ယေဇကျေလ 13:5 - မြန်မာ့စံမီသမ္မာကျမ်း5 သူတို့သည် ပြိုပျက်နေသောမြို့ရိုးကို မပြုပြင်ကြ။ ထို့ကြောင့် ထာဝရဘုရား၏နေ့ရက်တွင် အစ္စရေးအမျိုးအနွယ်တို့သည် တိုက်ပွဲကို ခုခံနိုင်မည်မဟုတ်။ အခန်းကိုကြည့်ပါ။Common Language Bible5 ထိုပရောဖက်တို့သည်မြို့ရိုးများပြိုကျ လျက်ရှိသည့်နေရာများကိုမစောင့်ကြပ်။ မြို့ရိုးတို့ကိုလည်းပြန်လည်၍မပြုပြင်။ သို့ဖြစ်၍ထာဝရဘုရား၏နေ့ရက်၌ စစ် ပွဲဝင်သောအခါဣသရေလနိုင်ငံကိုကာ ကွယ်နိုင်ကြလိမ့်မည်မဟုတ်။- အခန်းကိုကြည့်ပါ။Garrad Bible5 ထာ ဝ ရ ဘု ရား၏ နေ့ ရက် တော်၌၊ ဣ သ ရေ လ အ မျိုး သား တို့ ခံ ရပ် စစ် တိုက် နိုင် စေ ခြင်း ငှာ၊ မြို့ ရိုး ကို ပြု ပြင် ခြင်း၊ အ ပေါက် များ ကို တက် စီး ခြင်း မ ပြု ကြ ချေ။ အခန်းကိုကြည့်ပါ။Judson Bible5 ဣသရေလအမျိုးသည် ထာဝရဘုရား၏နေ့ရောက်မှ စစ်တိုက်၍ ခံနိုင်မည်အကြောင်း၊ သူတို့သည် မြို့ရိုးပျက်အပေါ်သို့ တက်၍၊ ပြုပြင်ခြင်းအမှုကို မပြုဘဲနေကြ၏။ အခန်းကိုကြည့်ပါ။ |
သူတို့သည် ပရောဖက်ဖြစ်၍ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် သူတို့နှင့်အတူရှိမည်ဆိုလျှင် ထာဝရဘုရား၏အိမ်တော်၊ ယုဒဘုရင်၏နန်းတော်၊ ဂျေရုဆလင်မြို့၌ ကျန်ရစ်သောအသုံးအဆောင်များကို ဘေဘီလုံမြို့သို့ယူဆောင်မသွားရန် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားအား တောင်းပန်ကြစေ’ဟု မိန့်တော်မူ၏။
သူတို့၏ငွေကို လမ်းများပေါ်သို့ လွှင့်ပစ်ကြလိမ့်မည်။ ရွှေသည်လည်း မစင်ကြယ်သောအရာကဲ့သို့ ဖြစ်လိမ့်မည်။ ထာဝရဘုရား၏အမျက်တော်နေ့၌ သူတို့၏ရွှေငွေသည် သူတို့ကိုမကယ်တင်နိုင်ပါ။ ရွှေငွေတို့သည် သူတို့စိတ်အလိုကို ပြည့်စုံစေနိုင်မည်မဟုတ်။ ဝမ်းကို ဖြည့်ပေးနိုင်မည်မဟုတ်။ အကြောင်းမူကား ရွှေငွေသည် သူတို့ကို အပြစ်နွံထဲ လဲကျစေသောအကြောင်းရင်း ဖြစ်၏။