မောက်မာသောသူတို့သည် ကြိုးများဖြင့် အကျွန်ုပ်အတွက်ကျော့ကွင်းကို လျှို့ဝှက်စွာထောင်ထားကြပါ၏။ သူတို့သည် လမ်းပေါ်တွင်ပိုက်ကွန်ကိုဖြန့်ထားလျက် အကျွန်ုပ်အတွက် ထောင်ချောက်များဆင်ထားကြပါ၏။(စေလာ)
အာမုတ် 3:5 - မြန်မာ့စံမီသမ္မာကျမ်း မြေပေါ်မှာ ထောင်ချောက်မထောင်ဘဲ ငှက်ကိုမိမည်လော။ မည်သည့်သားကောင်မှ မမိဘဲ ကျော့ကွင်းသည် မြေပေါ်မှမြောက်တက်သွားမည်လော။ Common Language Bible အစာမပါသောကျော့ကွင်းဖြင့်ကောင်းကင်မှ ငှက်တစ်ကောင်ကိုထောင်ဖမ်းနိုင်သလော။ တစ်စုံတစ်ရာကိုဖမ်းမိသောကြောင့်သာ ကျော့ကွင်းပြုတ်သွားရသည်မဟုတ်လော။ Garrad Bible မ ဖမ်း ဘဲ၊ ဂူ မှ တိ န ဟိန်း ခြင်း၊ မြေ ပေါ် တွင် ထောင် ပိုက် မ ချ ဘဲ၊ ငှက် ဖမ်း ခြင်း၊ မ မိ ဘဲ၊ မြေ မှ ထောင် ပိုက် အုပ် ခြင်း၊ Judson Bible မြေပေါ်မှာ ကျော့ကွင်းနှင့်မထောင်လျှင်၊ ငှက်ကို ကျော့မိလိမ့်မည်လော။ ထောင်ထားသောကျော့ကွင်း၌ အဘယ်အရာကိုမျှမရမီ ထောင်ထားရာအရပ်မှ နုတ်သွားလိမ့်မည်လော။ |
မောက်မာသောသူတို့သည် ကြိုးများဖြင့် အကျွန်ုပ်အတွက်ကျော့ကွင်းကို လျှို့ဝှက်စွာထောင်ထားကြပါ၏။ သူတို့သည် လမ်းပေါ်တွင်ပိုက်ကွန်ကိုဖြန့်ထားလျက် အကျွန်ုပ်အတွက် ထောင်ချောက်များဆင်ထားကြပါ၏။(စေလာ)
အမှန်စင်စစ် လူသည် မိမိ၏အချိန်ကာလကို မသိတတ်။ ဘေးအန္တရာယ်ရှိသောပိုက်ကွန်၌ ဖမ်းမိခြင်းခံရသောငါးများနှင့် ကျော့ကွင်း၌မိသောငှက်များကဲ့သို့ လူသားတို့သည် သူတို့အပေါ်သို့ ဆိုးရွားသောအချိန်ကာလ ရုတ်တရက်ကျရောက်သောအခါ ထိုအရာအားဖြင့် ကျော့မိတတ်၏။
ထာဝရဘုရားက “ငါသည် သူတို့ကို နုတ်ပယ်ဖြိုချမှောက်လှန်ဖျက်ဆီးပြီး ဒုက္ခရောက်စေဖို့ စောင့်ကြည့်သကဲ့သို့ တည်ထောင်ပြုစုဖို့ စောင့်ကြည့်မည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည် စောင့်ကြည့်လျက် အကျွန်ုပ်တို့ကို ဘေးဆိုးသင့်စေပြီ။ စင်စစ် အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား ပြုတော်မူသောအမှုအလုံးစုံတို့သည် ဖြောင့်မှန်ပါ၏။ အကျွန်ုပ်တို့သည် ကိုယ်တော်၏စကားတော်ကို နားမထောင်ဘဲ နေမိခဲ့ကြပါ၏။
ခြင်္သေ့သည် သားကောင်မတွေ့ဘဲ တောထဲတွင် ဟိန်းနေမည်လော။ ခြင်္သေ့ပျိုသည် မည်သည့်သားကောင်မှ မဖမ်းမိဘဲ တွင်းထဲတွင်မာန်ဖီနေမည်လော။
မြို့ထဲတွင် တံပိုးမှုတ်သံကြားသောအခါ လူတို့ မထိတ်လန့်ဘဲ နေမည်လော။ ထာဝရဘုရားပြုတော်မမူဘဲ မြို့ထဲတွင် ဘေးအန္တရာယ်ကျရောက်နိုင်မည်လော။