ယာကုပ်၏သားတို့သည် မိမိတို့နှမကို မြို့သားတို့ညစ်ညူးစေသောကြောင့် အသတ်ခံရသောသူတို့ထံသို့လာ၍ သူတို့၏မြို့ကို သိမ်းယူကြ၏။
အာမုတ် 3:11 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက “ရန်သူသည် သင့်ပြည်ကို ဝိုင်းရံ၍ သင်၏အားအင်ကို ယုတ်လျော့စေမည်။ သင်၏ခံတပ်များကိုလည်း သိမ်းပိုက်လိမ့်မည်”ဟု မိန့်ဆိုတော်မူပြီ။ Common Language Bible သို့ကြောင့်ရန်သူတစ်နိုင်ငံသည်သူတို့၏ မြို့များကိုဝိုင်းရံ၍ သူတို့၏ခံတပ်များ ကိုဖြိုခွင်းလိုက်မည်။ သူတို့၏ဘုံနန်းများ ကိုလည်းလုယက်ဖျက်ဆီးလိမ့်မည်'' ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။ Garrad Bible သို့ ဖြစ်၍၊ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ၊ နေ ပြည် ကို ဝိုင်း ထား အံ့ သော ရန် သူ သည်၊ ခံ မြို့ ကို ဖြို လှဲ လျက်၊ ဘုံ ဗိ မာန် များ ကို လု ယက် လိမ့် မည်။ Judson Bible ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရန်သူတို့သည် ရှမာရိပြည်ကိုဝိုင်းပြီးလျှင်၊ သင်၏အစွမ်းသတ္တိကို နှိမ့်ချ၍၊ ဗိမာန်တို့ကို ဖြိုဖျက်ကြလိမ့်မည်။ |
ယာကုပ်၏သားတို့သည် မိမိတို့နှမကို မြို့သားတို့ညစ်ညူးစေသောကြောင့် အသတ်ခံရသောသူတို့ထံသို့လာ၍ သူတို့၏မြို့ကို သိမ်းယူကြ၏။
အဆီးရီးယားဘုရင်ပုလမင်းကြီးသည် အစ္စရေးပြည်ကို လာရောက်တိုက်ခိုက်သဖြင့် မေနဟင်က ပုလမင်းကြီး မိမိနှင့်လက်တွဲပြီး မိမိလက်ထဲ၌နိုင်ငံတော်တည်မြဲလာစေရန် ငွေတာလန်တစ်ထောင်ကို ဆက်သလိုက်၏။
အစ္စရေးဘုရင်ပေကာမင်းကြီးလက်ထက်တွင် အဆီးရီးယားဘုရင်တိဂလတ်ပိလေသာမင်းကြီးသည် စစ်ချီလာ၍ ဣယုန်မြို့၊ အာဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှမြို့၊ ဟာဇော်မြို့၊ ဂိလဒ်ပြည်၊ ဂါလိလဲပြည်နှင့် နဿလိပြည်တစ်ပြည်လုံးကို သိမ်းယူပြီး ပြည်သူပြည်သားတို့ကို အဆီးရီးယားပြည်သို့ ဖမ်းခေါ်သွား၏။
သူတို့သည် ဘုရားသခင်၏အိမ်တော်ကို မီးရှို့ပြီး ဂျေရုဆလင်မြို့ရိုးကို ဖြိုချပစ်၏။ နန်းတော်တစ်ခုလုံးကိုလည်း မီးရှို့ပြီး အဖိုးတန်အသုံးအဆောင်အားလုံးကိုလည်း ဖျက်ဆီးပစ်ကြ၏။
သူဝါးမျိုစရာ တစ်စုံတစ်ရာကျန်မည်မဟုတ်။ သူ့စည်းစိမ်များလည်း တည်မြဲမည်မဟုတ်။
ထို့ကြောင့် ငါသည် ယုဒပြည်အပေါ် မီးကိုလွှတ်၍ ဂျေရုဆလင်ခံတပ်တို့ကိုပါ လောင်ကျွမ်းစေမည်”ဟု မိန့်တော်မူ၏။
စင်စစ် သူတို့သည် မှန်ကန်ရာကို မပြုတတ်ကြ။ သူတို့၏ခံတပ်တွင် အကြမ်းဖက် လုယူထားသောပစ္စည်းကို သိုထားကြပြီ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ဆောင်းရာသီစံအိမ်၊ နွေရာသီစံအိမ်တို့ကို ငါဖြိုဖျက်ပစ်မည်။ ဆင်စွယ်အိမ်များကိုလည်းဖျက်ဆီးသဖြင့် ခမ်းနားထည်ဝါသောစံအိမ်များ ပျက်စီးရလိမ့်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
“အို အစ္စရေးအမျိုးအနွယ်တို့၊ ကြည့်ရှုလော့။ သင်တို့ကို ဆန့်ကျင်မည့်လူမျိုးတစ်မျိုးကို ငါပေါ်ထွန်းစေမည်။ သူတို့သည် သင်တို့ကို လီဘိုဟာမတ်မြို့မှ အရာဗလွင်ပြင်တိုင်အောင် လိုက်လံညှဉ်းဆဲကြလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရား မိန့်တော်မူ၏။
ဘုရားရှင်ထာဝရဘုရားသည် မိမိကိုယ်ကိုတိုင်တည်ကျိန်ဆိုတော်မူပြီ။ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားက “ယာကုပ်၏မာနကို ငါရွံရှာ၏။ သူ၏ခံတပ်များကိုလည်း ငါမုန်း၏။ ထို့ကြောင့် မြို့နှင့်တကွ မြို့ထဲရှိသမျှတို့ကို ရန်သူလက်သို့အပ်ပစ်မည်”ဟု မိန့်တော်မူ၏။