဖြစ်သောကြောင့်၊ အို ဣသရေလအမျိုး၊ သင်၏ဘုရားသခင်နှင့် တွေ့ခြင်းငှာ ကိုယ်ကိုပြင်ဆင်လော့။ |
မိမိကိုယ်မိမိ အားရကျေနပ်နေသောမိန်းမတို့၊ ကြောက်ရွံ့တုန်လှုပ်ကြလော့။ မိမိကိုယ်မိမိ ယုံကြည်စိတ်ချနေသောသူတို့၊ ထိတ်လန့်တုန်လှုပ်ကြလော့။ အဝတ်ချွတ်၍ ကိုယ်ဗလာကျင်း နေကြလော့။ ခါးစည်းကြလော့။
သင်၏အရှက် ပေါ်လိမ့်မည်။ မမြင်အပ်သောအရာကို မြင်ကြလိမ့်မည်။ ငါသည် လက်စားချေမည်။ မည်သူ့ကိုမျှ ချမ်းသာပေးမည်မဟုတ်။
မီးသည် သစ်ခက်တို့ကိုလောင်သကဲ့သို့၊ မီးသည် ရေကိုပွက်ပွက်ဆူစေသကဲ့သို့ ဖြစ်လိမ့်မည်။ ကိုယ်တော့်ကိုရန်ပြုသောသူတို့သည် ကိုယ်တော်၏နာမတော်ကိုသိ၍ လူမျိုးတကာတို့သည် ကိုယ်တော်၏ရှေ့တော်၌ ထိတ်လန့်တုန်လှုပ်ကြလိမ့်မည်။
သင်တို့သည် ငါ့ကို မကြောက်ရွံ့ကြသလော။ ငါ့ရှေ့၌မတုန်လှုပ်ကြသလော။ ပင်လယ်ရေမကျော်လွန်နိုင်အောင် သဲနယ်နိမိတ်ကို အရံအတားအဖြစ် ငါနေရာချထား၏။ ပင်လယ်သည် ဟုန်းဟုန်းမြည်သော်လည်း နယ်နိမိတ်ကိုမကျော်နိုင်။ လှိုင်းတံပိုးထသော်လည်း နယ်နိမိတ်ကို မလွှမ်းမိုးနိုင်။
သူတို့သည် ပြိုပျက်နေသောမြို့ရိုးကို မပြုပြင်ကြ။ ထို့ကြောင့် ထာဝရဘုရား၏နေ့ရက်တွင် အစ္စရေးအမျိုးအနွယ်တို့သည် တိုက်ပွဲကို ခုခံနိုင်မည်မဟုတ်။
ထိုပြည် ဖျက်ဆီးမခံရအောင် မြို့ရိုးကိုပြုပြင်မည့်သူ၊ ထိုပြည်ကိုယ်စား ကျိုးပေါက်ရာ၌ ငါ့ရှေ့တွင်ရပ်မည့်သူကို ထိုမြို့တွင် ငါရှာသော်လည်း တစ်ယောက်မျှမတွေ့။
ငါသည် သားငယ်ဆုံးရှုံးသောဝက်ဝံမကဲ့သို့ သူတို့ကိုတိုက်ခိုက်မည်။ သူတို့ရင်ဘတ်ကို ဆွဲဆုတ်မည်။ သူတို့ကို ခြင်္သေ့ကဲ့သို့ကိုက်စားဝါးမျိုမည်။ တောရိုင်းတိရစ္ဆာန်ကဲ့သို့ ဆွဲဖြဲမည်။
အပြေးမြန်သူလည်း မပြေးနိုင်။ သန်မာသူလည်း ခွန်အားမထုတ်နိုင်။ စစ်သူရဲလည်း သူ့အသက် သူမကယ်နိုင်။
ထို့ကြောင့် လူ့သားသည် သင်တို့မထင်မှတ်သောအချိန်၌ ကြွလာမည်ဖြစ်၍ သင်တို့သည်လည်း အသင့်ရှိနေကြလော့။
သင်သည် သင့်ကိုတရားစွဲဆိုသူနှင့်အတူလမ်း၌ရှိစဉ် သူနှင့်သင့်မြတ်အောင် အလျင်အမြန်ပြုလော့။ သို့မဟုတ်ပါက ထိုတရားစွဲဆိုသူသည် သင့်ကို တရားသူကြီးထံအပ်၍ တရားသူကြီးသည် အစောင့်တပ်သားထံအပ်သဖြင့် သင်သည် ထောင်ထဲ၌ ထည့်ထားခြင်းခံရလိမ့်မည်။
ထို့ကြောင့် သင်သည် မည်သို့ခံယူ၍ ကြားနာခဲ့သည်ကို သတိရလျက် ထိုအရာတို့ကိုစောင့်ထိန်းလော့။ နောင်တရလော့။ သင်သည် သတိနှင့်စောင့်နေခြင်းမရှိပါက သူခိုးကဲ့သို့ ငါလာမည်ဖြစ်၍ မည်သည့်အချိန်၌ သင့်ထံသို့ငါလာမည်ကို သင်လုံးဝသိလိမ့်မည်မဟုတ်။