ထာဝရဘုရားသည် သန့်ရှင်းရာဗိမာန်တော်၌ စံမြန်းတော်မူ၏။ မြေကြီးသားအပေါင်းတို့၊ ရှေ့တော်၌ ငြိမ်ဝပ်စွာနေကြလော့”ဟု တုံ့ပြန်မိန့်ဆိုတော်မူ၏။
ဟဗက္ကုတ် 3:1 - မြန်မာ့စံမီသမ္မာကျမ်း ပရောဖက်ဟဗက္ကုတ်သီကျူးသောရှိဂျောနုတ်ဆုတောင်းသီချင်းကား ဤသို့တည်း။ Garrad Bible ပ ရော ဖက် ဟ ဗ က္ကုတ်၏ ကာ ရံ ထောင့်၊ ပ ဌ နာ ချက် ကို ဆို ဦး အံ့။ Judson Bible ပရောဖက်ဟဗက္ကုတ်၏ ပတ္ထနာစကားတည်းဟူသော ရှိဂျောနုတ်သီချင်း၊ |
ထာဝရဘုရားသည် သန့်ရှင်းရာဗိမာန်တော်၌ စံမြန်းတော်မူ၏။ မြေကြီးသားအပေါင်းတို့၊ ရှေ့တော်၌ ငြိမ်ဝပ်စွာနေကြလော့”ဟု တုံ့ပြန်မိန့်ဆိုတော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော့်အကြောင်းကိုကြားရ၍ အကျွန်ုပ်ကြောက်ပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်ပြုတော်မူသောအမှုများကို အကျွန်ုပ်တို့ခေတ်ကာလတွင် ထပ်မံပြုတော်မူပါ။ အကျွန်ုပ်တို့ခေတ်ကာလတွင် ထင်ရှားစေတော်မူပါ။ အမျက်ထွက်သော်လည်း ကရုဏာတော်ကို ပြန်လည်အောက်မေ့တော်မူပါ။