အကျွန်ုပ်တို့သည် လယ်၌ ကောက်လှိုင်းများစည်းနေကြရာ အကျွန်ုပ်၏ကောက်လှိုင်းစည်းသည် ထ၍ မတ်တတ်ရပ်လေ၏။ ထိုအခါ အစ်ကိုတို့၏ကောက်လှိုင်းစည်းများသည် ဝိုင်းလာ၍ အကျွန်ုပ်၏ကောက်လှိုင်းစည်းရှေ့၌ ပျပ်ဝပ်ကြ၏”ဟု ဆိုလေ၏။
အာမုတ် 2:13 - မြန်မာ့စံမီသမ္မာကျမ်း ကြည့်ရှုလော့။ လှည်းသည် ကောက်လှိုင်းအပြည့်နှင့် အဖိခံရသကဲ့သို့ သင်တို့ကို ငါဖိချမည်။ Common Language Bible ထို့ကြောင့်ငါသည်သင့်အားမြေကြီးပေါ် နင်းချေ၍သင်သည်ဂျုံစပါးအပြည့်တင် ထားသည့်လှည်းကဲ့သို့ ငြီးတွားရလိမ့်မည်။- Garrad Bible သို့ ဖြစ်၍ ငါ သည်၊ ကောက် လှိုင်း အ ပြည့် တင် သော လှည်း နင်း သည့် နည်း တူ၊ သင် တို့ ကို ဖိ နင်း သ ဖြင့်၊ Judson Bible ထိုကြောင့်၊ လှည်းသည် အပြည့်တင်သောကောက်လှိုင်း၏ ဖိစီးခြင်းကိုခံရသကဲ့သို့၊ သင်တို့၏ နေရာအရပ်ကို ငါဖိစီးမည်။ |
အကျွန်ုပ်တို့သည် လယ်၌ ကောက်လှိုင်းများစည်းနေကြရာ အကျွန်ုပ်၏ကောက်လှိုင်းစည်းသည် ထ၍ မတ်တတ်ရပ်လေ၏။ ထိုအခါ အစ်ကိုတို့၏ကောက်လှိုင်းစည်းများသည် ဝိုင်းလာ၍ အကျွန်ုပ်၏ကောက်လှိုင်းစည်းရှေ့၌ ပျပ်ဝပ်ကြ၏”ဟု ဆိုလေ၏။
သင်၏ကောက်လှိုင်းများကို ယူဆောင်လာ၍ ကောက်နယ်တလင်းတွင် စုသိမ်းပေးမည်ဟု သင်ယုံသလော။
သူတို့သည် တောကန္တာရ၌ ဘယ်နှကြိမ်ဘယ်နှခါမျှ ကိုယ်တော်ကိုပုန်ကန်ကြပြီး ကန္တာရမြေ၌ ကိုယ်တော်ကိုစိတ်ထိခိုက်စေခဲ့ကြသနည်း။
ငါ့ဝိညာဉ်သည် သင်တို့ကျင်းပသော လဆန်းနေ့ပွဲများ၊ သတ်မှတ်ထားသောပွဲများကို မုန်း၏။ ငါ့အတွက် ဝန်ထုပ်ဝန်ပိုးကဲ့သို့ဖြစ်၏။ ငါထမ်းထားရသည်မှာ ပင်ပန်းလှ၏။
သင်သည် ခါနဲကို ငါ့အတွက် ငွေဖြင့်မဝယ်။ သင့်ယဇ်ကောင်တို့၏အဆီနှင့် ငါ့အား ကျေနပ်အားရမှုကိုမဖြစ်စေ။ သင့်အပြစ်များဖြင့် ငါ့ကိုဝန်လေးစေ၏။ သင့်ဒုစရိုက်များဖြင့် ငါ့ကိုပင်ပန်းစေ၏။
ထိုအခါ ဟေရှာယက “ဒါဝိဒ်အမျိုးအနွယ်တို့၊ နားထောင်လော့။ သင်တို့သည် လူတို့ကိုစိတ်ပင်ပန်းစေသည်မှာ နည်းသေး၍ ငါ၏ဘုရားသခင်ကိုပါ စိတ်ပင်ပန်းစေကြမည်လော။
ဘုရားရှင်ထာဝရဘုရားက ‘သင်၏ငယ်ဘဝကို မေ့ထားပြီး ညစ်ညမ်းသောအမှု၊ စက်ဆုပ်ရွံရှာဖွယ်အမှုရှိသမျှတို့ကို ပြုခြင်းဖြင့် ငါ့ကိုဒေါသထွက်စေသောကြောင့် သင်ပြုခဲ့သမျှတို့ကို သင့်ခေါင်းပေါ် ပြန်ရောက်စေမည်။ ထိုအမှုအပေါင်းတို့ကို သင်မပြုတော့နှင့်။
ထိုသို့ ဖမ်းသွားခြင်းခံရ၍ လူမျိုးခြားတို့အလယ်ရောက်ရှိနေသော ကြွင်းကျန်သူတို့သည် စိတ်နှလုံးဖောက်ပြန်၍ ငါ့ထံမှလမ်းလွဲသွားသောကြောင့်၊ မျက်စိဖောက်ပြန်၍ ရုပ်တုများနောက်သို့ လိုက်သွားခဲ့သောကြောင့် ငါမည်မျှရင်ကျိုးခဲ့ရသည်ကို သူတို့သိနားလည်လာကြလိမ့်မည်။ သူတို့ပြုခဲ့သော စက်ဆုပ်ရွံရှာဖွယ်မကောင်းမှုများကြောင့် သူတို့ကိုယ်သူတို့ စက်ဆုပ်ရွံရှာကြလိမ့်မည်။
သင်တို့သည် သင်တို့၏စကားများဖြင့် ထာဝရဘုရားကို ပင်ပန်းစေကြ၏။ သို့သော် သင်တို့က “ကိုယ်တော်ကို အကျွန်ုပ်တို့ မည်သို့ပင်ပန်းစေသနည်း”ဟု မေးတတ်ကြ၏။ “မကောင်းမှုကိုပြုသောသူအားလုံး ထာဝရဘုရားရှေ့တော်၌ လူကောင်းဖြစ်၏။ ကိုယ်တော်သည် ထိုသို့သောသူတို့ကို နှစ်သက်တော်မူ၏”ဟု သင်တို့ဆိုရုံသာမက “တရားမျှတသောဘုရားသခင် အဘယ်မှာရှိသနည်း”ဟု သင်တို့ဆိုတတ်ကြပြီတကား။
ခေါင်းဆောင်နှစ်ယောက်လျှင် ပေါင်းမိုးပါလှည်းအိမ်တစ်ခု၊ တစ်ယောက်လျှင် နွားတစ်ကောင်၊ စုစုပေါင်း လှည်းအိမ်ခြောက်ခုနှင့် နွားတစ်ဆယ့်နှစ်ကောင်စသည့် ပူဇော်သက္ကာတို့ကို ထာဝရဘုရားရှေ့တော်သို့ ယူဆောင်ခဲ့ကြပြီး ကိန်းဝပ်တော်မူရာတဲတော်ရှေ့၌ ပူဇော်ကြ၏။