ခါနာန်၏ဖခင် ဟာမသည် မိမိဖခင်အဝတ်မပါအချည်းစည်းဖြစ်နေသည်ကိုမြင်၍ အပြင်မှာရှိသောအစ်ကိုနှစ်ယောက်တို့အား ပြောပြလေ၏။
ဟဗက္ကုတ် 2:15 - မြန်မာ့စံမီသမ္မာကျမ်း မိမိ၏အိမ်နီးချင်းတို့ အဝတ်အချည်းစည်းဖြစ်သည်ကို ကြည့်လို၍ သူတို့အား ဒေါသစပျစ်ဝိုင်ကို ယစ်မူးအောင် သောက်စေသောသူသည် အမင်္ဂလာရှိ၏။ Common Language Bible သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည်% အမျက်ထွက်သဖြင့် မိမိတို့အိမ်နီးချင်းတိုင်း% ပြည်များကိုရှုတ်ချ၍အသရေဖျက်ခဲ့၏။ % သူတို့အားသေသောက်ကြူးများသဖွယ်ယိမ်း% ထိုး၍နေစေခဲ့၏။-% Garrad Bible ပြည် နီး ချင်း တို့ အ ဝတ် အ ချည်း စည်း အ ဖြစ် ကို ရှု ကြည့် ရ အံ့ သော ငှာ၊ မူး ယစ် သည့် တိုင် အောင်၊ ကိုယ့် ဒေါ သ အ မျက် နှင့် ရော စပ် သည့်၊ ကိုယ့် အ ရည် ကို တိုက် သော သင် သည်၊ အ မင်္ဂ လာ ရှိ ၏။ Judson Bible မိမိအိမ်နီးချင်း၌ အဝတ်အချည်းစည်းရှိခြင်းကို မြင်လို၍၊ သူ့ကိုယစ်မူးစေခြင်းငှာ သေရည်သေရက်ကို လောင်း၍ သောက်စေသော သူသည် အမင်္ဂလာရှိ၏။ |
ခါနာန်၏ဖခင် ဟာမသည် မိမိဖခင်အဝတ်မပါအချည်းစည်းဖြစ်နေသည်ကိုမြင်၍ အပြင်မှာရှိသောအစ်ကိုနှစ်ယောက်တို့အား ပြောပြလေ၏။
နောက်မှ ဒါဝိဒ်မင်းကြီးသည် သူ့ကို စားသောက်ပွဲသို့ ဖိတ်ပြီး မူးအောင် သောက်စေ၏။ သို့သော် နေဝင်ချိန်တွင် သူသည် အိမ်သို့မပြန်ဘဲ သူ့သခင်၏အစေအပါးများနှင့်အတူ သွားအိပ်လေ၏။
အာရုန်ကြောင့် ထိုသူတို့သည် ရန်သူတို့ကဲ့ရဲ့စရာဖြစ်အောင် အထိန်းအကွပ်မရှိပြုမူကြ၏။ ထိုသို့အထိန်းအကွပ်မရှိပြုမူနေကြသောလူတို့ကို မောရှေတွေ့မြင်သောအခါ
ဤသူတို့သည် စပျစ်ဝိုင်ကြောင့် ယိမ်းထိုး၍ သေရည်သေရက်ကြောင့် ဒယီးဒယိုင်ဖြစ်ကြပြီ။ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များသည် သေရည်သေရက်ကြောင့် ယိမ်းထိုး၍ စပျစ်ဝိုင်ကြောင့်အာရုံထွေပြားကြပြီ။ သေရည်သေရက်ကြောင့် လမ်းလွဲ၍ စိတ်အာရုံကို လွဲမှားစွာမြင်ကြပြီ။ ဆုံးဖြတ်ချက်ချရာတွင်လည်း အလွဲလွဲအချော်ချော်ဖြစ်ကြပြီ။
စပျစ်ဝိုင်အလွန်အကြူးသောက်သူ၊ သေရည်သေရက်ရောစပ်ရာတွင်ကျွမ်းကျင်သူတို့သည် အမင်္ဂလာရှိကြ၏။
အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက “ငါ့လက်မှ ဤအမျက်တော်စပျစ်ဝိုင်ခွက်ကိုယူ၍ သင့်အား ငါစေလွှတ်သောအရပ်ရှိ လူမျိုးအားလုံးကို တိုက်လော့။
ဘေဘီလုံမြို့သည် ထာဝရဘုရား၏လက်တော်၌ကိုင်ထားသော ရွှေဖလားဖြစ်၏။ မြေတစ်ပြင်လုံးကို ယစ်မူးစေ၏။ လူမျိုးတကာတို့သည် ထိုဖလားမှစပျစ်ဝိုင်ကိုသောက်ကြသဖြင့် မူးရူးသောလူမျိုးများ ဖြစ်ကြလေပြီ။
ဘုရင်ပွဲခံသောနေ့မျိုးတွင် မှူးမတ်တို့သည် စပျစ်ဝိုင်သောက်၍ ယစ်မူးကြကုန်၏။ ဘုရင်သည်လည်း လှောင်ပြောင်ရယ်မောသောသူတို့နှင့်အတူ ပျော်ပါးနေ၏။
အကြောင်းမူကား ပင်လယ်သည် ရေများနှင့် ပြည့်လျှံနေသကဲ့သို့ ကမ္ဘာမြေကြီးသည်လည်း ထာဝရဘုရား၏ဘုန်းအသရေတော်အကြောင်းကို သိကျွမ်းခြင်းနှင့် ပြည့်လိမ့်မည်။
သင်သည် ဂုဏ်သရေအစား အရှက်ကွဲခြင်းနှင့် ကြုံရလိမ့်မည်။ ထာဝရဘုရား၏လက်ယာလက်တော်ရှိဖလားတော်သည် သင့်ထံသို့လှည့်လာပြီဖြစ်၍ ထိုဖလားတော်ကို သောက်ပြီး အရေဖျားမလှီးထားသောသင့်အရှက် ပေါ်လိမ့်မည်။ သင့်ဂုဏ်သရေသည် အရှက်ကွဲခြင်းနှင့် ဖုံးလွှမ်းသွားလိမ့်မည်။
ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့သည် သူနှင့်အတူတရားနှင့်မညီမေထုန်ပြုကြပြီး ကမ္ဘာမြေကြီးပေါ်၌နေထိုင်သောသူတို့သည်လည်း သူ၏တရားနှင့်မညီမေထုန်ပြုခြင်းစပျစ်ဝိုင်ဖြင့် ယစ်မူးကြ၏”ဟု မြွက်ဆိုပြီးလျှင်
ထိုမိန်းမသည် သန့်ရှင်းသူတို့၏သွေးနှင့် ယေရှု၏သက်သေများ၏သွေးတို့ဖြင့် ယစ်မူးနေသည်ကို ငါမြင်ရ၏။ ငါသည် သူ့ကိုမြင်ရသောအခါ အလွန်အံ့ဩမိ၏။
အကြောင်းမူကား လူမျိုးအပေါင်းတို့သည် သူ၏တရားနှင့်မညီမေထုန်ပြုခြင်းနှင့်ဆိုင်သည့် ပြင်းစွာသောဒေါသစပျစ်ဝိုင်ကိုသောက်ကြ၍ ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့သည် သူနှင့်အတူတရားနှင့်မညီမေထုန်ပြုကြကာ ကမ္ဘာမြေကြီး၏ကုန်သည်တို့သည်လည်း သူ၏လွန်ကျူးသောဇိမ်ခံခြင်းအရှိန်အဝါအားဖြင့် ချမ်းသာလာကြ၏”ဟု ဆို၏။